■အသက်ရွယ်ကြီးရင့်ပြီး ဘာအန္တရာယ်မှပေးနိုင်ပုံမပေါ်ပေမဲ့ ဘယ်သက်ရှိကိုမဆိုအနိုင်တိုက်နိုင်သူ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အသက်ရွယ်ကြီးရင့်ပြီး ဘာအန္တရာယ်မှပေးနိုင်ပုံမပေါ်ပေမဲ့ ဘယ်သက်ရှိကိုမဆိုအနိုင်တိုက်နိုင်သူ

ကဲ အခုကတော့ နင်ဂျစ်ဆုကိုကြားဖူးတဲ့သူတွေအတွက်ပါ။နင်ဂျစ်ဆုနော် ဂျင်ဂျစ်ဆုမဟုတ်ပါဘူး။ ဟူတ်ကဲ့ ဒီဟာက နင်ဂျာတွေကို မျက်လုံးထဲမြင်ယောင်လာစေမယ်ထင်ပါတယ်။ဒါက ဂျပန်နိုင်ငံရဲ့တိုက်ပွဲတွေကဖြစ်ပေါ်လာတဲ့ ကိုယ်ခံပညာတစ်ရပ် ဖြစ်ပါတယ်။

၁၁၀၀ပြည့်နှစ် Kamakura(ခါမကုရ)အချိန်ကာလက ကမ္ဘာ့နာမည်အကြီးဆုံးနင်ဂျာနဲ့ နင်ဂျစ်ဆုမာစတာ Hatsumi Massaki( ဟာဆူမီး မဆာကီ)နဲ့ မိတ်ဆက်ပေးပါရစေ။အသက်ကိုးဆယ်နီးပါးရှိပြီဖြစ်တဲ့ ဟာဆူမီးက အသက်ရွယ်ကြီးရင့်ပြီး ဘာအန္တရာယ်မှပေးနိုင်ပုံမပေါ်ပေမဲ့ ဘယ်သက်ရှိကိုမဆို အနိုင်တိုက်နိုင်ပါတယ်။

ကမ္ဘာပေါ်က ယောကျာ် မိန်းမတော်တော်များများဟာ တိုကျိုရဲ့မြောက်ဘက်မှာရှိတဲ့ ဘူကျစ်ခန် မာရှယ် အတ် ဒူဂျိုကို လာရောက်ကြပါတယ်။အကြောင်းရင်းကိုရှာကြည့်တဲ့အခါ အကောင်းဆုံးတကာ့အကောင်းဆုံးဖြစ်တဲ့ ဟာဆူမီကိုယ်တိုင် လေ့ကျင့်ပေးတါကြောင့်ပါပဲ။

ရှေးခေတ်ဂျပန်ကိုယ်ခံပညာနဲ့ နင်ဂျစ်ဆု ကိုပေါင်းစပ်ပြီး သင်ကြားရာမှာ အသုံးပြုတဲ့အပြင် အနုစိတ်တဲ့လေ့ကျင့်မှုတွေပါ ပါဝင်တယ်လို့သိရပါတယ်။ဟာဆူမီက ကျွန်မတို့အားလုံးအတွက် အကြံပေးထါးတဲ့ စကားတစ်ခုရှိပါတယ်။

“သင့်ပြိုင်ဘက်ရဲ့ထိုးနှက်ချက်တွေကို ကာကွယ်ဖို့မကြိုးစားပါနဲ့။အဲ့ဒီအစား တိုက်ချက်တွေကို ခံစားလိုက်ပါ။တိုက်ခိုက်ခြင်းက ဘယ်လောက်သန်မာတယ် ဘယ်လောက်မြန်တယ် စစ်ဆေးတာမျိုးမဟူတ်ပါဘူး။ထိန်းချုပ်နိုင်ခြင်းကိုစစ်ဆေးတာပါ”တဲ့။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext