အိန္ဒိယကောင်းကင်ယံက တြိဂံပုံ တောက်ပနေတဲ့ယာဉ်
အိန္ဒိယနိုင်ငံရဲ့ ကောင်းကင်ယံမှာ တြိဂံပုံရှိပြီး တောက်ပနေတဲ့ ယာဉ်ပျံတစ်စီးကို လူအများအပြားက တွေ့ရှိခဲ့ကြတဲ့အပြင် ရုပ်သံပါ ရိုက်ကူးနိုင်ခဲ့ပါတယ်။
“ဒါက ဘာနဲ့မှမတူဘူး။ နေရောင်လည်း မဟုတ်ဘူး။ UFO ဒါမှမဟုတ် ထူးခြားတဲ့အရာတစ်ခုပါပဲ။”လို့ ရုပ်သံဖိုင်မှာပါတဲ မျက်မြင်သက်သေတစ်ဦးရဲ့ စကားသံကို ကြားနေရပါတယ်။
Conspiracy သီအိုရီသမားတွေကတော့ နီဘီရူးဂြိုဟ် (Planet Nibiru) ဟာ ကမ္ဘာမြေကို တိုက်ဖို့ နီးနေလို့ ကောင်းကင်မှာ ပေါ်လာတာလို့ ပြောနေကြပါပြီ။
တချို့ကတော့ အာကာသထဲက ဂြိုဟ်သားတွေရဲ့ ယာဉ်ပျံတစ်စီးလို့ ဆိုကြပါတယ်။ တချို့ကတော့ ဒါဟာ တိမ်တိုက်တွေကို ဖောက်ထွင်းဝင်ရောက်လာတဲ့ နေရောင်ခြည်လို့ ဆိုပေမယ့် ကျွမ်းကျင်သူတွေက ငြင်းဆိုထားကြပါတယ်။
ရုပ်သံနဲ့ ဓါတ်ပုံကတော့ အနီ၊အဝါ၊လိမ္မော်ရောင်တွေ ဖြာထွက်နေတဲ့ တြိဂံပုံအရာဝတ္တုကို တွေ့မြင်ကြရပါတယ်။ ကောင်းကင်မှာ ရှင်းလင်းစွာပေါ်နေတဲ့ အရာဝတ္တုကို လူအများက စိတ်ဝင်တစားကြည့်ရှု့နေတာကို တွေ့ရပါတယ်။
၂၀၂၃ ခုနှစ်ဟာ တစ်ကမ္ဘာလုံးအတွက် ထူးဆန်းမှုတွေပြည့်နှက်နေတဲ့နှစ်လို့ ပြောရမလိုပါပဲ။ အချိန်ခရီးသွား (Time Traveller) ဆိုသူက ၂၀၂၃ ခုနှစ်၊ မတ်လမှာ ဂြိုဟ်သားတွေ ကမ္ဘာမြေကို ရောက်လာလိမ့်မယ်လို့ ဆိုထားတာလဲ ရှိပါတယ်။
ဖေဖော်ဝါရီလထဲမှာတော့ အားလုံးသိပြီးကြတဲ့အတိုင်း ယူအက်စ်ဟာ တရုပ်ရဲ့စပိုင်ဘောလုံးမပြင် အခြားအမျိုးအမည်မသိ အရာတွေကို ပစ်ချခဲ့ပါတယ်။
ကြေငြာချက်တစုံတရာ မထုတ်ပြန်သေးတာကလည်း သို့လော သို့လော တွေးစရာပါ။ ဒီကြားထဲ နာဆာ (NASA) ကလည်း ဂြိုဟ်သားယာဉ်ပျံတွေ ရာနဲ့ချီပြီး ကမ္ဘာကိုပျံသန်းလာနေတဲ့ပုံကို အာကာသစခန်းက ရိုက်ကူးနိုင်ခဲ့တာ ထုတ်ပြန်ခဲ့ပါသေးတယ်။
မတ်လထဲမှာပဲ တရုပ်ကလည်း ပင်လယ်ဝါကမ်းခြေက မြို့ပေါ်မှာ ဒါမျိုးတွေ့ရှိရလို့ ပစ်ချဖို့ လုပ်နေကြပါပြီ။
မလေးရှား၊ ယူကျု့ဘာတွေတင်ထားတဲ့ ဗီဒီယိုမှာလည်း ကြီးမားတဲ့ ပန်းကန်ပြားပျံပုံစံယာဉ်ကြီး ရှင်းရှင်းလင်းလင်း ရိုက်ကူးထားတာ တွေ့ရပြန်ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ ဘရာဇီး၊ မက္ကဆီကိုနဲ့ ကိုလံဘီယာတို့မှာလည်း ဒီလို အရာဝတ္တုတွေ ကောင်းကင်မှာ တွေ့ခဲ့ကြပါတယ်။
ထူးဆန်းမှုတွေကတော့ ဆက်တိုက်ဆိုသလို မြင်တွေ့နေကြရပါပြီ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်မျှော်နားစွင့်ဖို့သာရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
Knight News Team
Knight News © 2022
Crd