အိမ်သာထဲမှာထိုင်ပြီး ဖုန်းကိုမိနစ် ၃၀ ကြာ အသုံးပြုပြီးနောက် လေဖြတ်ခြင်းခံလိုက်ရတဲ့ ၂၄ နှစ်အရွယ်အမျိုးသား

News

မကြာသေးမီက တရုတ်နိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ အိမ်သာထဲမှာ အချိန်ကြာမြင့်စွာထိုင်ပြီးနောက် လေဖြတ်သွားခဲ့ပါတယ် ။ ဒါဟာမဖြစ်နိုင်ဘူးလို့ထင်ရပေမယ့် Yahoo မှပြောကြားချက်အရ ဒီအသက် ၂၄ နှစ်သာရှိသေးတဲ့ကျန်းမာသန်စွမ်းတဲ့အမျိုးသားဟာ အရင်က ကျန်းမာရေးအခြေအနေ ဆိုးရွားစွာဖြစ်ထားတာတို့မရှိဘူးလို့ ဆိုပါတယ် ။ သူဟာ အိမ်သာသွားဖို့ အချိန်အတော်ကြာမယ်ဆိုတာ သိနေတာကြောင့် သူ့ရဲ့လက်ကိုင်ဖုန်းကိုပါ အိမ်သာထဲယူသွားခဲ့ပါတယ် ။

နာရီဝက်လောက်ကြာသွား‌ပေမဲ့ ထိုသူဟာ အိမ်သာထဲကနေ ထွက်မလာသေးတာကြောင့် သူ့မိသားစုဝင်တွေက ပုံမှန်မဟုတ်တော့မှန်း သတိပြုမိခဲ့ပါတယ် ။ ထိတ်လန့်တုန်လှုပ်စရာကောင်းလောက်အောင် သူ့မိသားစုဝင်က သူကြမ်းပြင်ပေါ်မှာလဲလျောင်းနေတာကို တွေ့ပြီး အလျင်အမြန်ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပါတယ် ။ ကံမကောင်းစွာပဲ အဲဒီအချိန်မှာ သူဟာလေဖြတ်သွားပါပြီ ။ ဘာကြောင့်လည်းဆိုတော့ သူဟာ အိမ်သာထဲမှာ အကြာကြီးထိုင်တာကနေ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ အိမ်သာထဲမှာ အောက်ဆီဂျင်မရှိခြင်းနဲ့ သွေးပေါင်ချိန်လျင်မြန်စွာကျဆင်းခြင်း တွဲဖက်ပြီး လေဖြတ်ခြင်းကို ဖြစ်စေခဲ့ပါတယ် ။

အထိုင်များတဲ့လူတွေဟာ ပုံမှန်လေ့ကျင့်ခန်းတွေမရှိရင် သူ့ရဲ့Paralysis ကိုအထောက်အကူဖြစ်စေပါတယ် ။ “ဒါဟာကြောက်စရာပါ! အိမ်သာသွားရင် စမတ်ဖုန်းထားခဲ့ပါ! ” လို့ netizen က ဆိုပါတယ် ။ ဒီအဖြစ်အပျက်ကို အမြဲတမ်းကျင့်သုံးခဲ့တဲ့ကြသူများစွာအတွက် တုန်လှုပ်ဖွယ်ကောင်းပါတယ်။ ဒါ့ကြောင့် အိမ်သာထဲရှိနေစဉ် သင့်ရဲ့ဖုန်းကို အသုံးမပြုဘဲ အပြင်မှာချန်ထားသင့်ကြောင့် မှာကြားချင်ပါတယ်။

JRose (KB Chimmy One)

Reference : gtgoodtimes

Leave a Reply