■အာကာသထဲမှာ နှံ့နှံ့စပ်စပ်လေ့လာမဲ့ နာဆာရဲ့ အာကာသယာဉ် အတ်ရိုင်ယန် MCV

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အာကာသထဲမှာ နှံ့နှံ့စပ်စပ်လေ့လာမဲ့ နာဆာရဲ့ အာကာသယာဉ် အတ်ရိုင်ယန် MCV

စပေ့ လန့်ခ်ျ စစ်စတမ် ဘလော့ ဝမ်း ရော့ကတ်တွေဟာ အာတီမစ်မစ်ရှင်ရဲ့ ပထမအဆင့်အနည်းငယ်ကို လုပ်ဆောင်ပါလိမ့်မယ်။ အဲ့ဒီနောက်မှာတော့ ဘလော့ ဝမ်းဘီ အဖြစ် အဆင့်မြှင့်ပြီး နောက်ဆုံးမှာတော့ ဘလော့ တူးဟာ အတ်ရိုင်ယန် အာကာသယာဉ်ကို လကမ္ဘာဆီ တိုက်ရိုက်ပို့ဆောင်ပေးမှာပါ။

အတ်ရိုင်ယန် မာတီပါပို့စ် ခရူး ဗက်ဟီကယ် MCV ဟာ အာကာသထဲမှာ နှံ့နှံ့စပ်စပ်လေ့လာမဲ့ နာဆာရဲ့ အာကာသယာဉ် ဖြစ်ပါတယ်ရှင်။အာတီမစ်ပရိုဂရမ်အတွက် ဒါဟာ လကမ္ဘာဆီ အမှုထမ်းတွေကို ပို့ဆောင်ပေးမဲ့ အဓိကယာဉ်ဖြစ်ပြီး မာ့စ် ဂြိုဟ်မှာ ပြုလုပ်မဲ့ မစ်ရှင်တွေအတွက် အသုံးပြုဖို့လည်းမျှော်မှန်းထားတာပါ။

လော့ဟိမာတင် ကော််ပိုရေးရှင်းကတည်ဆောက်ထားတဲ့ အတ်ရိုင်ယန် MCV မှာ အမှုထမ်းတွေအတွက်အာကာသယာဉ်ခန်း ၊ဆားဗစ်မော်ဂျူး နဲ့ လန့်ခ်ျ အဘော့ စစ်စတမ်တွေ ပါဝင်ပါတယ်။ကွပ်ကဲထိန်းသိမ်းရေးအာကာသယာဉ်မှူးခန်း‌မှာ အာကာသယာဉ်မှူးခြောက်ယောက်အများဆုံးသယ်ဆောင်နိုင်ပေမဲ့ ပုံမှန်မစ်ရှင်တွေမှာ လေးယောက်ပဲ သယ်ဆောင်မှာပါ။

ဒါဟာ ကမ္ဘာမြေ‌ပေါ် ပြန်လာမဲ့ အတ်ရိုင်ယန် mcv ရဲ့ တစ်ခုတည်းသောအစိတ်အပိုင်းဖြစ်ပါတယ်။

၎င်းနဲ့ ဆက်လျက်ကတော့ အဲဘတ်စ် ဒီဖန့်စ် အန် စပေ့မှ ဒီဇိုင်းထုတ်ထားတဲ့ ယူရိုပီယမ် ဆားဗစ် မော်ဂျူး ဖြစ်ပြီး မစ်ရှင်တစ်ခုအဆုံးသတ်မှာ မစွန့်ပစ်ခင်အထိ အာကာယာဉ်အတွက် အဓိကစွမ်းအင်‌ပေးကာ မောင်းနှင်မှုပြုလုပ်ပေးမဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်ရှင်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အာကာသထဲမွာ ႏွံ့ႏွံ့စပ္စပ္ေလ့လာမဲ့ နာဆာရဲ့ အာကာသယာဥ္ အတ္ရိုင္ယန္ MCV

စေပ့ လန႔္ခ္် စစ္စတမ္ ဘေလာ့ ဝမ္း ေရာ့ကတ္ေတြဟာ အာတီမစ္မစ္ရွင္ရဲ့ ပထမအဆင့္အနည္းငယ္ကို လုပ္ေဆာင္ပါလိမ့္မယ္။ အဲ့ဒီေနာက္မွာေတာ့ ဘေလာ့ ဝမ္းဘီ အျဖစ္ အဆင့္ျမႇင့္ၿပီး ေနာက္ဆုံးမွာေတာ့ ဘေလာ့ တူးဟာ အတ္ရိုင္ယန္ အာကာသယာဥ္ကို လကမၻာဆီ တိုက္ရိုက္ပို႔ေဆာင္ေပးမွာပါ။

အတ္ရိုင္ယန္ မာတီပါပို႔စ္ ခ႐ူး ဗက္ဟီကယ္ MCV ဟာ အာကာသထဲမွာ ႏွံ့ႏွံ့စပ္စပ္ေလ့လာမဲ့ နာဆာရဲ့ အာကာသယာဥ္ ျဖစ္ပါတယ္ရွင္။အာတီမစ္ပရိုဂရမ္အတြက္ ဒါဟာ လကမၻာဆီ အမႈထမ္းေတြကို ပို႔ေဆာင္ေပးမဲ့ အဓိကယာဥ္ျဖစ္ၿပီး မာ့စ္ ၿဂိဳဟ္မွာ ျပဳလုပ္မဲ့ မစ္ရွင္ေတြအတြက္ အသုံးျပဳဖို႔လည္းေမၽွာ္မွန္းထားတာပါ။

ေလာ့ဟိမာတင္ ေကာ္္ပိုေရးရွင္းကတည္ေဆာက္ထားတဲ့ အတ္ရိုင္ယန္ MCV မွာ အမႈထမ္းေတြအတြက္အာကာသယာဥ္ခန္း ၊ဆားဗစ္ေမာ္ဂ်ဴး နဲ႔ လန႔္ခ္် အေဘာ့ စစ္စတမ္ေတြ ပါဝင္ပါတယ္။ကြပ္ကဲထိန္းသိမ္းေရးအာကာသယာဥ္မႉးခန္း‌မွာ အာကာသယာဥ္မႉးေျခာက္ေယာက္အမ်ားဆုံးသယ္ေဆာင္နိုင္ေပမဲ့ ပုံမွန္မစ္ရွင္ေတြမွာ ေလးေယာက္ပဲ သယ္ေဆာင္မွာပါ။

ဒါဟာ ကမၻာေျမ‌ေပၚ ျပန္လာမဲ့ အတ္ရိုင္ယန္ mcv ရဲ့ တစ္ခုတည္းေသာအစိတ္အပိုင္းျဖစ္ပါတယ္။

၎နဲ႔ ဆက္လ်က္ကေတာ့ အဲဘတ္စ္ ဒီဖန႔္စ္ အန္ စေပ့မွ ဒီဇိုင္းထုတ္ထားတဲ့ ယူရိုပီယမ္ ဆားဗစ္ ေမာ္ဂ်ဴး ျဖစ္ၿပီး မစ္ရွင္တစ္ခုအဆုံးသတ္မွာ မစြန႔္ပစ္ခင္အထိ အာကာယာဥ္အတြက္ အဓိကစြမ္းအင္‌ေပးကာ ေမာင္းႏွင္မႈျပဳလုပ္ေပးမဲ့ အစိတ္အပိုင္း ျဖစ္ပါတယ္ရွင္။
Ref:youtube
Trans:thegeektext