အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုအများဆုံးဖြစ်သည့် နေရာ (၁၆) ခု

News Social News


အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆမှုအများဆုံးဖြစ်သည့် နေရာ (၁၆) နေရာရှိပြီး ယင်းနေရာများ အရောက်တွင် သတိထားမောင်းနှင်းရန် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားပါတယ်။ယာဉ်မတော်တဆမှု အများဆုံးဖြစ်သည့် နေရာများမှာ အမှတ် ၃ လမ်းဆုံ၊ ဘောနတ်ကြီး ၊ ဘောနီ၊ အုတ်ရှစ်ကုန်း၊ မြို့ချောင်း၊ ဖြူး၊ ဗောဓိကုန်း၊ ဇီးပင်သာ ၊ သာဂရ ၊ ပလွေး၊ ပန်းတင် ၊ ဘုရားတောင်၊ ပေပင်လေး၊ သီးကုန်း၊ ပြင်စည် နှင့် စကားအင်း အနီး မိုင်တိုင် အချို့နေရာများသည် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားလေ့ရှိသည့် နေရာများဖြစ်ခြင်းကြောင့် သတိပြု မောင်းနှင်ကြရန် သတိချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ယင်းအပြင်အမြန်လမ်းမကြီးတစ်လျှောက်အသုံးပြုသွားလာလျက်ရှိသည့်ခရီးသွားပြည်သူများအနေဖြင့်မိုးအခါ ရေဝပ်ခြင်း၊ လမ်းချော်ခြင်းမြင်ကွင်းမရှင်းခြင်းစသည်တို့ကြောင့်လမ်းခရီးတစ်လျှောက် အန္တရာယ် ကင်းရှင်းစွာဖြင့် လိုရာခရီးသို့ အချိန်မီ ရောက်ရှိစေရေး အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှကျွမ်းကျင်သူပညာရှင်များ၏တိုင်းတာတွက်ချက်သတ်မှတ်ထားသောအမြန်နှုန်းအတွင်းမှသာ မောင်းနှင်ကြပါရန်နှင့်အမြန်လမ်းမကြီးတစ်လျှောက်ရဲစခန်းအပိုင်နယ်မြေအလိုက်ယာဉ်တော်တဆမှုအများဆုံးဖြစ်ပွားတတ်သည့်တည်နေရာမိုင်တိုင်များအားသိရှိဂရုပြုမောင်းနှင်နိုင်ဖို့သတိပေးထားတာလည်းဖြစ်ပါတယ်။ ခရီးသွားမိတ်ဆွေများလည်း ယာဉ်အန္တရာယ်ကင်းရှင်းနိုင်ကြပါစေ..။

Credit to နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

[zawgyi]


Crd