■အမြန်ဆုံးအရှိန်နဲ့မောင်းနှင်သူအဖြစ် မြေပြင်မှာရောရေပြင်မှာပါ တစ်နှစ်တည်းနဲ့စံချိန်တင်ထားသူ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အမြန်ဆုံးအရှိန်နဲ့မောင်းနှင်သူအဖြစ် မြေပြင်မှာရောရေပြင်မှာပါ တစ်နှစ်တည်းနဲ့စံချိန်တင်ထားသူ
Donald Malcolm Campbell ဆိိုသူဟာ အမြန်ဆုံးအရှိန်နဲ့မောင်းနှင်သူအဖြစ် မြေပြင်မှာရော ရေပြင်မှာပါ တစ်နှစ်တည်းနဲ့ စံချိန်တင်ထားသူပါ။ သူဟာဒီလိုမျိုးဖြစ်ဖို့ မရယ်ရွယ်ခဲ့ပါဘူး။
သူဟာစံချိန်တင်ဖို့ကျိုးစားပေမယ့် ဒီလိုဖြစ်ဖို့ထိမရည်ရွယ်ခဲ့ပါဘူး ။ဒီအဖြစ်အပျက်ဟာ တကယ့်ကိုမတော်တဆဖြစ်သွားခဲ့တာပါ။သူဟာ သူ့အဖေတင်ခဲ့တဲ့ မှတ်တမ်းကို ကျော်အောင်ကျိုးစားခဲ့တာဖြစ်ပါတယ်။
၁၉၆ဝခုနှစ်မှာ လူငယ်လေး Donald ဟာမြေပြင်မှာ အပြင်းဆုံးအရှိန်မှတ်တမ်းကို ချိုးဖျက်ဖို့လုပ်ခဲ့ပါတယ်။သူဟာ ၁နာရီကို ၆၃၄ကီလိုမီတာနှုန်းအရှိန်နဲ့စံချိန်တင်ဖို့ပါ။ အားလုံးမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။
သူ့ရဲ့ကားဟာ ၅၇၉မီတာနှုန်းရောက်တဲ့အခါ Capbell ဟာသူ့ရဲ့ကားကိုထိန်းချုပ်လို့မရတော့ပါဘူး။ ကြီးမားတဲ့အက်ဆီးဒင့်ကြီးဖြစ်ခဲ့ပါတယ်။ဒါပေမယ့်ကားရဲ့တည်ဆောက်ပုံကြောင့် ကားမောင်းတဲ့သူက အသက်ရှင်ခွင့်ရခဲ့ပါတယ်။
ဆေးရုံကိုအရေးပေါ်တင်လိုက်ရကာ ခေါင်းကွဲပြီး နားရွက်ပျက်သွားခဲ့ပေမယ့် ကျန်တာအားလုံးအဆင်ပြေပါတယ်။နောက်တော့ သူဟာ တစ်နာရီကို ၅၅ဝကီလိုမီတာ မောင်းနှင်ပြီးနောက် အသက်ရှင်သူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာတော့ သူကအရင်လိုပဲ စံချိန်ချိုးဖို့လုပ်ပါတော့တယ်။ကံမကောင်းချင်တော့ Campbell ဟာဒီလိုမျိုးနောက်ထပ်စံချိန်တစ်ခုကိုတင်ဖို့ကျိုးစားရင် အသက်ဆုံးရှုံးခဲ့ရပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext