အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
တိုက္တန္းနစ္ သေဘၤာေပၚမွာ ဂ်ပန္လူမ်ိဳး တဦးတည္းပဲ ပါဝင္ပါတယ္။ တကယ့္ ရွားရွားပါးပါးပါပဲ။ ဂ်ပန္ ပို႔ေဆာင္ေရး ဝန္ႀကီးဌာနက အသက္ 42 ႏွစ္အ႐ြယ္ ဝန္ထမ္းတဦး ျဖစ္ပါတယ္။
Masabumi Hosono လို႔ အမည္ရပါတယ္။ ႐ုရွားႏိုင္ငံကေန မီးရထားလမ္းပညာ ေလ့လာ သင္ယူၿပီးေနာက္ ဂ်ပန္ကို ျပန္ရမွာ ျဖစ္ေပမယ့္ လန္ဒန္အရင္ေရာက္ပါတယ္။
တိုက္တန္းနစ္ သေဘၤာရဲ႕ ခရီးစဥ္မွာ သူလည္း ပါလာပါတယ္။ ဒုတိယတန္းစား ခရီးသည္အေနနဲ႔ လိုက္စီးတာ ျဖစ္ပါတယ္။
သေဘၤာက ေရခဲနဲ႔ တိုက္ခ်ိန္မွာေတာ့ အိပ္ယာမွာ ရွိေနၿပီး သေဘၤာလုပ္သား ႏိုးမွ ထပါတယ္။
အေပၚ တက္ၾကည့္ေတာ့ ဝ႐ုန္းသုန္းကား ျဖစ္ေနၿပီး သက္ကယ္ေလွတိုင္းမွာ အမ်ိဳးသမီးနဲ႔ ကေလးေတြ ျပည့္ေနပါတယ္။ ဒါေတာင္ ပထမတန္းစား ဧည့္သည္ေတြကို ပိုၿပီး ဦးစားေပးပါတယ္။
ကိုယ့္ကိုယ္ကို ေသၿပီလို႔ ယူဆထားေပမယ့္ ေမ်ာ္လင့္ခ်က္ကေတာ့ ေပ်ာက္မသြားပါဘူး။ နံပါတ္ 10 သက္ကယ္ေလွက လူႏွစ္ေယာက္အတြက္ ေနရာရွိေသးေၾကာင္း လွမ္းေအာ္ပါတယ္။
ႀကိမ္းေသတာကေတာ့ ယင္းႏွစ္ေယာက္ ေနရာမွာ အမ်ိဳးသား စီးခြင့္ရမွာ မဟုတ္ပါဘူး။ အမ်ိဳးသမီးနဲ႔ ကေလးေတြကိုပဲ ဦးစားေပးမွာ ျဖစ္ပါတယ္။
လွ်ပ္စစ္မီးကလည္း ပ်က္၊ သေဘၤာကလည္း ယိမ္းေနတာေၾကာင့္ အေမွာင္ ထဲမွာ Hosono ဟာ မိန္းကေလးလို အသံျပဳလို႔ က်ယ္ေလာင္စြာ ေအာ္ပါတယ္။
ၿပီးေတာ့ ေလွေပၚကို မိန္းကေလးလို အသံျပဳ တက္သြားၿပီး ေသေဘးမွ လြတ္ေျမာက္သြားပါတယ္။ နယူးေယာက္ကို အရင္ေရာက္ၿပီး ဂ်ပန္ေရာက္ဖို႔ အေမရိကန္ အစိုးရက စီစဥ္ေပးပါတယ္။
စစ ေရာက္ခ်င္းမွာေတာင္ လူသိမ်ား ထင္ရွားၿပီး တိုက္တန္းနစ္မွ လြတ္လာေသာ တဦးတည္းေသာ ဂ်ပန္ႏိုင္ငံသား အမည္နဲ႔ ဂုဏ္ယူပါတယ္။
သို႔ေပမယ့္ သက္ကယ္ေလွေပၚ မတက္ေသာ္ျငား အသက္ ရွင္က်န္ခဲ့တဲ့ အေမရိကန္ စာေရးဆရာ Archibald Gracie IV ကေတာ့ အားလုံးကို သိေနပါတယ္။
Archibald Gracie IV သူေရးတဲ့ သေဘၤာႏွစ္တဲ့အေၾကာင္း စာအုပ္ထဲမွာလည္း ယင္း ဂ်ပန္ႏိုင္ငံသားဟာ မိန္းကေလးလို ဟန္ေဆာင္လို႔ လြတ္သြားပါတယ္ ဆိုတာကို ရႈံ႕ခ် ေရးသားခဲ့ပါတယ္။
ဒီေတာ့ Hosono ေျပာသမွ်ဟာ အမွန္ကို ခ်န္ခဲ့ၿပီး မိန္းကေလး အစားထိုးၿပီး ကိုယ္လြတ္႐ုန္း ေျပးလာသူ ဆိုတာကို သိသြားပါတယ္။ ဂ်ပန္အစိုးရကလည္း သူ႔ကို အလုပ္ျဖဳတ္ခဲ့ပါတယ္။
ဂ်ပန္ဆာမူ႐ိုင္း လူ႔အဖြဲ႕အစည္းကလည္း သူ႔လုပ္ရပ္ကို ရႈံ႕ခ်ၿပီး ႐ိုးရာ ဓေလ့အတိုင္း သက္ေသဖို႔ေတာင္ ေတာင္းဆိုပါတယ္။
သို႔ေပမယ့္ Hosono သူရဲေဘာေၾကာင္ၿပီး ဂ်ပန္ဆာမူ႐ိုင္း အစဥ္အလာကေနေတာင္ ထြက္ခြာခဲ့ပါတယ္။ ယင္းေနာက္ပိုင္း
ဘဝ သက္တမ္းတေလွ်ာက္ အရွက္နဲ႔ပဲ အသက္ရွင္ေနထိုင္ခဲ့ရပါတယ္။ မိသားစု အေပၚ လည္း အရွက္ရေစခဲ့ပါတယ္။
1939 ခုႏွစ္မွာ ကြယ္လြန္ခဲ့ေပမယ့္ သူ႔ရဲ႕ သူရဲေဘာေၾကာင္မႈကေတာ့ ဂ်ပန္ပညာေရး စာသင္႐ိုးမ်ား စံျပ သရဲေဘာင္ေၾကာင္သူအျဖစ္ ယေန႔တိုင္ က်န္ရွိေစခဲ့ပါတယ္။
အမ်ိဳးသမီးနဲ႔ ကေလးကို ဦးစားေပးရမယ္ဆိုတဲ့ ကမာၻ႔က်င့္ဝတ္ကို ပယ္ဖ်က္ၿပီး ကိုယ္လြတ္႐ုန္းသူ ျဖစ္တဲ့အတြက္ Masabumi Hosono ကို ယေန႔တိုင္ လူသိမ်ားေနဆဲ ျဖစ္ပါတယ္။
Credit – ေအာင္ခမ္း (႐ိုးရာေလး)
Unicode
အသက် မသေသော်လည်း ဘဝသေခဲ့ရသော တိုက်တန်းနစ်ပေါ်က ဂျပန်တစ်ယောက်
တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တဦးတည်းပဲ ပါဝင်ပါတယ်။ တကယ့် ရှားရှားပါးပါးပါပဲ။ ဂျပန် ပို့ဆောင်ရေး ဝန်ကြီးဌာနက အသက် 42 နှစ်အရွယ် ဝန်ထမ်းတဦး ဖြစ်ပါတယ်။
Masabumi Hosono လို့ အမည်ရပါတယ်။ ရုရှားနိုင်ငံကနေ မီးရထားလမ်းပညာ လေ့လာ သင်ယူပြီးနောက် ဂျပန်ကို ပြန်ရမှာ ဖြစ်ပေမယ့် လန်ဒန်အရင်ရောက်ပါတယ်။
တိုက်တန်းနစ် သင်္ဘောရဲ့ ခရီးစဉ်မှာ သူလည်း ပါလာပါတယ်။ ဒုတိယတန်းစား ခရီးသည်အနေနဲ့ လိုက်စီးတာ ဖြစ်ပါတယ်။
သင်္ဘောက ရေခဲနဲ့ တိုက်ချိန်မှာတော့ အိပ်ယာမှာ ရှိနေပြီး သင်္ဘောလုပ်သား နိုးမှ ထပါတယ်။
အပေါ် တက်ကြည့်တော့ ဝရုန်းသုန်းကား ဖြစ်နေပြီး သက်ကယ်လှေတိုင်းမှာ အမျိုးသမီးနဲ့ ကလေးတွေ ပြည့်နေပါတယ်။ ဒါတောင် ပထမတန်းစား ဧည့်သည်တွေကို ပိုပြီး ဦးစားပေးပါတယ်။
ကိုယ့်ကိုယ်ကို သေပြီလို့ ယူဆထားပေမယ့် မျော်လင့်ချက်ကတော့ ပျောက်မသွားပါဘူး။ နံပါတ် 10 သက်ကယ်လှေက လူနှစ်ယောက်အတွက် နေရာရှိသေးကြောင်း လှမ်းအော်ပါတယ်။
ကြိမ်းသေတာကတော့ ယင်းနှစ်ယောက် နေရာမှာ အမျိုးသား စီးခွင့်ရမှာ မဟုတ်ပါဘူး။ အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ဦးစားပေးမှာ ဖြစ်ပါတယ်။
လျှပ်စစ်မီးကလည်း ပျက်၊ သင်္ဘောကလည်း ယိမ်းနေတာကြောင့် အမှောင် ထဲမှာ Hosono ဟာ မိန်းကလေးလို အသံပြုလို့ ကျယ်လောင်စွာ အော်ပါတယ်။
ပြီးတော့ လှေပေါ်ကို မိန်းကလေးလို အသံပြု တက်သွားပြီး သေဘေးမှ လွတ်မြောက်သွားပါတယ်။ နယူးယောက်ကို အရင်ရောက်ပြီး ဂျပန်ရောက်ဖို့ အမေရိကန် အစိုးရက စီစဉ်ပေးပါတယ်။
စစ ရောက်ချင်းမှာတောင် လူသိများ ထင်ရှားပြီး တိုက်တန်းနစ်မှ လွတ်လာသော တဦးတည်းသော ဂျပန်နိုင်ငံသား အမည်နဲ့ ဂုဏ်ယူပါတယ်။
သို့ပေမယ့် သက်ကယ်လှေပေါ် မတက်သော်ငြား အသက် ရှင်ကျန်ခဲ့တဲ့ အမေရိကန် စာရေးဆရာ Archibald Gracie IV ကတော့ အားလုံးကို သိနေပါတယ်။
Archibald Gracie IV သူရေးတဲ့ သင်္ဘောနှစ်တဲ့အကြောင်း စာအုပ်ထဲမှာလည်း ယင်း ဂျပန်နိုင်ငံသားဟာ မိန်းကလေးလို ဟန်ဆောင်လို့ လွတ်သွားပါတယ် ဆိုတာကို ရှုံ့ချ ရေးသားခဲ့ပါတယ်။
ဒီတော့ Hosono ပြောသမျှဟာ အမှန်ကို ချန်ခဲ့ပြီး မိန်းကလေး အစားထိုးပြီး ကိုယ်လွတ်ရုန်း ပြေးလာသူ ဆိုတာကို သိသွားပါတယ်။ ဂျပန်အစိုးရကလည်း သူ့ကို အလုပ်ဖြုတ်ခဲ့ပါတယ်။
ဂျပန်ဆာမူရိုင်း လူ့အဖွဲ့အစည်းကလည်း သူ့လုပ်ရပ်ကို ရှုံ့ချပြီး ရိုးရာ ဓလေ့အတိုင်း သက်သေဖို့တောင် တောင်းဆိုပါတယ်။
သို့ပေမယ့် Hosono သူရဲဘောကြောင်ပြီး ဂျပန်ဆာမူရိုင်း အစဉ်အလာကနေတောင် ထွက်ခွာခဲ့ပါတယ်။ ယင်းနောက်ပိုင်း
ဘဝ သက်တမ်းတလျှောက် အရှက်နဲ့ပဲ အသက်ရှင်နေထိုင်ခဲ့ရပါတယ်။ မိသားစု အပေါ် လည်း အရှက်ရစေခဲ့ပါတယ်။
1939 ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမယ့် သူ့ရဲ့ သူရဲဘောကြောင်မှုကတော့ ဂျပန်ပညာရေး စာသင်ရိုးများ စံပြ သရဲဘောင်ကြောင်သူအဖြစ် ယနေ့တိုင် ကျန်ရှိစေခဲ့ပါတယ်။
အမျိုးသမီးနဲ့ ကလေးကို ဦးစားပေးရမယ်ဆိုတဲ့ ကမ္ဘာ့ကျင့်ဝတ်ကို ပယ်ဖျက်ပြီး ကိုယ်လွတ်ရုန်းသူ ဖြစ်တဲ့အတွက် Masabumi Hosono ကို ယနေ့တိုင် လူသိများနေဆဲ ဖြစ်ပါတယ်။
Credit – အောင်ခမ်း (ရိုးရာလေး)
Crd