အမေရိကန်တွေကို ဝင်ခွင့်မပြုတဲ့နိုင်ငံတွေ
ဂလိုဘယ်လိုက်ဇေးရှင်း(Globalization) ခေတ်ထဲမှာ တစ်နိုင်ငံက တစ်နိုင်ငံကို ခရီးသွားကြတယ်ဆိုတာ အထူးအဆန်းမဟုတ်ပါဘူး။ ခရီးသည်တွေ လာရောက်လည်ပါတ်ကြတဲ့အခါ အိမ်ရှင်နိုင်ငံဟာ ငွေကြေးအမြတ်အစွန်း ရကြပါတယ်။
ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းကို “မီးခိုးမထွက် စီးပွားရေးလုပ်ငန်း” လို့တောင်တင်စားကြပြီး ခရီးသည်တွေကို ဆွဲဆောင်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားကြပါတယ်။
ဒါပေမဲ့ ထူးထူးခြားခြား တချို့နိုင်ငံတွေကတော့ အမေရိကန်တွေကို လက်မခံကြပါဘူး။ ဘယ်နိုင်ငံတွေဖြစ်မလဲ ကြည့်ရအောင်နော်။
(၁) ဆော်ဒီအာရေးဗျ
အီရတ်က ကူးဝိတ်ကို ကျူးကျော်ခဲ့စဉ်က အီရတ်ရန်ကြောက်ပြီး အမေရိကန်စစ်တပ်ကို ခေါ်ထားရတဲ့နိုင်ငံပါ။
ဒါပေမဲ့ အသစ်နန်းတက်လာတဲ့ မင်းသား မိုဟာမက် ဘင်ဆော်လ်မန်ကြောင့် ၂၀၁၉ ခုနှစ်လောက်မှာ အခြေအနေဟာ ပြောင်းလဲသွားပါတယ်။
ဆော်ဒီဝင်ခွင့်ဗီဇာရရှိဖို့ဆိုတာ ရိုးရိုးအမေရိကန် ခရီးသည်တွေအတွက် မဖြစ်နိုင်သလောက်အခြေအနေ ဖြစ်သွားပါတယ်။ သံရုံးတွေဟာ မက္ကာဘုရားဖူးတွေအတွက်သာ ဗီဇာထုတ်ပေးပါတယ်။ အမေရိကန်ကိုတော့ ပြည်ဝင်ခွင့်ပိတ်ထားပါတယ်တဲ့။
(၂) အီရန်
အီရန်ကို ဝင်ခွင့်ဗီဇာ ရရှိနိုင်ပေမဲ့ အမေရိကန်နိုင်ငံသားဆိုရင်တော့ အလုပ်ရှုပ်မှာ သေချာပါတယ်။ အရှေ့အလယ်ပိုင်းစစ်ပွဲတွေ စဖြစ်ကတည်းက အီရန်ဟာ အမေရိကန်ရဲ့ရန်ဖက်လို ဖြစ်သွားတာမို့ ဧည့်သည်ကိုလည်း လက်မခံပါဘူး။
နယ်စပ်ဖြတ်ကျော်ဖို့ဆိုတာ ဝေလာဝေးပါ။ အမေရိကန်တွေ၊ စစ်တပ်တွေ ရုပ်သိမ်းသွားတာတောင်မှ အီရန်ကတော့ ဗီဇာထုတ်ပေးဖို့ လက်တွန့်နေတုန်းပါပဲ။
(၃) တာ့ခ်မင့်နစ္စတန်
ဆိုဗီယက်ယူနီယံလက်အောက်ခံဖြစ်ခဲ့ဖူးပြီး အီရန်နဲ့လည်းနီးကပ်တဲ့ အရှေ့အလယ်ပိုင်းကနိုင်ငံ ဖြစ်ပါတယ်။ အာဏာရှင်နိုင်ငံလည်းဖြစ်လို့ ခရီးသွားတွေဟာ ဆိုးရွားတဲ့ အတွေ့အကြုံတွေ ရရှိနိုင်ပါတယ်တဲ့။
ဆိုဗီယက်ပြိုကွဲပြီးနောက်မှ ထွက်ပေါ်လာတဲ့ “စတန်”နဲ့ဆုံးတဲ့နိုင်ငံတွေ (အာဖကန်နစ္စတန်၊ ကာဒစ်စတန် စသဖြင့်) ဟာ အမေရိကန်ဒေါ်လာကို မလိုချင်ကြပါဘူးတဲ့။
တာ့ခ်မင့်နစ္စတန်ဗီဇာရဖို့ဆိုရင် အစိုးရဆီက ခွင့်ပြုဖိတ်ခေါ်တဲ့ စာတစ်စောင် လိုပါတယ်။ ဒါကို တင်ပြနိုင်မှ သံရုံးက ဗီဇာထုတ်ပေးပါလိမ့်မယ်။ ဒါက တကယ်တော့ မဖြစ်နိုင်ပါဘူး။ ဗီဇာရပြန်တော့လည်း (၃)ရက်သာ နေထိုင်ခွင့်ပြုတာမို့ အတော် ကသုတ်ကရက်ခရီးစဉ်ဖြစ်မှာပါ။
(၄) အီရီထရီးယား (Eritrea)
ဒီနိုင်ငံကို မကြားဖူးတာ စာရေးသူတစ်ယောက်တည်းတော့ မဟုတ်လောက်ပါဘူးနော်။ ကမ္ဘာ့အဆိုးဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အာဖရိကရဲ့ မြောက်ကိုရီးယားလို့ တင်စားကြပါတယ်။
လှပတဲ့ရှု့ခင်းတွေရှိပေမဲ့ ဗျူရိုကရေစီငရဲကို ဖြတ်ကျော်ပြီး မလျှော်ကန်တဲ့ ယဉ်ကျေးမှုတစ်ခုခုကို ချိုးဖောက်မိရင် သေဒါဏ်ကျခံရပါလိမ့်မယ်။
ဒါ့အပြင် ဒီနိုင်ငံဟာ ရုရှားကို ယူကရိန်းကျူးကျော်မှုအတွက် မရှုတ်ချခဲ့တဲ့ ရှားရှားပါးပါးနိုင်ငံတွေထဲကတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အာဏာရှင်နိုင်ငံလည်းဖြစ်လို့ အမေရိကန်ဧည့်သည်ဆိုရင် ဆောရီးပါတဲ့။
(၅) ကျူးဘား
စစ်အေးကာလကတည်းက အမေရိကန်နဲ့ ကျူးဘားတို့ဟာ အေးစက်တဲ့ဆက်ဆံရေးတွေပဲ ရှိခဲ့တာပါ။ ၁၉၅၈ ခုနှစ်မှာ အမေရိကန်က ကျူးဘားကို ကုန်သွယ်ရေးပိတ်ဆို့မှုလုပ်ခဲ့ပါတယ်။ အဲဒီကစလို့ ဆက်ဆံရေးအားလုံး ပြတ်တောက်သွားခဲ့ပြီး ခရီးသွားလုပ်ငန်းလည်း ရပ်ဆိုင်းသွားပါတယ်။
ကျူးဘားဗီဇာရဖို့ဆိုရင် CTC (Cuba Tourist Card) ရရှိဖို့ လိုပါတယ်။ ဗီဇာမှာ ရွေးချယ်စရာ အချက်(၁၂)ချက်ထဲက (၁) ခုသာ ရွေးချယ်ခွင့်ရှိပြီး ဈေးဝယ်မယ်ဆိုရင် အတုမဖြစ်ဖို့ သတိထားရပါလိမ့်မယ်။
(၆) မြောက်ကိုရီးယား
ဒါကတော့ အထူးအထွေ ပြောစရာမလိုတော့ပါဘူး။ အမေရိကန်ကို လုံးဝ(လုံးဝ) မကြိုဆိုပါဘူးတဲ့။ အလွန်ထူးခြားအရေးကြီးတဲ့ကိစ္စလောက်သာ ဗီဇာရမှာဖြစ်ပြီး ခရီးစဉ်တလျောက်လုံး တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ စောင့်ကြည့်ခံရပါလိမ့်မယ်။
(၇) အီရတ်
ဆက်ဒမ်ဟူစိန်ကို ဖယ်ရှားပေးခဲ့သည့်တိုင်အောင် သူတို့ဟာ အမေရိကန်ကို မုန်းတီးနေကြဆဲ ဖြစ်ပါတယ်။
ဗီဇာရဖို့အတွက်လည်း စာရွက်စာတမ်းအများအပြားနဲ့ အလုပ်ရှုပ်မှာဖြစ်တဲ့အပြင် အချိန်မရွေး ပယ်ချခံရနိုင်ပါတယ်။
(၈) ရုရှား
ရုရှား-ယူကရိန်းကိစ္စမတိုင်ခင်ကတည်းက အမေရိကန်တွေအတွက် ခက်ခဲတဲ့နိုင်ငံ ဖြစ်နေခဲ့တာပါ။ စစ်ပွဲစကတည်းက ရုရှားဟာ အမေရိကန်နိုင်ငံသား ဘယ်သူ့ကိုမဆို ဝင်ခွင့်ပိတ်လိုက်တာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တာကတော့ အမေရိကန်မုန်းတီးတဲ့နိုင်ငံ (၈)နိုင်ငံအကြောင်း ဖြစ်ပါတယ်။ တကယ်လို့ နောက်ထပ်နိုင်ငံများ စာရှု့သူတို့သိခဲ့ရင် မန့်ခဲ့ကြပါဦးလို့။
Knight News Team
Crd