အိန္ဒိယကြည်းတပ်က ပြည်တွင်းထုတ် စုဖွဲ့ပျံသန်းနိုင်သည့် ဒရုန်းအစင်းရေ ၁၀၀ စင်းကို အရေးပေါ်ဝယ်ယူ

News

အိန္ဒိယကြည်းတပ်က ပြည်တွင်းထုတ် စုဖွဲ့ပျံသန်းနိုင်သည့် ဒရုန်းအစင်းရေ ၁၀၀ စင်းကို အရေးပေါ်ဝယ်ယူ

ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ မိမိတို့၏ စစ်တပ်၏ အဆင့်အတန်းကိုထိန်းသိမ်းရန်အတွက် အိန္ဒိယကြည်းတပ်အနေဖြင့် တစ်ကြိမ်ပျံသန်းလျှင် အစီးရေ ၅၀ ခန့် စုဖွဲ့ပျံသန်းနိုင်မည့် ဒရုန်းယူနစ် ၂ ခုစာအတွက် အရေးပေါ်ဝယ်ယူမှုပြုလုပ်မည်ဖြစ်သည်ဟုသိရှိရသည်။

အဆိုပါဒရုန်းအုပ်စုများအနေဖြင့် ၂၅ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို တိုက်ခိုက်ချေမှုန်းနိုင်မည်ဖြစ်သည်။
၎င်းဝယ်ယူမှုကို Bangalore အခြေစိုက် ကုမ္ပဏီကနေ ဝယ်ယူမှုပြုလုပ်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒရုန်းတွေရဲ့ အသုံးဝင်မှုနဲ့ စွမ်းဆောင်ရည်ကို ယခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်နေ့မှာ ပြသခဲ့တယ်လို့လည်းသိရှိရပါတယ်။ ကြည်းတပ်အနေနဲ့ ၎င်းဒရုန်းစနစ်တွေဟာ ရန်သူ့တင့်ကားနဲ့ကျည်ကာယာဉ်တွေကို အပေါ်ကို ကောင်းစွာတိုက်ခိုက်ချေမှုန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref-ANI
khekcaihmedia
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi





Ref-ANI
khekcaihmedia