■အာကာသထဲကကြည့်ရင်တောင်မြင်ရတဲ့ အစိမ်းရောင်နှင်းများ

Article Food World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အာကာသထဲကကြည့်ရင်တောင်မြင်ရတဲ့ အစိမ်းရောင်နှင်းများ

ကလေးတစ်ယောက်အနေနဲ့ဆိုရင် ငယ်ငယ်ကတည်းက သိသာထင်ရှားတဲ့အရာတွေသင်ခဲ့ရပါတယ်။ ဥပမာ အပြာရောင်ကောင်းကင်၊ အစိမ်းရောင်မြက်ခင်းပြင်နှင့် အဖြူရောင်နှင်းတို့လိုမျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ပေါင်းများစွာကြာအောင် လေ့လာတဲ့အခါမှာတော့ နှင်းတွေဟာ အဖြူရောင်ပဲမဟုတ်ပါဘူး။

ဒီလိုရှားပါးတဲ့ ဖြစ်ရပ်ကိုလေ့လာဖို့အတွက် အဝေးကြီးမှာရှိပြီးအေးခဲနေတဲ့ အန္တာတိကတိုက်ကို သွားရပါတယ်။အစိမ်းရောင်နှင်းတွေကိုတော့ ကိမ်းဘရစ်ချ်တက္ကသိုလ်နှင့် ဗြိတိန် အန္တာတိက စစ်တမ်းအဖွဲ့မှ အထူးပြုတွေက သွားရောက်လေ့လာခဲ့ပြီးသူတို့အတွက်ကတော့ ဒါဟာ ထူးဆန်းစရာမရှိပါဘူး။ဒီအတွက် ရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုရှိပါတယ်။

အစိမ်းရောင်ကတော့ နှင်းရဲ့အပေါ်မှာနေထိုင်တဲ့ရေညှိတွေကြောင့်ဖြစ်ပြီး တစ်ပင်ချင်းစီကို အဏုမြူမှန်ပြောင်းဖြင့်ကြည့်မှသာမြင်ရတာပါ။ဒါပေမယ့်လည်း မျက်နှာပြင်ပေါ်မှာ များစွာရှိနေပြီး ရလဒ်အနေနဲ့ အစိမ်းရောင်ကိုမြင်တွေ့ရတာပါ။

ဘယ်လောက်တောင်များလဲဆိုရင် အစိမ်းရောင်အကွက်တွေကို အာကာသထဲက ကြည့်ရင်တောင် မြင်ရပါတယ်။ သူတို့ကို အန္တာတိက ပန်နီဆူလာဒေသရဲ့အနောက်ဘက်ကမ်းရိုးတန်းဘက်ခြမ်းမှာ အတွေ့များပါတယ်။

ရေညှိတွေက နွေရာသီမှာ သုညဒီဂရီထက်ပိုများတဲ့ပိုနွေးတဲ့ဒေသတွေကို သဘောကျကြပါတယ်။ ကမ္ဘာကြီးရဲ့ပျမ်းမျှအပူချိန် တက်လာလေလေ နှင်းတွေက ပိုပြီးစိမ်းလာလေလေပါပဲ။ သေချာတာကတော့ ဒီအဖြစ်အပျက်မျိုးဟာ မကြာခင်မှာ အံ့သြစွာဖြင့်ပျောက်ကွယ်သွားမှာပါ။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အာကာသထဲကၾကည့္ရင္ေတာင္ျမင္ရတဲ့ အစိမ္းေရာင္ႏွင္းမ်ား

ကေလးတစ္ေယာက္အေနနဲ႔ဆိုရင္ ငယ္ငယ္ကတည္းက သိသာထင္ရွားတဲ့အရာေတြသင္ခဲ့ရပါတယ္။ ဥပမာ အျပာေရာင္ေကာင္းကင္၊ အစိမ္းေရာင္ျမက္ခင္းျပင္ႏွင့္ အျဖဴေရာင္ႏွင္းတို႔လိုမ်ိဳးပဲျဖစ္ပါတယ္။ ဒါေပမယ့္လည္း ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေလ့လာတဲ့အခါမွာေတာ့ ႏွင္းေတြဟာ အျဖဴေရာင္ပဲမဟုတ္ပါဘူး။

ဒီလိုရွားပါးတဲ့ ျဖစ္ရပ္ကိုေလ့လာဖို႔အတြက္ အေဝးႀကီးမွာရွိၿပီးေအးခဲေနတဲ့ အႏၲာတိကတိုက္ကို သြားရပါတယ္။အစိမ္းေရာင္ႏွင္းေတြကိုေတာ့ ကိမ္းဘရစ္ခ်္တကၠသိုလ္ႏွင့္ ၿဗိတိန္ အႏၲာတိက စစ္တမ္းအဖြဲ႕မွ အထူးျပဳေတြက သြားေရာက္ေလ့လာခဲ့ၿပီးသူတို႔အတြက္ကေတာ့ ဒါဟာ ထူးဆန္းစရာမရွိပါဘူး။ဒီအတြက္ ရိုးရွင္းတဲ့အေၾကာင္းျပခ်က္တစ္ခုရွိပါတယ္။

အစိမ္းေရာင္ကေတာ့ ႏွင္းရဲ့အေပၚမွာေနထိုင္တဲ့ေရညႇိေတြေၾကာင့္ျဖစ္ၿပီး တစ္ပင္ခ်င္းစီကို အဏုျမဴမွန္ေျပာင္းျဖင့္ၾကည့္မွသာျမင္ရတာပါ။ဒါေပမယ့္လည္း မ်က္ႏွာျပင္ေပၚမွာ မ်ားစြာရွိေနၿပီး ရလဒ္အေနနဲ႔ အစိမ္းေရာင္ကိုျမင္ေတြ႕ရတာပါ။

ဘယ္ေလာက္ေတာင္မ်ားလဲဆိုရင္ အစိမ္းေရာင္အကြက္ေတြကို အာကာသထဲက ၾကည့္ရင္ေတာင္ ျမင္ရပါတယ္။ သူတို႔ကို အႏၲာတိက ပန္နီဆူလာေဒသရဲ့အေနာက္ဘက္ကမ္းရိုးတန္းဘက္ျခမ္းမွာ အေတြ႕မ်ားပါတယ္။

ေရညႇိေတြက ေႏြရာသီမွာ သုညဒီဂရီထက္ပိုမ်ားတဲ့ပိုေႏြးတဲ့ေဒသေတြကို သေဘာက်ၾကပါတယ္။ ကမၻာႀကီးရဲ့ပ်မ္းမၽွအပူခ်ိန္ တက္လာေလေလ ႏွင္းေတြက ပိုၿပီးစိမ္းလာေလေလပါပဲ။ ေသခ်ာတာကေတာ့ ဒီအျဖစ္အပ်က္မ်ိဳးဟာ မၾကာခင္မွာ အံ့ၾသစြာျဖင့္ေပ်ာက္ကြယ္သြားမွာပါ။
Ref:youtube
Trans:thegeektext