■အလုပ်ရှင်ကိုလုံခြုံအောင်မစောင့်ရှောက်နိုင်တဲ့အတွက် တရားဆွဲခံရတယ်ဆိုတဲ့ Kim Kardashianရဲ့ Bodyguard

Article Celebrity Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အလုပ်ရှင်ကိုလုံခြုံအောင်မစောင့်ရှောက်နိုင်တဲ့အတွက် တရားဆွဲခံရတယ်ဆိုတဲ့ Kim Kardashianရဲ့ Bodyguard

စနိုက်ပါလို့ပြောတာက သိပ်ပြီးသဘာဝ ကျချင်မှကျမှာပေမယ့် ဓားပြတိုက်လုယက်တာမျိုးတွေတော့ တကယ်ရှိပါတယ်။ Kim Kardashian (ကင်မ် ခါဒါရှန်း) က အဲ့လိုအဖြစ်မျိုး ၂၀၁၆ တုန်းကတကယ်ကြုံခဲ့ရတာပါ။ ”Keeping up with the Kardashians” တီဗီshow ရဲ့ကြယ်ပွင့် သူမဟာ Paris Fashion Week တုန်းက လက်နက်ကိုင်ဆောင်ထားတဲ့ လုယက်သူတစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

မျက်နှာဖုံးတပ်ထားတဲ့ အဲ့လူဟာဒေါ်လာ သန်းနဲ့ချီတန်တဲ့ လက်ဝတ်ရတနာနဲ့အတူ ဒေါ်လာ ၄ သန်းတန်တဲ့ လက်စွပ်လည်း အဲ့ညမှာခိုးသွားခဲ့ပါသေးတယ်။ အဲ့အဖြစ်အပျက်ကြောင့် Kim ရဲ့ ခန္ဓာကိုယ်တောင့်တောင့် Bodyguard တစ်ယောက်ဖြစ်တဲ့ Pascal duvier လည်း သူရဲ့အလုပ်ရှင်ကို လုံခြုံအောင်မစောင့်ရှောက်နိုင်တဲ့အတွက် တရားဆွဲခံရတယ်ဆိုတဲ့ ဂရက်တွေထခဲ့ပါသေးတယ်။

ခိုးယူသွားတဲ့ညက Pascal ဟာ Kimရဲ့ညီမတွေဖြစ်တဲ့ Kourtney (ခေါ့တီ) နဲ့ Kendall (ကန်ဒဲ) တို့ကို Parisက Nightclub တစ်ခုမှာ စောင့်ရှောက်ပေးနေရတာပါ။ အဲ့တာကိုသိရက်နဲ့ သူတရားအဆွဲခံရတာ တရားတယ်လို့ ပရိတ်သတ်ကြီးရော ထင်ပါလား။ ကျွန်မတို့လည်းမထင်ပါဘူး။

အဲ့ကတည်းကကြောက်သွားတဲ့ Kim(ကင်မ်) နဲ့ Kanye (ကန်ညေး) ဟာ လုံခြုံရေးအတွက် အကာအကွယ်ကောင်းကောင်းပေးနိုင်မယ့်သူကို မရမကရှာခဲ့ပြီး ခုဆိုရင်သူတို့ Bodyguard တွေအတွက်တစ်နှစ်ကို ဒေါ်လာ ခုနှစ်သန်းကျော် အကုန်ခံခဲ့ပါတယ်။

Pascal အတွက်လည်း နောက်ထပ်အလုပ်ခန့်တဲ့သူကို သိပ်မရှာလိုက်ရပါဘူး။ Kim နဲ့ Kanye ဆီကထွက်လာပြီးနောက် Fergie (ဖာဂီ) ရဲ့ music video အသစ်မိတ်ဆက်ပွဲမှာ Pascal (ပါစကေ) အလုပ်လုပ်နေတာ ကိုတွေ့ခဲ့ရပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext