■အလင်းရောင်ကိုလုံးဝမြင်ရမည်မဟုတ်ဘဲ မှောင်မှောင်မဲမဲထဲမှာစားသောက်ရစေသော Opaque

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အလင်းရောင်ကိုလုံးဝမြင်ရမည်မဟုတ်ဘဲ မှောင်မှောင်မဲမဲထဲမှာစားသောက်ရစေသော Opaque

Opaque ဆိုတဲ့စားသောက်ဆိုင်လေးကတော့ မြင်လိုက်တာနဲ့ စားကောင်းသောက်ဖွယ်တွေရရှိနိုင်မယ်လို့ ထင်မြင်စေမိမှာပါ ဒါပေမယ့်အဲလိုမဟုတ်ပါဘူး။

ဒီစားသောက်ဆိုင်လေးကတော့ ကမ္ဘာပေါ်မှာမြင်ရခဲတဲ့ဆိုင်လေးတစ်ခုပါ သင်အဲဒီဆိုင်ထဲကိုဝင်လိုက်တာနဲ့ အလင်ရောင်ကိုမြင်ရတော့မှာမဟုတ်ပါဘူး အမှောင်ထဲရောက်နေလို့ စိုးရိမ်စရာ ကြောက်လန့်စရာဖြစ်ဖို့မလိုပါဘူး။စားပွဲထိုးတွေက သင်တို့ကိုကူညီပြီး စားသောက်ဖို့အတွက် ဇွန်း ခက်ရင်းစတဲ့ တန်ဆာပလာတွေကို လက်ထဲထည့်ပေးပြီး လိုအပ်တဲ့အကူအညီတွေကိုပေးဦးမှာပါ ။

ဘာလို့လဲဆိုတော့ အဲဒီမှာအလုပ်လုပ်တဲ့လူတွေက မျက်လုံးကန်းနေတာ ဒါမှမဟုတ် အမြင်အာရုံချို့တဲ့နေတဲ့လူတွေဖြစ်နေကြလို့ပါ။

သူတို့ရဲ့ဘဝအတွေ့အကြုံအရ အမှောင်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင်ကို သွားလာနိုင်ပါတယ်။ နောက်ပြီး အခုလိုမီးအလင်းရောင်တွေဖယ်ထုတ်လိုက်ခြင်းအားဖြင့် အစားစားဖို့အပေါ်အာရုံပိုစိုက်မိပြီး ကိုယ်ချစ်တဲ့သူရဲ့ အသံကိုလဲ ပိုအာရုံစိုက်နားထောင်လာပါတယ်။

ဒါကOpaque ဆိုင်လေးရဲ့အဓိကရည်ရွယ်ချက်ပါ နောက်ပြီး စားပွဲထိုးတွေကြောင့် အစားအစာတွေဖိတ်မှာ စင်မှာမစိုးရိမ်ရပါဘူး ဘာလို့လဲဆိုတော့ မီးပိတ်ထားတဲ့အတွက် သင်တို့ဘာမှမမြင်နိုင်လို့ပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext