■အမေရိကန်စစ်တပ်ကရှာတွေ့ခဲ့တဲ့ စစ်အေးတိုက်ပွဲမှဝက်ဝံများကိုမေ့ဆေးပေးဖို့နည်း
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အမေရိကန်စစ်တပ်ကရှာတွေ့ခဲ့တဲ့ စစ်အေးတိုက်ပွဲမှဝက်ဝံများကိုမေ့ဆေးပေးဖို့နည်း
မိုးပျံပူဖောင်းလွတ်တင်ခြင်းနဲ့ အိုက်စ်ဝမ်း(Iceworm)လှိုဏ်ခေါင်းတည်ဆောက်ပြီးစီးသည့်အချိန်ကြားကာလဖြစ်တဲ့ (၁၉၅၀)ခုနှစ်မှာအမေရိကန်စစ်တပ်မှ ဝက်ဝံများကိုမေ့ဆေးပေးဖို့နည်းရှာတွေ့ခဲ့ပါတယ်။
ဘာကြောင့်လဲဆို စစ်တပ်ကဘီ(58)လို့ခေါ်တဲ့လိုအပ်တဲ့အချိန်မှာစနစ်တကျလက်နက်တွေတင်နိုင်အောင်ဒီဇိုင်းဆွဲထားတဲ့ဗုံးကြဲလေယာဉ်ကိုအခြေခံကျကျစမ်းသပ်ဖို့လိုအပ်နေသေးပီး ပရိတ်သတ်ကြီးရေ..ဒီလေယာဉ်ဟာဆိုရင်ဖြင့် စစ်အေးတိုက်ပွဲအတွင်းမှာအမေရိကန်လေတပ်အတွက် ဂုဏ်တက်စရာတစ်ခုဖြစ်ခဲ့ပါတယ်။ အခုတီထွင်လိုက်တဲ့လေယာဉ်ဟာဆိုရင် အသံရဲ့မြန်နှုန်းထက်(၂)ဆပိုမြန်ပြီးတိုက်ခိုက်နိုင်စွမ်းရှိတဲ့ ပထမဆုံးဗုံကြဲလေယာဉ်ဖြစ်ခဲ့တာဟာမမှားပါဖူး။
သူ့ကိုတီထွင်ထားတဲ့ဒီဇိုင်းအရနျူးကလီးယားလက်နက်တွေကို ဆိုဗီယက်ပြည်ထောင်စုထဲ ပစ်ချဖို့စွမ်းဆောင်နိုင်ပေမဲ့လဲ ပြဿနာကတော့ မောင်းသူထိုင်တဲ့နေရာဖြစ်တဲ့ယာဉ်အခန်းပုံစံကအဆင်မပြေသေးတာပါ။ဒါ့ကြောင့် အင်ဂျင်နီယာတွေကယာဉ်အခန်းတွေကိုသေသေချာချာပြုပြင်လိုက်တဲ့နောက်မှာတော့ နောက်တစ်ကြိမ်ပြန်စမ်းသပ်ဖို့ အချိန်ရောက်ရှိလာပြန်ပါတယ်။
ပထမတော့မြေပြင်ပေါ်မှာ စမ်းပြီး နောက်တော့လေထဲမှာစမ်းပါတယ်။ဒါပေမဲ့ ဘာကြောင့်မို့ ဝက်ဝံတွေသုံးပြီးစမ်းသပ်လို့ရနေတာကို လူတွေရဲ့ဘဝနဲ့ယှဉ်ပြီး အန္တရာယ်ရှိတဲ့အရာကိုစွန့်စားခိုင်းနေရတာပါလဲ? အမေရိကန်နိုင်ငံမှာရှိတဲ့ဝက်ဝံကြီးတွေရဲ့အရွယ်အစားဟာ တကယ်တော့ အရွယ်ရောက်ပြီးသားလူယောကျ်ားလေးတွေရဲ့ခန္ဓာကိုယ်နီးပါးရှိပါတယ်။
ဒါကြောင့်မို့ လေတပ်ကနေဝက်ဝံတွေကိုစိတ်ငြိမ်ဆေးတိုက်ဖို့ဆုံးဖြတ်ပြီးနောက်မှာဘဲယာဉ်အခန်းထဲမှာဆေးတိုက်ထားတဲ့ဝက်ဝံတွေကိုကြိုးနဲ့ချည်ထိန်းထားခဲ့ပြီးစမ်းသပ်ခဲ့ကြပြန်တယ်။ ပရိတ်သတ်ကြီးသိထားရမှာက ခုလိုစမ်းသပ်တဲ့အတောအတွင်းမှာ ဝက်ဝံတွေတစ်ကောင်မှမသေခဲ့ကြပါဖူး။သူတို့တွေဟာအရိုးတွေကျိုးပြီးတော့ အတွင်းမှာသွေးယိုတဲ့ဝေဒနာတွေကိုခံစားခဲ့ကြရရှာတာပဲဖြစ်ပါတယ်
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext