■အာလူးပူကစားနည်းနှင့်ဆင်တူသည့် တရုတ်မှလက်ပစ်ဗုံးအစစ်ကစားနည်း

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အာလူးပူကစားနည်းနှင့်ဆင်တူသည့် တရုတ်မှလက်ပစ်ဗုံးအစစ်ကစားနည်း

၂၀၁၂ ခုနှစ်မှာ တရုတ်စစ်တပ်ဟာ အံ့အားသင့်စရာကောင်းတဲ့ စစ်ရေးလေ့ကျင့်ခန်းတွေကိုပြုလုပ်နေတဲ့ ဗီဒီယိုဟာ ပရိသတ်စိတ်ကူးလို့ရနိုင်လောက်ပါတယ်။
ပြည်နယ်ရဲ့ စီစီတီဗီကနေ ရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာတော့ စစ်သားတစ်စုဟာ လက်ပစ်ဗုံးအစစ်နဲ့အတူ လေ့ကျင့်နေတာဟာ ပြန့်နှံ့ခဲ့တာပါ။
ပရိသတ်ကတော့ ဒီလေ့ကျင့်ခန်းကို မြင်ဖူးကောင်းမြင်ဖူးပါလိမ့်မယ်။

အဲ့တာဟာ အာလူးပူ ကစားနည်းနှင့် ဆင်တူပါတယ်။ ပါဝင်ကစားတဲ့သူတွေဟာ အာလူး ဒါမှမဟုတ် အခြားအရာပစ္စည်းတစ်ခုခုကို သီချင်းမရပ်မချင်းကို အချင်းချင်း လက်ဆင့်ကမ်းပေးရတာဖြစ်ပါတယ်။

သီချင်းရပ်သွားရင်တော့ အဲ့ဒီအရာကို ကိုင်ထားတဲ့သူက ကစားပွဲကနေ ထုတ်ပယ်ခံရမှာပါ။
ဒီစစ်ရေးလေ့ကျင့်ခန်းဟာလည်း အဲ့လိုပုံစံမျိုးပါပဲ။ ဒါပေမယ့် လက်ဗစ်ဗုံးကိုင်မိသွားတဲ့ ကံဆိုးတဲ့ စစ်သားကတော့ ကစားပွဲကနေ တကယ်ကို အပြီးသတ် ထုတ်ပယ်ခံရမယ့် စွန့်စားမှုကို ရင်းနှီးထားရတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

ကျေးဇူးတင်ရမှာကတော့ လက်ပစ်ဗုံးကိုင်မိတဲ့စစ်သားဟာ မပေါက်ကွဲခင်မှာပဲ ကျင်းပေါက်ကြီးထဲကို လက်ဗစ်ဗုံးကို ပစ်ထည့်ရမှာပါ။
ပရိသတ်ကြီးကတော့ ဒါဟာ စစ်သားတစ်ယောက်ရဲ့ စိတ်ဖိစိမှု ခံနိုင်စွမ်းကို စမ်းသပ်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်တယ်လို့ တွေးထင်နိုင်ပါတယ်။

ဗီဒီယိုထဲမှာတော့ ဘယ်သူမှ ဒဏ်ရာမရရှိခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ အကြိမ်ပေါင်းများစွာပြုလုပ်ရတဲ့ လေ့ကျင့်ခန်းဖြစ်တာနှင့်အမျှ တစ်ယောက်ယောက်ကတော့ ဒဏ်ရာရနိုင်သလို။ ဒါမှမဟုတ် ပိုပြီးလည်း ဆိုးနိုင်တာကတော့ အချိန်နှင့်အမျှ မလွဲဧကန်ပါပဲ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext