■အမေရိကန်သမ္မတရဲ့ခေါင်းကိုက်ဝေဒနာဖြစ်စေခဲ့သော အသံလှိုင်းလက်နက်

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အမေရိကန်သမ္မတရဲ့ခေါင်းကိုက်ဝေဒနာဖြစ်စေခဲ့သော အသံလှိုင်းလက်နက်

၂၀၁၈ တုန်းက တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံရဲ့ သံတမန်ဟာ ခေါင်းကိုက်ဝေဒနာနဲ့ အကြားအာရုံ ချွတ်ယွင်းမှုကြောင့် ဆရာဝန်ပြခဲ့ကာ သူဟာ ထူးဆန်းတဲ့အသံတွေကို ကြားယောင်နေတဲ့အကြောင်းကို ဆရာဝန်ကို ရှင်းပြခဲ့ပါတယ် ဒီထူးဆန်းတဲ့အကြောင်းအရာရဲ့ တစ်ခုတည်းသော ဖြေရှင်းချက်ကတော့ သံတမန်ဟာ သေစေနိုင်လောက်တဲ့အထိ မပြင်းထန်တဲ့ အသံလှိုင်း လက်နက်နဲ့ တိုက်ခိုက်ခံရတာပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ကြောင့် စစ်တပ်က ဒီနိုင်ငံမှာ အသံလှိုင်းသေနတ်ကို လူတွေမသိအောင် သိုသိုသိပ်သိပ် အသုံးပြုနေကြတယ်လို့ တွေးထင်ခဲ့ကြပါတယ် ကမ္ဘာပေါ်မှာ လူတွေမကြားရနိုင်တဲ့ အသံတွေ ရှိပါတယ် Infrasound(အင်ဖရာဆောင်းဒ်)ဟာ လူတွေ ကြားနိုင်တဲ့ အသံလှိုင်းထက် နိမ့်ကျပြီးတော့ Ultrasound(အာလ်ထရာဆောင်းဒ်) ရဲ့အသံလှိုင်းဟာ ပိုမြှင့်ပါတယ် ဒီအရာနှစ်ခုလုံးကို ပြင်းပြင်းထန်ထန် အသုံးချရင် လူတစ်ယောက်ရဲ့ ကောင်းကျိုးတွေကို ထိခိုက်နိုင်ပါတယ်။

Infrasound(အင်ဖရာဆောင်းဒ်)ဟာ အစာခြေဖျက်တဲ့စနစ်နဲ့ပတ်သက်ပြီး ဆိုကျိုးသက်ရောက်စေပြီးတော့ Ultrasound(အာလ်ထရာဆောင်းဒ်)ဟာ ခေါင်းကိုက်ဝေဒနာကို ဖြစ်စေပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီအသံလှိုင်းတွေဟာ ခန္ဓာကိုယ် တစ်ရှူးတွေဖြစ်တဲ့ နားအတွင်းရှိသွေးများနဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတောင်မှ သေးငယ်မှုန်မွှားတဲ့ ဆူပွက်မှုတွေဖြစ်စေပါတယ်။

အရမ်းဖျက်ဆီးအားကောင်းတဲ့ Ultrasound(အာလ်ထရာဆောင်းဒ်)ကို လူရဲ့နားနဲ့ မဆိုစလောက်သာ ကြားနိုင်ပါတယ် ဒါပေမယ့် ဒီအသံလက်နက်ရှိတာကိုး သိကြပေမယ့်် ဒီလက်နက်ရဲ့ အကျိုးသက်ရောက်မှုကို အခုထိတော့ ရှင်းလင်တိကျစွာ မသိရသေးပါဘူး ဒီလိုသေနတ်ဘာတွေလုပ်နိုင်လဲ ဘာပုံစံရှိလဲဆိုတာ ဘယ်သူတွေကများ သိကြမလဲ?ဒီအချက်တွေကြောင့် တစ်ဖက်ရန်သူကို တိုးတိုးတိတ်တိတ် ရှင်းပစ်တာ အဖျက်အမှောင့်လုပ်တဲ့နေရာမှာ အသံလက်နက်ဟာ လုံးဝအံဝင်ဂွင်ကျမယ့် လက်နက်ပဲဖြစ်ပါတယ် ကြောက်ဖို့ကောင်းတယ် မလား?
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အေမရိကန္သမၼတရဲ့ေခါင္းကိုက္ေဝဒနာျဖစ္ေစခဲ့ေသာ အသံလွိုင္းလက္နက္

၂၀၁၈ တုန္းက တ႐ုတ္နိုင္ငံမွာ အလုပ္လုပ္ေနတဲ့ အေမရိကန္နိုင္ငံရဲ့ သံတမန္ဟာ ေခါင္းကိုက္ေဝဒနာနဲ႔ အၾကားအာ႐ုံ ခၽြတ္ယြင္းမႈေၾကာင့္ ဆရာဝန္ျပခဲ့ကာ သူဟာ ထူးဆန္းတဲ့အသံေတြကို ၾကားေယာင္ေနတဲ့အေၾကာင္းကို ဆရာဝန္ကို ရွင္းျပခဲ့ပါတယ္ ဒီထူးဆန္းတဲ့အေၾကာင္းအရာရဲ့ တစ္ခုတည္းေသာ ေျဖရွင္းခ်က္ကေတာ့ သံတမန္ဟာ ေသေစနိုင္ေလာက္တဲ့အထိ မျပင္းထန္တဲ့ အသံလွိုင္း လက္နက္နဲ႔ တိုက္ခိုက္ခံရတာပဲ ျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံမွာျဖစ္ခဲ့တဲ့ ဒီအျဖစ္အပ်က္ေၾကာင့္ စစ္တပ္က ဒီနိုင္ငံမွာ အသံလွိုင္းေသနတ္ကို လူေတြမသိေအာင္ သိုသိုသိပ္သိပ္ အသုံးျပဳေနၾကတယ္လို႔ ေတြးထင္ခဲ့ၾကပါတယ္ ကမၻာေပၚမွာ လူေတြမၾကားရနိုင္တဲ့ အသံေတြ ရွိပါတယ္ Infrasound(အင္ဖရာေဆာင္းဒ္)ဟာ လူေတြ ၾကားနိုင္တဲ့ အသံလွိုင္းထက္ နိမ့္က်ၿပီးေတာ့ Ultrasound(အာလ္ထရာေဆာင္းဒ္) ရဲ့အသံလွိုင္းဟာ ပိုျမႇင့္ပါတယ္ ဒီအရာႏွစ္ခုလုံးကို ျပင္းျပင္းထန္ထန္ အသုံးခ်ရင္ လူတစ္ေယာက္ရဲ့ ေကာင္းက်ိဳးေတြကို ထိခိုက္နိုင္ပါတယ္။

Infrasound(အင္ဖရာေဆာင္းဒ္)ဟာ အစာေျခဖ်က္တဲ့စနစ္နဲ႔ပတ္သက္ၿပီး ဆိုက်ိဳးသက္ေရာက္ေစၿပီးေတာ့ Ultrasound(အာလ္ထရာေဆာင္းဒ္)ဟာ ေခါင္းကိုက္ေဝဒနာကို ျဖစ္ေစပါတယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီအသံလွိုင္းေတြဟာ ခႏၶာကိုယ္ တစ္ရႉးေတြျဖစ္တဲ့ နားအတြင္းရွိေသြးမ်ားနဲ႔ အျခားခႏၶာကိုယ္အစိတ္အပိုင္းေတြကိုေတာင္မွ ေသးငယ္မႈန္မႊားတဲ့ ဆူပြက္မႈေတြျဖစ္ေစပါတယ္။

အရမ္းဖ်က္ဆီးအားေကာင္းတဲ့ Ultrasound(အာလ္ထရာေဆာင္းဒ္)ကို လူရဲ့နားနဲ႔ မဆိုစေလာက္သာ ၾကားနိုင္ပါတယ္ ဒါေပမယ့္ ဒီအသံလက္နက္ရွိတာကိုး သိၾကေပမယ့္္ ဒီလက္နက္ရဲ့ အက်ိဳးသက္ေရာက္မႈကို အခုထိေတာ့ ရွင္းလင္တိက်စြာ မသိရေသးပါဘူး ဒီလိုေသနတ္ဘာေတြလုပ္နိုင္လဲ ဘာပုံစံရွိလဲဆိုတာ ဘယ္သူေတြကမ်ား သိၾကမလဲ?ဒီအခ်က္ေတြေၾကာင့္ တစ္ဖက္ရန္သူကို တိုးတိုးတိတ္တိတ္ ရွင္းပစ္တာ အဖ်က္အေမွာင့္လုပ္တဲ့ေနရာမွာ အသံလက္နက္ဟာ လုံးဝအံဝင္ဂြင္က်မယ့္ လက္နက္ပဲျဖစ္ပါတယ္ ေၾကာက္ဖို႔ေကာင္းတယ္ မလား?
Ref:youtube
Trans:thegeektext