အရက်မူးနေတဲ့သားကို ကားထဲသို့ သယ်ဆောင်သွားခဲ့ရာ အင်တာနက်သုံးသူတွေကြားမှာ အသန်မာဆုံးမိခင်လို့ နာမည်ကြီးလာခဲ့တဲ့ မိခင်တစ်ဦး



JRose(Tgidailynews)

Zawgyi

အရက်မူးနေတဲ့သားကို ကားထဲသို့ သယ်ဆောင်သွားခဲ့ရာ အင်တာနက်သုံးသူတွေကြားမှာ အသန်မာဆုံးမိခင်လို့ နာမည်ကြီးလာခဲ့တဲ့ မိခင်တစ်ဦး

TikTok မှာ ရေပန်းစားနေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ထိုင်းမိခင်ဟာ အရက်မူးနေတဲ့ သားဖြစ်သူကို ကားပေါ်သို့ သယ်ဆောင်သွားကာ အနီးနားရှိ လူတစ်စုက သူမကို ချီးကျူးစကား ပြောကြားခဲ့ကြပါတယ်။ အင်တာနက်အသုံးပြုသူအများအပြားကတော့ ချစ်စဖွယ်ကောင်းတဲ့မြင်ကွင်းကြောင့် ရယ်မောခဲ့ကြပြီး သူမကို “ကမ္ဘာ့အသန်မာဆုံးမိခင်” လို့ ဟာသလုပ်ကာ ချီးကျူးခဲ့ကြပါတယ်။ TikTok အသုံးပြုသူတော်တော်များများက သူ့သားအတွက် ခုလိုအမေရှိနေတာကို ချီးကျူးခဲ့ကြပါတယ်။

တကယ်တော့ ကျွန်တော်တို့တွေ ဘယ်လောက်ပဲ အသက်ကြီးပြင်းပါစေ အမေအတွက်က ကလေးလိုပါပဲ။ ကျွန်တော်တို့ရဲ့မိခင်တွေက ကျွန်တော်တို့ အထီးကျန်တဲ့အခါ၊ လိုအပ်တဲ့အခါတိုင်းမှာ ကျွန်တော်တို့အတွက် အမြဲအသင့်ရှိနေမယ့်သူ ဖြစ်ပါတယ်။ ဒီဗီဒီယိုဟာ သူ့ကလေးအပေါ်ထားတဲ့ မိခင်ရဲ့မေတ္တာဟာ ဘယ်လောက်ကြီးမားလဲဆိုတာကို ပြသပါတယ်။

JRose(Tgidailynews)

 

Crd