■ အားကစားပွဲအဖြစ်တောင်မှ ကျင်းပခဲ့ကြတဲ့ ဆိုးရွားတဲ့ဗိုက်ကင်းကစားနည်း

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ အားကစားပွဲအဖြစ်တောင်မှ ကျင်းပခဲ့ကြတဲ့ ဆိုးရွားတဲ့ဗိုက်ကင်းကစားနည်း

ယေဘုယျစည်းမျဥ်းအရ ဗိုက်ကင်းကစားနည်းဟာ တစ်စုံတစ်ယောက်က ဆိုးဆိုးရွားရွား အသက်ပေးရင်ပဲဖြစ်ဖြစ် တစ်ခြားတစ်ယောက်ကို အသက်ပျောက်စေတာပဲဖြစ်ဖြစ် အဲ့လိုအချိန်တွေမှာတော့ ပျော်ဖို့အကောင်းဆုံးပါ။ ဒါဟာ သူတို့ရဲ့ အားကစားပွဲအဖြစ်တောင်မှ ကျင်းပခဲ့ကြပါတယ်။

ဒါကိုတော့ အရေခွံဆွဲခွာတဲ့ ဗိုက်ကင်းကစားနည်းလို့ခေါ်ပါတယ်။ ဒီကစားပွဲမှာ ကောင်းတဲ့အချက်ကိုပြောရမယ်ဆိုရင်တော့ သူတို့ဟာ လူအချင်းချင်းရဲ့ အရေခွံကို တကယ်ဆွဲခွာတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီကစားနည်းရဲ့ တစ်ခြားအပိုင်းတွေကတော့ ရက်စက်ကြမ်းကြုတ်စရာချည်းပါပဲ။ အဓိကအားဖြင့် ဒီကစားနည်းဟာ လွန်ဆွဲပွဲပါပဲ။

အဖွဲ့နှစ်ဖွဲ့ဟာတိရစ္ဆာန်အရေကပြုလုပ်ထားတဲ့ကြိုးကို အလယ်မှာချည်ထားပြီး ထိုအထုံးကို ကိုယ်ဘက်ကိုယ်ရောက်အောင် ဆွဲရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်လို့ လွန်ဆွဲတာကို ရေထဲ သို့မဟုတ် သဲထဲမှာ ဆော့နေရင်တောင်မှ ဗိုက်ကင်းကစားနည်းဟာ မီးတောက်ထဲမှာ ဆော့ရတဲ့ကစားနည်းမျိုးပါ။

တကယ်လို့ သင်က ဗိုက်ကင်းကစားပွဲကို ရှုံးနိမ့်သွားမယ်ဆိုရင်တော့ အရှင် အကင်ခံရမှာဖြစ်ပါတယ်။ ဆုကြေးတွေကလည်း တကယ်ကို ကြောက်စရာကောင်းပါတယ်။ နိုင်တဲ့ဗိုက်ကင်းအဖွဲ့က ရှုံးတဲ့အဖွဲ့ကို ယူလို့ရသလို။

လုယူရတဲ့ပစ္စည်းတွေမှာ မိန်းမတွေတောင်ပါတတ်ပြီး သူတို့ကို ကျေးကျွန်ပြုတာတွေ စကားမပြောနိုင်အောင်လုပ်တာတွေပါ ပါပါတယ်။ တကယ်လို့ ပရိသတ်ကြီးက ချစ်ကြည်ရေး လွန်ဆွဲပွဲမှာရှုံးနိမ့်ပြီး နိုင်တဲ့အသင်းကို ဘီယာလိုက်တိုက်ရရင်တော့
ကံကောင်းတယ်လို့ပဲမှတ်လိုက်ပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext