TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အရိုးအများဆုံးကျိုးသူအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့သူ Evel Knievel

ဘယ်သူမှဒီလိုမှတ်တမ်းမျိုးကို လိုက်ပြီးလုပ်ရဲကြမှာမဟုတ်ပါဘူး။လိုက်လုပ်မိရင်လဲ သေတောင်သေသွားနိုင်ပါတယ် ။အရိုးအများဆုံးကျိုးတဲ့ မှတ်တမ်းကိုပိုင်ဆိုင်သူကတော့ Evel Knievel ဆိုသူဖြစ်ပါတယ်။ သူဟာနာမည်ကြီး အမေရိကန် ဆိုင်ကယ်စတန့်စီးသူတစ်ယောက်လဲဖြစ်ပါတယ်။

Evelဟာသူရဲ့ဆိုင်ကယ်စတန့် အခုန်ကွက်တွေနဲ့ နာမည်ကျော်ကြား သူဖြစ်ပြီး အမြင့်ခုန်ပြီဆိုရင် ပရိတ်သတ်တို့သိတဲ့အတိုင်း ဆိုင်ကယ်ရောလူရောမြောက်တက်သွားတာဖြစ်ပြီး ခဏအကြာမှာတော့ အောက်ကိုအရှိန်နဲ့ပြန်ပြုတ်ကျလာမှာပါ။ပြီးရင်တော့ တစ်ခုခုကျိုးပဲ့ဖို့ကတော့ ကျိန်းသေပါပဲ။တစ်ခါဆို Evel တစ်ယောက် ကိုးမာ၂၉ရက်ဝင်သွားတယ်လို့ သူ့မိသာစုကပြောပြပါတယ်။

ဒါပေမယ့်လဲ Evel ကတော့ဆိုင်ကယ်စ တန့်တွေဆက်လုပ်ရင် ဆိုင်ကယ်နဲ့အမြင့်ခုန်နေတုန်းပါပဲ။ ခဏခဏလဲပြုတ်ကျပြီး ဆေရုံကိုအမြဲလိုလို အလည်အပတ်သွားေ နရပါတယ်။ သူ့ရဲ့ဆိုင်ကယ်စတန့်သမားဘဝမှာ အရိုးပေါင်း၄၃၃ခုကျိုးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

ဘဝမှာ အရိုးအများဆုံးကျိုးပြီး အသက်ရှင်သူအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။ နောက်တော့ သူရဲ့အသက်မွှေအလုပ်မလုပ်တော့တဲ့ အချိန်မှာ ရောဂါကြောင့်ဆုံးပါးသွားခဲ့ပါတယ်။ ဒီရောဂါဟာ သူလုပ်ခဲ့တဲ့ဆိုင်ကယ်စတန့်စီးတာကြောင့်နဲ့ လုံးဝမသက်ဆိုင်ဘူးလို့ဆိုပါတယ်။

ဒါပေမယ့်လဲ သူဆုံးသွားတော့ သူ့ရဲ့သား Robbie ဟာသူ့အဖေအရိုး ၄ဝနဲ့ ၅ဝကြားလောက်ကျိုးနေခဲ့ကြောင်း ပြောပြလာပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့အရေအတွက်နဲ့တော့ တော်တော်လေး ကွာဟနေပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext