အာကာသထဲမှာ (၂၇)နှစ်ကြာပျောက်ဆုံးပြီးမှ ကမ္ဘာကိုပြန်ရောက်လာတဲ့ အာကာသယာဉ်မှူး
၂၀၀၁ ခုနှစ်မှာ ကောလဟာလတစ်ခုဟာ ပျံ့နှံ့ထွက်ပေါ်လာပါတယ်။ အာကာသထဲမှာ သေဆုံးသွားပြီလို့ ယူဆရတဲ့ ယာဉ်မှူး ဂျွန်စမစ် (John Smith) ဟာ လူမြင်ကွင်းမှာ ပြန်လည်ရောက်ရှိလာတယ်လို့ ဆိုပါတယ်။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီဇာတ်လမ်းကို လေ့လာကြည့်ရအောင်နော်။
၁၉၇၃ ခုနှစ်၊ အောက်တိုဘာလမှာ ဖြစ်ပါတယ်။ ယာဉ်မှူးစမစ်ကို ပင်တဂွန်ရဲ့ ညွှန်ကြားချက်အရ အာကာသကို မစ်ရှင်တစ်ခုနေနဲ့ စေလွှတ်ခဲ့ပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းကို လေ့လာစူးစမ်းဖို့လို့ ဆိုပါတယ်။
ခရီးစဉ်ရဲ့ ပထမ(၃)ရက်ကတော့ စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ပါပဲ။ နောက်ပိုင်းမှာတော့ ယာဉ်ရဲ့ဦးတည်ကာလမ်းကြောင်း မှားယွင်းသွားပါတယ်။ ဒါကြောင့်ယာဉ်ဟာ ရေဒီယိုသတ္တိကြွခါးပါတ်ကွင်းတစ်ခုထဲကို မျောပါရောက်ရှိသွားပါတယ်။
ဒီ ခါးပါတ်ကွင်းထဲကိုရောက်သွားရင် လူ့ခန္ဓာကိုယ်ဇီဝသဘောတရားနဲ့ အီလက်ထရောနစ်စနစ်တွေကို ပြောင်းပြန်သက်ရောက်မှုဖြစ်စေတယ်လို့ ဆိုပါတယ်။
နာဆာ (NASA) ဟာ အာကာသယာဉ်နဲ့ ယာဉ်မှူးကို ကယ်တင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ခုမှ မအောင်မြင်တဲ့အပြင် ရေဒီယိုအဆက်အသွယ်ပါ ပြတ်တောက်သွားခဲ့ပါတယ်။ နာဆာနဲ့ အဖွဲ့သားအားလုံးဟာ တုန်လှုပ်ခြောက်ခြားသွားပါတယ်။
ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်က ဒီကိစ္စကို မဖြစ်ခဲ့ဘူးလို့ သဘောထားပြီး မေ့ပစ်လိုက်ကြဖို့ အမိန့်ပေးခဲ့ပါတယ်တဲ့။
ပစ်လွှတ်မှုဟာ မအောင်မမြင်ဖြစ်ခဲ့ပြီး အာကာသယာဉ်မှူးဟာလည်း မတော်တဆမှုအတွင်း ဆုံးပါးသွားခဲ့တယ်လို့ ဖြေရှင်းချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ အရာအားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဟုတ်ခဲ့ပါဘူး။
၂၀၀၀ ခုနှစ်အကုန်လောက်မှာ ဖီဂျီကျွန်းပေါ်က နက္ခတ်ပညာရှင်တစ်ယောက်ဟာ ကမ္ဘာ့ပါတ်လမ်းထဲမှာ ထူးဆန်းတဲ့အရာတစ်ခု လှည့်ပါတ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီအရာဟာ ကမ္ဘာမြေပြင်အထက် အမြင့် ၄၇၀ ကီလိုမီတာကနေ လှည့်ပါတ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ နာဆာကို ဆက်သွယ်ခဲ့ပါတယ်။ နာဆာကလည်း သူ့ဆီကို ရေဒီယိုတယ်လီစကုပ်တစ်စုံကို ချက်ခြင်း ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီအရာဝတ္ထုကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ဒါဟာ ပျောက်ဆုံးသွားတဲ့ ဂျွန်စမစ်နဲ့ သူ့ရဲ့ယာဉ်ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ယာဉ်ရဲ့ပုံပန်းသဏ္ဍာန် အမှတ်အသားတွေအားလုံး တူညီနေတာ တွေ့ရပါတယ်။
ယာဉ်ဟာ တဖြည်းဖြည်းချင်း နိမ့်ဆင်းလာနေပြီး ယာဉ်ဆီက ဘာအချက်ပြတောင်းဆိုတာမျိုးမှ မတွေ့ရပါဘူး။ ဒါကြောင့် စိတ်ချရတဲ့ အမြင့်ကိုရောက်ရင် ယာဉ်ကို ကမ္ဘာ့ပါတ်လမ်းထဲက ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ကြပါတယ်။
၂၀၀၁ ခုနှစ်မှာတော့ သူဟာ ကမ္ဘာကိုပြန်ရောက်ဖို့ ရှိနေပါတယ်။ ဒီလိုနဲ့ ယာဉ်ဟာ ကမ္ဘာပေါ်ကို ချောမောစွာ ပြန်လည်ယူဆောင်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ယာဉ်ကို ဖွင့်လိုက်တဲ့အခါမှာတော့ အားလုံးအံ့ဩသွားကြရပါတယ်။ အထဲမှာ ဂျွန်စမစ် ရှိနေခဲ့ပါတယ်။
အမှန်ပါပဲ။ သူဟာ အေးခဲနေတဲ့ အပူချိန်ကြောင့် အာကာသထဲမှာ မေ့မျောသလို ဖြစ်နေခဲ့ပါတယ်။ ပုံမှန်အပူချိန်ပြန်ဖြစ်လာတော့မှ စမစ်ဟာ ပြန်လည်ရှင်သန်လာတာ ဖြစ်ပါတယ်။
ဆရာဝန်တွေဟာ သူ့ကို Cryogenic ဆေးဝါးတွေသုံးပြီး ဂရုစိုက် ကုသပေးခဲ့ကြပါတယ်။ အချိန်တစ်ခုကြာပြီးနောက် ဂျွန်စမစ်ဟာ ပြန်လည်နလန်ထူလာပါတယ်။ ဒါပေမဲ့ သူဟာ ဂျွန်စမစ်မဟုတ်တော့ဘဲ ဂျွန်စမစ်ရဲ့ ပုံတူ ကိုယ်ပွားလို ဖြစ်နေပါတယ်။
ဆရာဝန်တွေဟာ ဂျွန်စမစ်ရဲ့ ဆေးကုသမှုမှတ်တမ်းတွေကိုကြည့်ပြီး သံသယဝင်ခဲ့ကြပါတယ်။ ဥပမာပြောရရင် ဂျွန်စမစ်ဟာ ငယ်စဉ်က နံရိုးဒါဏ်ရာရခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြန်ရောက်လာတဲ့ ဂျွန်စမစ်မှာတော့ ဘာဒါဏ်ရာမှ မတွေ့ရပါဘူး။
သူ့ရဲ့ အဖော်ဖြစ်သူကလည်း ဂျွန်စမစ်ဟာ သင်္ချာမှာ ညံ့ခဲ့တယ်လို့ပြေပေမဲ့ အခု ဂျွန်စမစ်ကတော့ ခက်ခဲတဲ့ သင်္ချာပုဒ်စာကို လွယ်လွယ်ကူကူ တွက်ချက်ပြနိုင်ပါတယ်။
တခြား ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေလည်း မတူညီတာတွေ တွေ့ကြရပါတယ်။ ဂျွန်စမစ်အသစ်ရဲ့ ခန္ဓာကိုယ်မှာ နှလုံးဟာ ဘယ်ဖက်ကနေ ညာဖက်ရောက်သွားတာ တွေ့ကြရပါတယ်။
သူနဲ့အတူတွေ့ရတဲ့ မှတ်စုစာအုပ်ကလည်း စာရွက် ၁၀၀ ပါတဲ့အထဲမှာ ၅၀ လောက်ဟာ ကမ္ဘာမှာမရှိတဲ့ အက္ခရာတွေ ရေးထားတာ တွေ့ကြရပါတယ်။
ဒါကြောင့် ပညာရှင်တွေက သတိပေးလာကြပါတယ်။ ပြန်ရောက်လာသူ ဂျွန်စမစ်ဟာ လူသားမဟာတ်တော့ပဲ လူသားနဲ့တူအောင် ဖန်တီးထားတဲ့သက်ရှိတစ်ဦးသာဖြစ်မယ်လို့ ဆိုပါတယ်။
ဒီနောက်မှာတော့ ထူးဆန်းတာတွေ ဖြစ်ပျက်လာပါတော့တယ်။ အဲဒါကတော့ ရက်အနည်းငယ်အကြာမှာ ဂျွန်စမစ် ပျောက်ဆုံးသွားပါတယ်။
အချက်အလက်တွေကို စူးစမ်းချက်အရတော့ ဂျွန်စမစ်ဟာ အာကာသထဲကို ပြန်သွားပြီလို့ တစ်ချို့က ဆိုပါတယ်။ ယူနိုက်တက်စတိတ်ကတော့ သူ့ရဲ့ အချက်အလက်အားလုံးကို သိမ်းဆည်းသွားပါပြီ။ ယာဉ်မှူးဟာလည်း ပြန်လည်ပုန်းအောင်းသွားပါပြီ။
ဒါပေမဲ့ ဒီ ဖြစ်စဉ်ဟာ အမှန်တကယ် ဖြစ်ခဲ့တာဖြစ်ပြီး သက်သေအများအပြားကလည်း အခုထိ ရှိနေကြပါသေးတယ်။
စာရှု့သူရော ဒီဖြစ်စဉ်ကို ဘယ်လိုထင်မြင်ပါသလဲ။ မန့်ခဲ့ပါအုံးနော်။
Knight News Team
Knight News © 2023
Crd