အိမ်တိုင်းမှာ နျူဗုံခိုကျင်းတွေရှိတဲ့နိုင်ငံ

News Social News

အိမ်တိုင်းမှာ နျူဗုံခိုကျင်းတွေရှိတဲ့နိုင်ငံ

အဲဒီနိုင်ငံမှာ အိမ်တိုင်းအတွက်၊ လူတိုင်းအတွက် နျူကလီးယားရန်က ကာကွယ်ဖို့ ဗုံးခိုကျင်းတွေရှိတဲ့ နိုင်ငံတစ်ခု ကမ္ဘာပေါ်မှာ တကယ်ရှိပါတယ်။

အဲဒီနိုင်ငံကတော့ ဆွစ်ဇာလန်နိုင်ငံ ဖြစ်ပါတယ်။ တကယ်တော့ ပိုတောင်နေပါသေးတယ်။ ရာခိုင်နှုန်းနဲ့တွက်ရင် ၁၁၄ ရာခိုင်နှုန်းပါ။

ဒီဘန်ကာတွေဟာ နျူကလီးယားစစ်ပွဲဖြစ်လို့ အရေးပေါ်ရင် အသုံးပြုဖို့ အဆင်သင့်ပါဘဲတဲ့။

ဒါပေမဲ့ ဆွစ်ဇာလန်ဟာ စစ်ဒါဏ် မခံခဲ့ရပါဘူး။ ၁၉၃၇ ခုနှစ်မှာတော့ စစ်ပွဲဖြစ်တော့မယောင် ခြိမ်းချောက်မှုအသံတွေ လေထဲမှာ ပြန့်ခဲ့ပါသေးတယ်။

ဗိုလ်ချုပ်ကြီး Henri Guidan က အမြော်အမြင် ကြီးပါတယ်။ သူက ကြီးမားတဲ့ စီမံကိန်းတစ်ခု လုပ်ခဲ့ပါတယ်။

အဲ့ပ် တောင်တန်းပေါ်မှာ ထုထည်ကြီးမားတဲ့ ခံတပ်တွေ ဆောက်ပါတယ်။ နိုင်ငံတော်ခံတပ်ကြီးတွေလို့ အမည်ရပါတယ်။

ခံတပ်အတွင်းမှာ ရှည်လျားတဲ့ ဆက်သွယ်ရေး တူးမြောင်းတွေ ဖေါက်ထားပါတယ်။ ဒီခံတပ်တွေကြောင့် ဆွစ်ဇာလန်ကို တိုက်ခိုက်ဖို့ မလွယ်ပါဘူး။

ဂျာမနီသာ ကျူးကျော်လာမယ်ဆိုရင် ဆွစ်တွေက သူတို့ကို ရပ်တန့်အောင်လုပ်မှာပါ။သူတို့မှာ ခံစစ်အတွက် အခိုင်အမာ လုပ်ထားပြီး ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်မှာတော့ ဒေါ်လာ ၁၀ ဘီလီယံနဲ့ ညီမျှတဲ့ ဘန်ကာတွေ ဆက်လက်တည်ဆောက်ခဲ့ပါတယ်။ စစ်အေးကာလမှာတော့ ဆွစ်ဇာလန်ဟာ အစီအစဉ် အသစ်တစ်ခု လုပ်ခဲ့ပါတယ်။

သူ့နိုင်ငံဟာ ကျူးကျော်ခံရနိုင်ဖို့ အခွင့်အလမ်း နဲပါးပါတယ်။ ဒါပေမဲ့ နျူစစ်ပွဲဖြစ်ခဲ့ရင်တော့ ပျက်ဆီးနိုင်ပါတယ်။

ဒါကြောင့် ၁၉၆၃ ခုနှစ်မှာ လူတိုင်း ဗုံးခိုစရာ ဘန်ကာရှိသင့်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတခါတော့ ဘန်ကာတွေဟာ စစ်သည်တွေအတွက်မဟုတ်တော့ပါဘူး။

ဆွစ်တွေဟာ ဘန်ကာတွေ အင်တိုက်အားတိုက် တည်ဆောက်ကြပါတော့တယ်။ လူတိုင်းအတွက် နေလို့ရအောင် တည်ဆောက်ကြတာပါ။

လူနေအိမ်တွေမှာ စုစုပေါင်း ၃ သိန်းကျော်ပါတယ်။ အများနဲ့ဆိုင်တဲ့နေရာတွေ ( ဆေးရုံ ၊ကျောင်း၊ဈေး စသည် ) မှာ ၅,၁၀၀ ကျော်ရှိပါတယ်။

ဒါတွေဟာ လူဦးရေ ၈.၃ သန်းအတွက် လုံလောက်ရုံမက ပိုတောင်ပိုပါသေးတယ်။ ဒါမျိုး ကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ မရှိပါဘူး။

ဘန်ကာတွေမှာ အားဖြည့်ကွန်ကရစ်နဲ့ စတီး တံခါးတွေ တပ်ထားပါတယ်။ လေဝင်ထွက်စနစ်နဲ့ ဓါတ်ငွေ့ စစ်ထုတ်နိုင်အောင် လုပ်ထားပါတယ်။ အထဲက စင်တွေအပေါ်မှာ ပစ္စည်းမျိုးစုံတင်ထားပါတယ်။

၂ ပါတ်စာ ရေ၊ ဆေးဝါးနဲ့အစားအသောက်တွေ ထည့်ထားပါတယ်။ ငလျင်ဒါဏ်ခံနိုင်လို့ ငလျင်လှုပ်ခဲ့ရင် ခိုနားလို့လည်း ရပါတယ်။ နှင်းခဲတွေ ပျော်ကျတာမျိုးဆိုလည်း ဒီထဲ ဝင်နေယုံပါဘဲ။

ခုထိတော့ ရည်မှန်းသလို မသုံးရသေးပါဘူး။ ၂၀၀၅ ခုနှစ်မှာ ကွန်ဂရက်က ၁၉၆၃ ခုနှစ် ဥပဒေကို ဖျက်ဖို့ စဉ်းစားလာကြပါတယ်။

တစ်ချို့ ဝန်ကြီးချုပ်တွေက ဒီ ဘန်ကာစီမံကိန်းဟာ အမွေအနှစ်တစ်ခုလို့ မမြင်ကြပါတယ်။ ဖက်ဒရယ်ကောင်စီကတော့ ပယ်ချခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြင်ဆင်ခဲ့တဲ့ ဥပဒေအရ ၃၈ ခုသာ ဘန်ကာအဖြစ် သုံးခွင့်ပြုပါတော့တယ်။

Unterirdisch Uberleben ဘန်ကာကြီး

ခုတော့ ဒီဘန်ကာတွေကို အမျိုးမျိုး သုံးနေကြပါပြီ။ တချို့က ဝိုင်အရက်စည် သိုလှောင်ခန်း တချို့က စကိတ်လို ပစ္စည်းအတိုအထွာတွေသိမ်းဆည်း ဖို့ သုံးကြပါတယ်။

တချို့လုံးချင်းအိမ်တွေမှာ ဘန်ကာ မပါတာတွေရှိပေမဲ့ အများသုံးဘန်ကာတွေ သုံးခွင့်ရှိပါတယ်။

ဆွစ်လူမျိုးတိုင်း အနီးဆုံး ဘန်ကာ ဘယ်မှာရှိတယ်ဆိုတာ မဖြစ်မနေ သိကြပါတယ်။

အကြီးဆုံး ဘန်ကာကတော့ Lucerne မှာရှိတဲ့ Unterirdisch Uberleben ဘန်ကာကြီးဘဲ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘန်ကာလဲဖြစ်တဲ့ ဒီအရာကြီးထဲမှာ မော်တော်ကားလမ်းကျယ် နှစ်ခုတောင် ရှိပါတယ်။ Sonnenberg တောင်အောက်မှာ တည်ရှိပါတယ်။ လူ ၂၀,၀၀၀ လောက် ခိုလှုံနိုင်ပါတယ်။

Unterirdisch Uberleben ဘန်ကာ

နောက်ဆုံးတင်ပြချင်တာကတော့ ဘန်ကာဟောင်း တစ်ခုဟာဆိုရင် ဒီနေ့ ၂၁ရာစုမှာ ခေတ်စားနေတဲ့ ဘစ်ကွိုင်ခေါ် cryptographic keys တွေကို သိုလှောင်ရာနေရာအဖြစ် ရှုမြင်ကြပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Crd