
အာဏာသိမ်းမှာကြောက်လို့ သမ္မတ ဗလာဒီမာပူတင် အခုနှစ်မှာအနားယူမယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်ပြောကြား
အာဏာသိမ်းမှုမှာ အသတ်ခံရမှာထက် သမ္မတဗလာဒီမာပူတင်က မကြာခင်မှာ အနားယူဖွယ်ရှိ တယ်လို့ ရုရှားသမ္မတ မဟာမိတ်ဟောင်းတစ်ဦးဖြစ်သူက ဆိုပါတယ်။

ပူတင်နဲ့ နီးစပ်တဲ့သတင်းရင်း မြစ်က ဆိုရာ မှာ သမ္မတပူတင်ဟာ စွန့်စားတဲ့ကျရှုံးခြင်းအစား သူ့နေရာဆက်ခံမယ့်သူရဲ့ အမည်စာ ရင်းကို တင်သွင်း မယ်လို့ ဗြိတိန်သတင်းစာက ဇန်နဝါရီလ ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ သမ္မတ ပူတင်ရဲ့ ရုရှားစစ်တပ်က စစ်ရေးအရ အကြိမ်ကြိမ်ရှုံးနိမ့်မှုတွေ ကြုံလာ ရပြီး ပူတင်ရဲ့ ရေပန်းစားမှုတွေ ကျဆင်းသွားတယ်လို့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် အခုလို ပြောဆိုမှု တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ပူတင်ရဲ့ မဟာမိတ်ရဲ့ အဆိုအရ သမ္မတ ပူတင်ဟာ အရင်နာမည် ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ခေါင်း ဆောင် အာဏာရှင် ကဒါဖီနဲ့တခြားခေါင်းဆောင် တွေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လိုမျိုး အာဏာ သိမ်းခံရမယ့်အစားရာထူးကနေ အနားယူလိမ့်မယ်လို့ သိရပါတယ်။

ဒါ့အပြင် သမ္မတ ပူတင်က အာဏာစွန့်ဖို့နဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းကြိုးပမ်း မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွက် စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာလည်း ပါဝင်မှာ မဟုတ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ရုရှားလက်အောက်ခံတွေက မြို့တော် ဝန် ဆာဂေး ဆိုဘီယာနင်၊ ဝန်ကြီးချုပ် မီခေးလ် မစ်ရှူစတင် ဒါမှ မဟုတ် ပူတင်ရဲ့ လက်ထောက် စစ်ဦးစီးချုပ် ဒီမစ်ထရီ ကူဇက်တို့လို သမ္မတပူတင်ရဲ့ သစ္စာခံ တွေအနက် တစ်ဦးကို အမည်စာရင်း တင်သွင်းဖွယ်ရှိကြောင်း ဆိုပါတယ်။
crd

Unicode





crd

Crd