“အမေရိကန်ရဲ့ မဟာဗျူဟာနျူကလီးယားလက်နက်အမိန့်ပေးကွပ်ကဲရေးလေယာဥ် အိုက်စလန်ကို ရောက်လာ”
၀၁/၃/၂၀၂၃
အမေရိကန်နျူကလီးယားတပ်ဖွဲ့တွေကို အမိန့်ပေးကွပ်ကဲမဲ့လေယာဥ်တွေထဲက တစ်စင်းဖြစ်တဲ့ E 6B Mercury စစ်ဆင်ရေးအမိန့်ပေး လေယာဥ်ဟာ အိုက်စလန်နိုင်ငံမှာ အခြေစိုက်တာဝန်ယူဖို့ ရောက်ရှိလာကြောင်း ဥရောပဆိုင်ရာ အမေရိကန်စစ်ဆင်ရေးဌာနချုပ်က ဖေဖေါ်ဝါရီ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
E 6B Mercury လေယာဥ်ဟာ အမေရိန်ကန်မဟာဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ် ၁ အတွက် တာဝန်ယူမယ်ဆိုပါတယ်။
နျူကလီးယားဒုံးကျည်ယူနစ်တွေနဲ့ ဝေဟင်ကနေ ဆက်သွယ်အမိန့်ပေးတဲ့ E 6B Mercury လေယာဥ်ဟာ အိုက်စလန်ကို ဘယ်နေ့က ရောက်ရှိလာတယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ အတိအကျဖေါ်ပြမထားပါဘူး။
အမေရိကန်နဲ့သဘောတူထားတဲ့ “နျူကလီးယားအပါအဝင် မဟာဗျူဟာလက်နက် ထိမ်းချုပ်ကန့်သတ်ရေးသဘောတူညီချက်” ဆိုင်းငံ့ကြောင်းဥပဒေပြဌာန်းချက်ကို သမ္မတပူတင်က လက်မှတ်ရေးထိုးအတည်ပြုလိုက်တဲ့ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာပဲ E 6B Mercury မဟာဗျူဟာစစ်ဆင်ရေးအမိန့်ပေး လေယာဥ် အိုက်စလန်ကိုရောက်ရှိနေကြောင်း အမေရိကန်ကသတင်းထုတ်ပြန်တာနဲ့ တိုက်ဆိုင်နေတာ တွေ့ရပါတယ်။
ဖေဖေါ်ဝါရီ ၂၁ ရက်နေ့ ရုရှားနိုင်ငံတော်မိန့်ခွန်းမှာ အမေရိကန်နဲ့သဘောတူစာချုပ်ဆိုင်းငံ့ကြောင်း ပူတင်က ပြောဆိုပြီးကတည်းက ရုရှားနဲ့ ထိစပ်နေတဲ့ အက်စတိုးနီးယားအပါအဝင် ဥရောပနိုင်ငံတော်တော်များများမှာ အမေရိကန်ရဲ့ မဟာဗျူဟာဗုံးကြဲလေယာဥ်တွေ တိုးမြှင့်ချထားလာတာလည်းတွေ့နေရပါတယ်။
By BNN 28 February 2023
#BurmaNewsNetwork
#အမေရိကန်ရဲ့မဟာဗျူဟာနျူကလီးယားလက်နက်အမိန့်ပေးကွပ်ကဲရေးလေယာဥ် #အိုက်စလန်ကိုရောက်လာ
crd
Crd