အလုပ်ကိစ္စနဲ့ခရီးသွားခဲ့ရပြီး သမီးလေး၂ယောက်ကိုပျော်သွားအောင် စပရိုက်လုပ်ဖို့ အိမ်ကိုအသိမပေးပဲပြန်လာခဲ့ပေမယ့် ကိုယ်တိုင်ပဲစပရိုက်ဖြစ်သွားခဲ့သည့် ဖခင်




Nge (Cele Daily)

Zawgyi

အလုပ်ကိစ္စနဲ့ခရီးသွားခဲ့ရပြီး သမီးလေး၂ယောက်ကိုပျော်သွားအောင် စပရိုက်လုပ်ဖို့ အိမ်ကိုအသိမပေးပဲပြန်လာခဲ့ပေမယ့် ကိုယ်တိုင်ပဲစပရိုက်ဖြစ်သွားခဲ့သည့် ဖခင်

ကလေးအများစုတို့သည် အဝေးမှာရောက်နေသောမိဘတွေဆီက နွေးထွေးတဲ့မေတ္တာလိုချင်ကြသလို ဘာကိုမှနားမလည်သေးပဲ လက်ဆောင် ပစ္စည်းလေးတွေသာလိုချင်ကြတာမျိုးလည်းရှိသည်။သို့ဖြစ်၍ တရုတ်နိုင်ငံ Shandongပြည်နယ်မှ ဖခင်တစ်ဦးသည် အလုပ်ကိစ္စနဲ့နိုင်ငံခြားသို့ ၅ရက်အကြာခရီးထွက်ခဲ့ပြီးနောက် သူ့ရဲ့မိသားစုကို အံ့အားသင့်ပျော်ရွှင်သွားအောင် စပရိုက်လုပ်ခဲ့သည်။

ဖခင်ဖြစ်သူသည် အသိမပေးပဲ အိမ်သို့ပြန်လာစဉ် မိခင်က သမီးလေးတွေရဲ့မျက်လုံးကိုပိတ်ပြီး ဖခင်ရှိရာကားနားသို့ ခေါ်သွားပေးခဲ့ပေမယ့် သမီးဖြစ်သူမှ ဖခင်ကိုမြင်ပြီး ပျော်မနေပဲ အော်ငိုသွားခဲ့သည်။

ဖခင်ကတော့ သူ့ရဲ့သမီးလေးတွေ သူ့ကိုလွမ်းနေမည်အထင်နဲ့ စပရိုက်လုပ်ခဲ့ပေမယ့် သမီးလေးက ဖခင်ပြန်လာတာကိုသဘောမကျပဲ လက်ဆောင်ပစ္စည်းတစ်ခုခုရမည်ဟုသာမျှော်မှန်းထား၍ ဝမ်းနည်းပြီး ငိုခဲ့ခြင်းကြောင့် ဖခင်ကပဲ အံ့အားသင့် စပရိုက်ဖြစ်ခဲ့ရသည်။

Nge (Cele Daily)

Crd