အောက်ပိုင်းတွေမသန်စွမ်းတော့ဘဲ လမ်းမလျှောက်နိုင်တော့သည့် အဖိုးအိုက ဖျားနေပြီးအိပ်ရာထဲလဲနေသည့်ဇနီးသည်လေးဆီသို့ အနားကပ်နိုင်အောင် ကြိုးစားပြီးအားပေးနှစ်သိမ့်နေခဲ့သည့် ရင်နှစ်ဖွယ်ရာအဖြစ်

နှစ်ပေါင်းများစွာအတူတကွနေထိုင်လာခဲ့သော မိမိ၏ဘဝလက်တွဲဖော်ကို လူတိုင်းကအလေးအနက်ထားချစ်ခင်ကြပါတယ်။လတ်တလောပျံနှံလာခဲ့သော အဖိုးနှင့်အဖွားတို့စုံတွဲလေး၏အဖြစ်အပျက်ဟာ လူတိုင်းကို မျက်ရည်ကျဝမ်းနည်းစေခဲ့ပါတယ်။

အဖိုးအိုဟာ အသက်အရွယ်ကြောင့်လမ်းမလျှောက်နိုင်တော့ဘဲ အနည်းငယ်လှုပ်ရှားတာနဲ့ နာကျင်မှုဒဏ်ကိုခံစားနေခဲ့ရပါတယ်။သို့သော်လည်း ဇနီးသည်အဖွားအိုက ဖျားနာပြီး အိပ်ရာထဲကမထနိုင်သည့်အခါတွင် အဖွားအိုအနားသို့ကပ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။

ထိုအခါအဖွားက ခြေထောက်နာမှာစိုးရိမ်လို့ ငြိမ်ငြိမ်နေရန်ပြောသော်လည်း အဖိုးကလက်မခံဘဲ အနားသို့ရောက်အောင်သွားပြီး ”ငါမင်းကိုအရမ်းချစ်တယ်ဆိုတာကို အမြဲမှတ်ထားပေးပါ”လို့ ပြောဆိုနေခဲ့တာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

Crd