
News Social News





Rain (For Ialinks)

Unicode

အဝလွန်နေခြင်းကြောင့် မြောင်းပေါက်ထဲကနေ ပြန်ထွက်မရပဲ ပိတ်မိပြီး ဒုက္ခရောက်နေရှာသည့် ကြွက်ကလေး

အဝလွန်ခြင်းသည် လူသားတို့တွင် ပေါ့ပါးသွက်လက်ခြင်းမရှိတော့ပဲ အရာရာတိုင်းတိုင်းအတော်လေးခက်ခဲ ဒုက္ခရောက်ကြပြီး တိရစ္ဆာန်များသည်လည်း ထို့နည်းတူ အခက်တွေ့စေခဲ့သည်။

သို့ဖြစ်၍ ဂျာမနီနိုင်ငံ Bensheimမြို့ရှိ ကားရပ်နားရာနေရာတစ်ခုတွင် ကြွက်ကလေးတစ်ကောင်သည် အနီးနားရှိ ရေမြောင်းတစ်ခုမှာ ပိတ်မိနေခဲ့ပြီး မြင်တွေ့သူများက ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းပေးခဲ့ကြသည်။

ကြွက်ကလေးသည် အစားအရမ်းစားပြီး အဝလွန်နေကာ မြောင်းပေါက်ကနေ ပြန်မထွက်နိုင်တော့ပဲ ခန္ဓာကိုယ်တစ်ခြမ်းက အပြင်ဖက်မှာရောက်နေပြီး နောက်တစ်ခြမ်းက အထဲမှာပိတ်ခံနေခဲ့သည်။

ကံကောင်းစွာပဲ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့တို့သည် ကြွက်ကလေးအား ပိတ်မိနေရာကနေ မိနစ်ပိုင်းအတွင်းမှာပဲ အချိန်မှီ ကယ်ထုတ်ပေးနိုင်ခဲ့သည်။

Rain (For Ialinks)

Crd