အမေရိကန်လေကြောင်းလိုင်းမှာ လေယာဉ်ကြီးတွေ ဘယ်လောက်များရှိသလဲ
ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လေကြောင်းလိုင်းအများအပြားနဲ့ လေယာဉ်အများအပြား ရှိကြပါတယ်။ ဘယ်လိုလေယာဉ်အမျိုးအစားတွေသုံးပြီး အစီးရေ ဘယ်လောက်များလဲဆိုတာတော့ သိပ်သိကြမယ် မထင်ပါဘူး။
ဒါပေမဲ့ Knight News ဆိုတာက စာချစ်သူတွေအတွက် စိတ်ဝင်စားစရာတွေ တင်ဆက်ပေးနေကြမို့ အခုလဲ ရှာဖွေတင်ပြလိုက်ပါတယ်။
ခရီးသည် ဂျက်လေယာဉ်ကြီးတွေကိုသာ တင်ပြထားတာဖြစ်ပြီး အသေးစားနဲ့ ပန်ကာတပ်လေယာဉ်တွေတော့ မပါဝင်ပါဘူး။
(၁) Airbus A-319-100 _ ပြင်သစ်လုပ် အဲယားဘတ်စ် (Airbus)လေယာဉ် A-319-100 Series က (၁၃၃)စီး ရှိပါတယ်။ ခရီးသည် (၁၁၀)ယောက် ဆံ့ပါတယ်။
(၂) Airbus A-320-200 _ ပြင်သစ်လုပ်ပါပဲ။ သူက (၄၈) စင်း ရှိပါတယ်။ ခရီးသည်က (၁၈၀)ယောက်လောက် တင်ဆောင်နိုင်ပါတယ်။
(၃) Boeing 737-800 _ အမေရိကန် ဘိုးအင်း (Boeing) ကုမ္ပဏီက ထုတ်လုပ်ပါတယ်။ အစီးရေ (၃၀၃) စင်း ရှိပါတယ်။
(၄) Boeing 737-Max8 _ အမေရိကန်ထုတ်ပါပဲ။ (၄၂)စီး ရှိပါတယ်။ (၅) Boeing 787-8 _ (၂၄) စီး ရှိပါတယ်။
(၆) Airbus A-321-200 _ ပြင်သစ်လုပ်ပါ။ (၂၁၈) စီး ရှိပါတယ်။ (၇) Airbus A-321 Neo _ ပြင်သစ်ပါပဲ။ (၅၈) စီး ရှိပါတယ်။
(၈) Boeing 777-200 _ အမေရိကန် Boeing ကုမ္ပဏီထုတ်ဖြစ်ပြီး သူက (၄၇)စီး ရှိပါတယ်။ (၉) Boeing 777-300ER _ Boeing ထုတ်ပါ။ အစီး (၂၀) ရှိပါတယ်။ (၁၀) Boeing 787-9 _ Boeing ထုတ်ပါ။ အစီးရေ (၂၂) စီးပါတဲ့။
အခုတင်ပြခဲ့တာ အမေရိကန်လေကြောင်းလိုင်း ( American Airlines ) တစ်ခုတည်းရဲ့ ပိုင်ဆိုင်ပြေးဆွဲနေတဲ့ လေယာဉ်အရေအတွက်ပါ။ စုစုပေါင်း (၉၁၅)စီး ရှိပါတယ်။ လေယာဉ်အားလုံးရဲ့ ပျမ်းမျှသက်တမ်းကလည်း (၁၂) လောက်သာရှိသေးတော့ အသစ်အတိုင်းလို့ ဆိုရမှာပါ။
ဒီလိုများပြားတဲ့လေယာဉ်တွေကို ထိန်းသိမ်းဖို့၊ စီမံကွက်ကဲဖို့ဆိုတာ တွက်ကြည့်ရင် လေကြောင်းလိုင်းရဲ့ ပမာဏကို ခန့်မှန်းလို့ရပါတယ်။
အမေရိကန်ရဲ့ တခြားသော လေကြောင်းလိုင်းတွေ များစွာရှိပါသေးတယ်။ ဆိုတော့ ယူအက်စ်ကောင်းကင်မှာ လေယာဉ်တွေ ပျားပန်းခပ် သွားလာနေကြမယ်ဆိုတာ အသေအချာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Knight News Team
Knight News © 2022
Crd