■အမေရိကန်အိုင်ဒေါလ်ရှိုး အမှတ်တရအဖြစ်ဆုံးပြိုင်ပွဲဝင်များထဲမှ တစ်ဦး

Article Celebrity Hollywood World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အမေရိကန်အိုင်ဒေါလ်ရှိုး အမှတ်တရအဖြစ်ဆုံးပြိုင်ပွဲဝင်များထဲမှ တစ်ဦး

ဂျနီဖာ ဟက်ဆန်ဟာ ဂျွန် ဂွတ်ဒ်မန်းရဲ့ ဥပမာအတိုင်းပါပဲ အမေရိကန်အဆိုတော်သရုပ်ဆောင်သူမဟာ စိတ်ဆုံးဖြတ်လိုက်တာနှင့် ဘယ်အရာမဆိုလုပ်နိုင်စွမ်းရှိသူတစ်ဦးပါ။

ပထမဆုံးသူမဟာ အမေရိကန်အိုင်ဒေါလ်ရှိုးမှ အမှတ်တရအဖြစ်ဆုံးပြိုင်ပွဲဝင်များထဲမှ တစ်ဦးဖြစ်ပြီး broadway musical dream girls ရုပ်ရှင်ဇာတ်ကားဖြင့် အော်စကာဆုအပါအဝင် အမျိုးမျိုးသောသရုပ်ဆောင်ဆု 29 ဆုနှင့် Golden Globe ဆုကိုရရှိခဲ့ပါတယ်။ဒါ့အပြင် ပွဲဦးထွက်သီချင်းခွေဖြင့် ဂရမ်မီဆုတစ်ဆုပါ ဆွတ်ခူးထားပါသေးတယ်။

ဒီလောက်ဆို ဘဝကြီးကပြည့်စုံလုံလောက်နေပြီလို့ သင်မထင်ဘူးလား။ ဂျနီဖာကတော့ မထင်ခဲ့ပါဘူး။သူမရဲ့ပုံစံကို သူမပြောင်းလဲချင်ခဲ့ပါတယ်..တကယ်လည်းပြောင်းလဲနိုင်ခဲ့တာပါ။ သူလုပ်နိုင်မယ်ဆိုတာကိုလည်း လူတွေက သံသယ တစိုးတစိမျှမရှိခဲ့ပါဘူး ။

သူမရဲ့ရည်မှန်းချက်အတွက် ဂျနီဖာဟာ weight watchers အစီအစဥ်ကိုဝင်ရောက်ခဲ့ပါတယ် ။ခန္တာကိုယ်အသစ်ရရှိရေးအတွက် ပထမခြေလှမ်းများဟာ လွယ်ကူမနေခဲ့ပါဘူး ။ထရိန်နင်ပထမသုံးပတ်က သူမဟာ ဝိတ်ပဲတက်လာခဲ့ပါတယ် ။

သို့သော် နည်းပြမှ ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးရာ အချိန်တိုအတွင်း ဝိတ်ကျခဲ့တာပါ။ ဂျနီဖာဟာ စုစုပေါင်း 35 ကီလိုကျော်ကျသွားခဲ့ပြီး ဆိုဒ် 20 မှ ဆိုဒ် 10 ဖြစ်လာပါတယ် ။ပိုပြီး လေးစားစရာကတော့ ဟတ်ဆန်ဟာ သူမမိသားစုနှင့် သူငယ်ချင်းများကိုပါ အားပေးလှုံဆော်ခဲ့ရာ အခုဆိုရင် အာလုံးစုစုပေါင်းကီလို 900 ကျော် ကျသွားပြီးပဲ ဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext