အယ္လ္ေကးဒါးေခါင္းေဆာင္ကို ရွင္းလင္းဖို႔ အေမရိကန္ အသုံးျပဳခဲ့တဲ့ Hellfire ဒုံးက်ည္ အေၾကာင္း တေစ့တေစာင္း….( ပစ္မွတ္ကို မထိမခ်င္း လိ္ုက္ေနမယ့္ ဒုံးက်ည္ အမ်ဳိးအစားပါ)

News Social News

အယ္လ္ေကးဒါးေခါင္းေဆာင္ကို ရွင္းလင္းဖို႔ အေမရိကန္ အသုံးျပဳခဲ့တဲ့ Hellfire ဒုံးက်ည္ အေၾကာင္း တေစ့တေစာင္း….( ပစ္မွတ္ကို မထိမခ်င္း လိ္ုက္ေနမယ့္ ဒုံးက်ည္ အမ်ဳိးအစားပါ)

အယ္လ္ေကးဒါးေခါင္းေဆာင္ အယ္ဇာဝါဟီရီက နံနက္ခင္း ဝတ္ျပဳၿပီးရင္ ဝရန္တာ ထြက္ၿပီး အေညာင္းဆန႔္တတ္တဲ့အက်င့္ရွိတယ္။ ဇူလိုင္လ ၃၁ ရက္ နံနက္ ၆ နာရီ ၁၈ မိနစ္မွာေတာ့ အယ္ဇာဝါရီတစ္ေယာက္ အာဖဂန္နစၥတန္ ကာဘူးလ္ၿမိဳ႕လယ္က ေနအိမ္ဝရန္တာမွာ ထြက္ေနတုန္း ေမာင္းသူမဲ့ယာဥ္ကေန ပစ္လႊတ္လိုက္တဲ့ ဒုံးက်ည္ ၂ စင္းထိမွန္ခဲ့လို႔ ေသဆုံးခဲ့တယ္။ အေမရိကန္ ေထာက္လွမ္းေရးေတြက သူ႔ကို သီတင္းပတ္ အေတာ္ၾကာ ေစာင့္ၾကည့္ေနခဲ့တာပါ။ သူ႔ရဲ႕ ေန႔စဥ္လႈပ္ရွားမႈပုံစံေတြကို အေသးစိတ္မွတ္သားထားၿပီး တိက်တဲ့လက္နက္နဲ႔ တိုက္ခိုက္ခဲ့တာပါ။ အဲဒီတိုက္ခိုက္မႈမွာ အယ္လ္ဇာဝါဟီရီ ေသဆုံးခဲ့ေပမဲ့ အိမ္ထဲမွာရွိေနတဲ့ သူ႔ဇနီးနဲ႔ သူ႔သမီးကေတာ့ ထိခိုက္ဒဏ္ရာ ရခဲ့ျခင္း မရွိပါဘူး။

အေမရိကန္စစ္တပ္က Hellfire ဒုံးက်ည္ကို အသုံးျပဳတိုက္ခိုက္ခဲ့ဖြယ္ ရွိပါတယ္။ ေဝဟင္ကေန ေျမျပင္ကို ပစ္ခတ္ႏိုင္တဲ့ Hellfire ဒုံးက်ည္ဟာ ရဟတ္ယာဥ္၊ ကား၊ သေဘၤာ၊ ေမာင္းသူမဲ့ယာဥ္ေတြကေန ပစ္လႊတ္လို႔ ရပါတယ္။ ဒီဒုံးက်ည္ကို ပစ္လႊတ္တဲ့အခါ (တခါတရံမွာ အေမရိကန္ႏိုင္ငံရဲ႕ ထိန္းခ်ဳပ္ခန္းကေန ကြပ္ကဲေန) ထိန္းခ်ဳပ္စီမံသူက ေမာင္းသူမဲ့ယာဥ္မွာ တပ္ဆင္ထားတဲ့ ကင္မရာရဲ႕ ျမင္ကါင္းပုံရိပ္ေတြကို ၿဂိဳဟ္တုကေန ဖမ္းယူၾကညရႈေနတာပါ။ ကင္မရာ မ်က္ႏွာျပင္ေပၚမွာရွိတဲ့ ပစ္မွတ္ၫႊန္ျပေရး နည္းလမ္းေတြကို သုံးၿပီး ပစ္မွတ္ သတ္မွတ္ပါတယ္။

ၿပီးရင္ ပစ္မွတ္ကို ေလဆာနဲ႔ခ်ိန္လိုက္ၿပီး ဒုံးက်ည္ကို ပစ္လႊတ္လိုက္တဲ့အခါ ဒုံးက်ည္က ေလဆာလမ္းေၾကာင္းအတိုင္းသြားၿပီး ပစ္မွတ္ကို မထိမခ်င္း လိုက္ေနမွာပါ။ ၂၀၂၀ ျပည့္ႏွစ္ အေစာပိုင္းက အီရတ္ႏိုင္ငံ ဘဂၢဒက္ၿမိဳ႕မွာ အီရန္ဗိုလ္ခ်ဳပ္ ဆိုေလမာနီကို လုပ္ႀကံမႈ၊ ၂၀၁၅ ခုႏွစ္က ၿဗိတိန္ႏိုင္ငံဖြား IS အဖြဲ႕ဝင္ ဂ်ီဟတ္ဂြၽန္တို႔ကို ရွင္းလင္းရာမွာလည္း အေမရိကန္က Hellfire ဒုံးက်ည္ကို အသုံးျပဳခဲ့ပုံ ေပၚပါတယ္။

၂၀၁၇ ခုႏွစ္မွာ အယ္လ္ေကးဒါးေခါင္းေဆာင္ တစ္ေယာက္ျဖစ္တဲ့ အယ္လ္မာဆရီကို R9X Hellfire ဒုံးက်ည္နဲ႔ ရွင္းလင္းခဲ့တာပါ။ အယ္လ္မာဆရီက ကားထဲ လိုက္ပါေနခ်ိန္မွာ ဒုံးက်ည္က ကားေခါင္မိုးကေန ေဖာက္ဝင္ၿပီး ပစ္မွတ္ကို ထိမွန္ခဲ့သြားခဲ့တာလို႔ အဲဒီျဖစ္ရပ္အၿပီး ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့ ေပါက္ကြဲတာမ်ိဳး၊ ကားရဲ႕တျခားေနရာေတြ ထိခိုက္ပ်က္စီးတာမ်ိဳးေတာင္ မရွိခဲ့ပါဘူး။

ဒါေပမဲ့ အေမရိကန္ရဲ႕ စစ္ဆင္ေရးတိုင္းကလည္း အၿမဲတေစ အစီအစဥ္တက် မျဖစ္ခဲ့ပါဘူး။ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လ ၂၉ ရက္က IS အဖြဲ႕ခြဲတစ္ခုကို ရွင္းလင္းဖို႔ရည္႐ြယ္ၿပီး ကဘူးလ္ေလဆိပ္ေျမာက္ဘက္က ကားတစ္စီးကို ဒုံးက်ည္နဲ႔ပစ္ခတ္ရာမွာ အျပစ္မဲ့ျပည္သူ ၁၀ ေယာက္ ေသဆုံးခဲ့ရၿပီး ဒီျဖစ္ရပ္အတြက္လည္း ပင္တဂြန္စစ္ဌာနခ်ဳပ္က မွားယြင္းသြားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

crd-႐ိုးရာေလး

ယူနီကုတ္

အယ်လ်ကေးဒါးခေါင်းဆောင်ကို ရှင်းလင်းဖို့ အမေရိကန် အသုံးပြုခဲ့တဲ့ Hellfire ဒုံးကျည် အကြောင်း တစေ့တစောင်း….( ပစ်မှတ်ကို မထိမချင်း လိုက်နေမယ့် ဒုံးကျည် အမျိုးအစားပါ)

အယ်လ်ကေးဒါးခေါင်းဆောင် အယ်ဇာဝါဟီရီက နံနက်ခင်း ဝတ်ပြုပြီးရင် ဝရန်တာ ထွက်ပြီး အညောင်းဆန့်တတ်တဲ့အကျင့်ရှိတယ်။ ဇူလိုင်လ ၃၁ ရက် နံနက် ၆ နာရီ ၁၈ မိနစ်မှာတော့ အယ်ဇာဝါရီတစ်ယောက် အာဖဂန်နစ္စတန် ကာဘူးလ်မြို့လယ်က နေအိမ်ဝရန်တာမှာ ထွက်နေတုန်း မောင်းသူမဲ့ယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၂ စင်းထိမှန်ခဲ့လို့ သေဆုံးခဲ့တယ်။ အမေရိကန် ထောက်လှမ်းရေးတွေက သူ့ကို သီတင်းပတ် အတော်ကြာ စောင့်ကြည့်နေခဲ့တာပါ။ သူ့ရဲ့ နေ့စဉ်လှုပ်ရှားမှုပုံစံတွေကို အသေးစိတ်မှတ်သားထားပြီး တိကျတဲ့လက်နက်နဲ့ တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုမှာ အယ်လ်ဇာဝါဟီရီ သေဆုံးခဲ့ပေမဲ့ အိမ်ထဲမှာရှိနေတဲ့ သူ့ဇနီးနဲ့ သူ့သမီးကတော့ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်း မရှိပါဘူး။

အမေရိကန်စစ်တပ်က Hellfire ဒုံးကျည်ကို အသုံးပြုတိုက်ခိုက်ခဲ့ဖွယ် ရှိပါတယ်။ ဝေဟင်ကနေ မြေပြင်ကို ပစ်ခတ်နိုင်တဲ့ Hellfire ဒုံးကျည်ဟာ ရဟတ်ယာဉ်၊ ကား၊ သင်္ဘော၊ မောင်းသူမဲ့ယာဉ်တွေကနေ ပစ်လွှတ်လို့ ရပါတယ်။ ဒီဒုံးကျည်ကို ပစ်လွှတ်တဲ့အခါ (တခါတရံမှာ အမေရိကန်နိုင်ငံရဲ့ ထိန်းချုပ်ခန်းကနေ ကွပ်ကဲနေ) ထိန်းချုပ်စီမံသူက မောင်းသူမဲ့ယာဉ်မှာ တပ်ဆင်ထားတဲ့ ကင်မရာရဲ့ မြင်ကါင်းပုံရိပ်တွေကို ဂြိုဟ်တုကနေ ဖမ်းယူကြညရှုနေတာပါ။ ကင်မရာ မျက်နှာပြင်ပေါ်မှာရှိတဲ့ ပစ်မှတ်ညွှန်ပြရေး နည်းလမ်းတွေကို သုံးပြီး ပစ်မှတ် သတ်မှတ်ပါတယ်။

ပြီးရင် ပစ်မှတ်ကို လေဆာနဲ့ချိန်လိုက်ပြီး ဒုံးကျည်ကို ပစ်လွှတ်လိုက်တဲ့အခါ ဒုံးကျည်က လေဆာလမ်းကြောင်းအတိုင်းသွားပြီး ပစ်မှတ်ကို မထိမချင်း လိုက်နေမှာပါ။ ၂၀၂၀ ပြည့်နှစ် အစောပိုင်းက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့မှာ အီရန်ဗိုလ်ချုပ် ဆိုလေမာနီကို လုပ်ကြံမှု၊ ၂၀၁၅ ခုနှစ်က ဗြိတိန်နိုင်ငံဖွား IS အဖွဲ့ဝင် ဂျီဟတ်ဂျွန်တို့ကို ရှင်းလင်းရာမှာလည်း အမေရိကန်က Hellfire ဒုံးကျည်ကို အသုံးပြုခဲ့ပုံ ပေါ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အယ်လ်ကေးဒါးခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အယ်လ်မာဆရီကို R9X Hellfire ဒုံးကျည်နဲ့ ရှင်းလင်းခဲ့တာပါ။ အယ်လ်မာဆရီက ကားထဲ လိုက်ပါနေချိန်မှာ ဒုံးကျည်က ကားခေါင်မိုးကနေ ဖောက်ဝင်ပြီး ပစ်မှတ်ကို ထိမှန်ခဲ့သွားခဲ့တာလို့ အဲဒီဖြစ်ရပ်အပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ပေါက်ကွဲတာမျိုး၊ ကားရဲ့တခြားနေရာတွေ ထိခိုက်ပျက်စီးတာမျိုးတောင် မရှိခဲ့ပါဘူး။

ဒါပေမဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးတိုင်းကလည်း အမြဲတစေ အစီအစဉ်တကျ မဖြစ်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၉ ရက်က IS အဖွဲ့ခွဲတစ်ခုကို ရှင်းလင်းဖို့ရည်ရွယ်ပြီး ကဘူးလ်လေဆိပ်မြောက်ဘက်က ကားတစ်စီးကို ဒုံးကျည်နဲ့ပစ်ခတ်ရာမှာ အပြစ်မဲ့ပြည်သူ ၁၀ ယောက် သေဆုံးခဲ့ရပြီး ဒီဖြစ်ရပ်အတွက်လည်း ပင်တဂွန်စစ်ဌာနချုပ်က မှားယွင်းသွားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

crd-ရိုးရာလေး

Crd