အလှုပ်ရှုပ်နေတဲ့ကြားက ကလေးကိုပါ ပြုစုရင်း အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ ဖခင်တစ်ဦးရဲ့မြင်ကွင်း

မိဘတွေဟာ အခက်အခဲတွေကြားက သားသမီးတွေကို အပြည့်ဝဆုံးနဲ့ အပျော်ရွှင်ဆုံးဘဝအထိ ပြုစုစောင့်ရှောက်ဖို့ အမြဲကြိုးစားကြပါတယ်။ မကြာသေးမီက လမ်းပေါ်မှာ စားဝတ်နေရေးအတွက် အစားအသောက်ရောင်းတဲ့ ဖခင်တစ်ယောက်ရဲ့ ပုံရိပ်ကို မျှဝေထားပါတယ်။ ထူးခြားတာက ဖခင်ဟာ ကားအတွင်းပိုင်းကို အရုပ်များမှအစ စောင်အထိ အရာအားလုံးထဲ့ထားပြီး ကလေးအတွက် ခုတင်သေးသေးလေးအဖြစ် ဒီဇိုင်းထုတ်ခဲ့ပါတယ်။

ဧရိယာက သေးပေမယ့် သူ့အဖေက အလုပ်ရှုပ်နေချိန်မှာ ဒီနေရာက ကလေးအတွက် လုံလောက်ပါတယ်။ ဒါ့အပြင် ကလေးက အလွန်နာခံမှုရှိပြီး ဖခင်ရဲ့ကြိုးစားမှုကို နားလည်ပုံပေးပြီး ပျော်ရွှင်စွာကစားကာ မငိုခဲ့ပါဘူး။ ကလေးရဲ့ ဖခင်ဟာ ယခုနှစ်မှာ အသက် ၃၅ နှစ်ရှိပြီလို့ လူအများက ပြောကြပါတယ်။ ဇနီးဖြစ်သူက စောစီးစွာ ထွက်ခွါသွားလို့ သူနဲ့ သားသမီးတွေက တစ်ယောက်ကိုတစ်ယောက် မှီခိုနေရပါတယ်။

လက်ရှိမှာ ဖခင်နဲ့ ဒီကလေးရဲ့ ပုံရိပ်က လူအများကို ဝမ်းနည်းစေခဲ့ပါတယ်။ အခက်အခဲတွေကြားက သားသမီးတွေအတွက် အကောင်းဆုံးတွေ ပေးစွမ်းနိုင်ခဲ့တဲ့ အမျိုးသားကို လူတိုင်းက လေးစားကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

Crd