■အာကာသတွင်းယာဉ်ချင်းမချိတ်ဆက်ဘဲ ၂၁ ရက်ကြာနေနိုင်တဲ့ အတ်ရိုင်ယန်

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အာကာသတွင်းယာဉ်ချင်းမချိတ်ဆက်ဘဲ ၂၁ ရက်ကြာနေနိုင်တဲ့ အတ်ရိုင်ယန်

အော်ဘစ် စပေ့ခရက် တစ်ခုလုံးဟာ နော်ဇယ်နဲ့ ကြီးမားတဲ့ ဗုံးလို ရော့ကတ်ထိပ်မှာ တည်ရှိတာကြောင့် အာကာသယာဉ်မှူးကွပ်ကဲခန်း ထိပ်မှာတည်ရှိတာကို လန့်ခ်ျ အဘော့ စစ်စတမ် လို့ ခေါ်ပါတယ်။

ပျံသန်းနေစဉ် မတော်တဆချို့ယွင်းမှု ဖြစ်ပွားခဲ့ပါက ၎င်းရဲ့ ရော့ကတ်မော်တာတွေ ပစ်လွှတ်ပြီး အာကာသယာဉ်မှူးကွပ်ကဲရေးအခန်းကို အဓိကရော့ကတ်မှ အဝေးကို တွန်းလွှတ်ပေးမှာပါ။အဆိုးဆုံး အခြေအနေတွေ ဖြစ်လာခဲ့ရင် အာကာသယာဉ်မှူးအခန်းအတွက် အီဂျက်ရှင် ဆိ အဖြစ် လုပ်ဆောင်ပေးမှာပါ။

ပုံမှန်မစ်ရှင်အတွင်း အတ်ရိုင်ယန်ဟာ SLS မှ ခွဲထွက်ပြီး ကမ္ဘာ့လေထုအပြင်ဘက်ကိုရောက်တဲ့အခါမှာ သူရဲ့ ဆင်ဂယ် AJ 10 ဟိုက်ပါဂျောတစ် ရော့ကတ် အင်ဂျင်ကို အသုံးပြုကာ လပတ်လမ်းအတွင်း သွားရောက်ပါတယ်။

အတ်ရိုင်ယန်ဟာ အာကာသတွင်းယာဉ်ချင်းမချိတ်ဆက်ဘဲ ၂၁ ရက်ကြာနေနိုင်ပြီး ယာဉ်ချင်းချိတ်ဆက်ထားမယ်ဆိုရင် ၆ လ အထိ နေနိုင်တာပါ။

ဂိတ်ဝေး ဟာ အာတီမစ်ပရိုဂရမ်ရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လမျက်နှာပြင်ပေါ် စူးစမ်းလေ့လာရေးပြုလုပ်ရန်နဲ့ အာကာသအတွင်းပိုင်းထိ မစ်ရှင်တွေဆောင်ရွက်ဖို့ အဓိကကျတဲ့နေရာမှာ ပါဝင်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext