အသက်၇နှစ်အရွယ်က ခြေနှစ်ဖက်အပြင်လက်နှစ်ဖက်ကိုပါ ဆုံးရှုံးခဲ့ရသော်လည်း ဘဝကိုလွယ်လွယ်အရှုံးမပေးဘဲကြိုးစားခဲ့ရာမှ မိတ်ကပ်ပညာရှင်အနေဖြင့် အသက်၁၄နှစ်အရွယ်တွင် သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့

News Social News





Zawgyi

အသက်ရနှစ်အရွယ်က ခြေနှစ်ဖက်အပြင်လက်နှစ်ဖက်ကိုပါ ဆုံးရှုံးခဲ့ရသော်လည်း ဘဝကိုလွယ်လွယ်အရှုံးမပေးဘဲကြိုးစားခဲ့ရာမှ မိတ်ကပ်ပညာရှင်အနေဖြင့် အသက်၁၄နှစ်အရွယ်တွင် သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့

လူသားအားလုံးအတွက် သွားလာလှုပ်ရှားမှုတွေကို စိတ်ကသာလျှင်အရာရာဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ယခုတွင်လည်း မိန်းမပျိုလေးတစ်ဦးဟာ လူ့ဘဝအတွက်အရှုံးမပေးသောစိတ်ဓာတ်ဟာ မည်မျှအရေးပါကြောင်းကို လက်တွေ့ပြနိုင်ခဲ့ပါတယ်။

Isabelleဆိုသည့်ကောင်မလေးဟာ အသက်ရနှစ်အရွယ်က မွေးရာပါရောဂါတစ်မျိုးကြောင့် အကြီးစားခွဲစိတ်မှုကိုပြုလုပ်ခဲ့ရပြီး ခြေထောက်နှစ်ဖက်အပြင် လက်နှစ်ဖက်စလုံးကိုပါ ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်းကောင်မလေးဟာ ဘဝကိုအရှုံးမပေးဘဲ မိတ်ကပ်ပညာများကိုလေ့လာပြီး ယူကျူ့တွင်ဗီဒီယ်ုတွေတင်ပေးရာမှ နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။ကောင်မလေးဟာ အသက်၁၄နှစ်အရွယ်၌ပင် အောင်မြင်ကျော်ကြားလာခဲ့ပြီးနောက်တွင် သန်းကြွယ်သူဋ္ဌေးမလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။

Crd