■အသက်ရှင်နိုင်အောင် တောထဲကစားစရာ၊သောက်စရာအရင်းအမြစ်များထဲတွင် ပါဝင်နေသောအရာ

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အသက်ရှင်နိုင်အောင် တောထဲကစားစရာ၊သောက်စရာအရင်းအမြစ်များထဲတွင် ပါဝင်နေသောအရာ

Cobra gold ကော်ဘရာဂိုးလ်ဆိုခေါ်တဲ့ အဖွဲ့အစည်းဟာ အင်ဒို ပစိဖိတ်ဒေသမှာ နိုင်ငံပေါင်းများစွာက လေ့ကျင့်ခန်းတွေပါတဲ့ အဖွဲ့အစည်းတစ်ခုပါဘဲ။
၎င်းဟာ အမေရိကန်စစ်တပ်တွေဟာ မြွေဟောက်ရဲ့သွေးကို သောက်ကြရတဲ့အတွက်နာမည်ကြီးပါတယ်။

သူတို့ရဲ့ လေ့ကျင့်ခန်းတွေမှာ ကုန်းရေချေမှုန်းမှုသရုပ်ပြ၊ မြေမြှုပ်မိုင်းဖျက်ဆီးရေး၊ နှင့်သေနတ်ပစ်လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် လူသိအများဆုံး မှတ်တမ်းတင်ခံရဆုံး လေ့ကျင့်ခန်းကတော့ အမေရိကန်တွေကို မျှဝေတဲ့ တောထဲမှာ အသက်ရှင်သန်နေထိုင်နည်း လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းမှာဆိုရင် သူတို့ဟာ အသက်ရှင်နိုင်အောင် တောထဲက စားစရာ သောက်စရာ အရင်းအမြစ်များ ၊ အပင်များ၊ အင်းစက်များ နှင့် ကော်ဘရာမြွေရဲ့သွေးအကြောင်းလဲ ပါဝင်ပါသေးတယ်။

တစ်ချို့အပင်တွေက ရေအရင်းအမြစ်ကောင်းတစ်ခုဖြစ်နိုင်သလို စားသောက်ဖို့အတွက် အခြား အမျိုးမျိုးသော အသီးများလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဒီလိုမျိုးရွေးချယ်စရာတွေ မရှိဘူးဆိုရင်တော့ စစ်သားတွေဟာ တောက်တဲ့များ၊ မျောက်များနှင့် ကင်းမြီးကောက်များတောင် စားလို့ရပါတယ်။
ကော်ဘရားဂိုးလ်အဖွဲ့ရဲ့ အထင်ရှားဆုံးကတော့ တောထဲမှာ ရှင်သန်နေထိုင်နည်း သင်တန်းက ကော်ဘရားမြွေရဲ့သွေးကို သောက်သုံးတာပဲဖြစ်ပါတယ်။

တော်ဝင်ထိုင်း စစ်တပ်နည်းပြက ကော်ဘရာမြွေကနေ သွေးကို ဘယ်လိုသောက်သုံးရလဲဆိုတာကို လက်တွေ့ပြသကာ ဒါဟာ သူတို့ သောက်သုံးစရာ ရေမရှိရင် အသက်ရှင်ဖို့အတွက် အထောက်အကူပေးပါတယ်။ ၎င်းဟာ လူတွေလိုအပ်တဲ့ အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။
ပုံတွေထဲမှာတော့ တပ်သားတစ်ယောက်ဟာ သူရဲ့ခေါင်းကို မော့လျှာကိုထုတ်ကာ နည်းပြက သူ့ရဲ့ပါးစပ်ထဲကို သွေးတွေ ညှစ်ပြနေတာကို တွေ့ရမှာပါ။

သူတို့တွေဟာ ဒါကို ရွံရုံတင်မကပါဘူး။ တစ်ချို့စစ်သားတွေဆိုရင် ကော်ဘရာမြွေရဲ့သွေးကို အရသာခံလိုက်တဲ့အခါမှာတော့ မျက်စိတွေတောင် မှိတ်ထားကြပါတယ်။
အရင်တုန်းကလေ့ကျင့်ခန်းမှာပါတဲ့ တစ်ချို့တွေကတော့ သေစေနိုင်လောက်တဲ့ မြွေရဲ့ သွေးကို သောက်သုံးကြပါသေးတယ်။
ကော်ဘရာမြွေရဲ့ သွေးဟာ ငါးညှီနံ့အရသာရှိပါတယ်။
Ref:youtube
Trans:thegeektext







Ref:youtube
Trans:thegeektext