Shoon (Cele Daily)
Zawgyi
အိမ်မှာဘယ်သူမှမရှိတုန်း ဇနီးသည်၏ ပန်းရောင်ဂါဝန်ဝတ်စုံလေးကို ခိုးဝတ်ကာမှန်ကြည့်ရင်း သူ၏ရုပ်ပုံက်ို သဘောကျကျေနပ်နေခဲ့ပြီး ဂုဏ်ယူမဆုံးဖြစ်နေခဲ့သည့် အမျိုးသား
ယခုအမျိုးသား၏အဖြစ်ကတော့ အတော်လေးကိုရယ်စရာကောင်းလှတာဖြစ်ပါတယ်။နေအိမ်တွင် cctvတပ်ထားတာကို မေ့နေခဲ့ပုံရပြီး လုပ်ချင်တာလုပ်နေခဲ့တာကြောင့် အရှက်ကွဲသွားခဲ့ရတာဖြစ်ပါတယ်။
အမျိုးသားဟာ ကုမ္ပဏီကအပြန်တွင် နေအိမ်၌တစ်ယောက်မှမရှိတာကို အခွင့်ကောင်းယူပြီး ဇနီးသည်၏ ပန်းရောင်ဂါဝန်ဝမ်းဆက်လေးကို စမ်းဝတ်ကြည့်ခဲ့ပါတယ်။ထို့နောက် သူ၏ရုပ်ပုံကို မှန်ပြန်ကြည့်ရင်း မိမိကိုယ်ကိုသဘောကျကာ ကျေနပ်နေခဲ့တော့တာဖြစ်ပါတယ်။
ခင်ပွန်းသည်၏ လုပ်ချလိုက်ပုံကို ဇနီးသည်က cctvမှတ်တမ်းကို ပြန်ကြည့်ရာတွင်တွေ့လိုက်ရသဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှလာခဲ့တာဖြစ်ပါတယ်။အမျိုးသား၏လုပ်နေပုံကြောင့် လူအများက အမျိုးမျိုးမှတ်ချက်ပေးကာ စနောက်ခဲ့ကြပါတယ်။
Shoon (Cele Daily)
Crd