အိုလံပစ်မှာလည်း စိတ်ဆိုးကန့်ကွက်နေရပြန်တဲ့ တရုတ်

News

ဂျပန်နိုင်ငံတိုကျိုမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲမှာ သတင်းဌာနတွေက တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်မှုကို စော်ကားခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စွတ်စွဲကန့်ကွက်ထားပါတယ်။

ဖွင့်ပွဲနေ့က နိုင်ငံအလိုက် အလံကိုင်ချီတက်ပွဲမှာ အမေရိကန်ရုပ်သံသတင်းဌာန NBC က တရုတ်နိုင်ငံချီတက်နေချိန်မှာ တရုတ်အစိုးရရဲ့ လူ့အခွင့်အရေချိုးဖေါက်မှုတွေကို ပြောသွားသလို တရုတ်နိုင်ငံမြေပုံမှာ တိုင်ဝမ်ကျွန်းကို ထဲ့သွင်းမထားပဲ ပြသသွားတယ်ဆိုပါတယ်။

အလားတူ ဂျပန် NHK ရုပ်သံသတင်းဌာနကလည်း တိုင်ဝမ်အသင်း အလံကိုင်ချီတက်ချိန်မှာ ”တရုတ်-တိုင်ပေ”လို့မသုံးပဲ တိုင်ဝမ်လို့ပဲ သုံးခဲ့ပါတယ်။ တိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်လို့ တရုတ်-တိုင်ပေ လို့ပဲ သုံးရမယ်လို့ တရုတ်ကပြောပါတယ်။

တရုတ်နိုင်ငံမြေပုံပြမယ်ဆိုရင်လည်း တိုင်ဝမ်ကျွန်းပါရမယ်လို့ အမေရိကန်ပြည်ထောင်စု နယူးရောက် တရုတ်သံရုံးတာဝန်ခံကပြောပါတယ်။

သတင်းဌာနတွေအနေနဲ့ အမှားပြင်ဆင်ချက်ပြန်လည်ထုတ်လွှင့်ဖို့လည်း တရုတ်နိုငိငံခြားရေးဝန်ကြီးဌာနနဲ့ တရုတ်ကွန်မြူနစ်ပါတီဝင်တွေက လူမှုကွန်ယက်တွေပေါ်မှာ တောင်းဆိုရေးသားနေကြတယ်လို့ နိုင်ငံတကာသတင်းအေဂျင်စီတွေမှာ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်က အမေရိကန်သယ်ယူပို့ဆောင်ရေးစစ်လေယာဉ် C-146A Wolfhound တိုင်ပေလေဆိပ်ကို မနေ့က ဆင်းသက်ရပ်နားတဲ့အပေါ် တရုတ်က စိတ်ဆိုးကန့်ကွက်ခဲ့ပါသေးတယ်။

ထိုင်ဝမ်ဟာ တရုတ်ပိုင်ဖြစ်လို့ တရုတ်မြေပေါ်ကို ကျူးကျော်တဲ့လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။

အမေရိကန်နဲ့ ထိုင်ဝမ်အာဏာရပါတီအနေနဲ့ မီး နဲ့မကစားဖို့လည်း တရုတ်စစ်တပ်ပြောခွင့်ရပုဂိုလ်က ပြောပါတယ်။

ထိုင်ဝမ်ကတော့ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ထားကာ အမေရိကန်နဲ့ အနောက်အုပ်စုတွေက ထောက်ခံပေးထားပြီး တရုတ်ကတော့ သူတို့ပိုင်နယ်မြေဖြစ်တယ်လို့ အငြင်းပွားနေခဲ့တာဖြစ်ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

Leave a Reply