အမေရိကန်ကတရုတ်နှင့်တင်းမာမှုဖြစ်နေသောအိန္ဒိယအတွက်ရေတပ်သုံး127 Medium Caliber Gunစနစ်များအရေးပေါ်ထောက်ပံ့

Militarily News

အမေရိကန်က တရုတ်နှင့်တင်းမာမှုဖြစ်နေသော အိန္ဒိယအတွက် ရေတပ်သုံး 127 Medium Caliber Gun စနစ်များအရေးပေါ်ထောက်ပံ့

အိန္ဒိယနှင့်အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးအရ ဆက်ဆံမှုများမှာ တရုတ်နှင့်ပဋိပက္ခဖြစ်ပွားရာ အခြေအနေအတွင်း ပိုမိုတိုးပွားလာလျက်ရှိပေသည်။ အထူးသဖြင့် အမေရိကန်ရေတပ်နေဖြင့် အိန္ဒိယရေတပ်၏ စစ်သင်္ဘောများ၌ အရေးပေါ်တပ်ဆင်ရန် 127 Medium Caliber Gun ၃ လက်ကို ထောက်ပံ့ပေးမည်ဖြစ်သည်ဟုဆိုသည်။ တန်ကြေးအားဖြင့် အိန္ဒိယငွေကြေး Rs 3,800 Crore တန်ကြေးရှိမည်ဖြစ်သည်။

ထိုသို့ရောင်းချပေးရန် အိန္ဒိယအနေဖြင့် အမေရိကန်အစိုးရကို တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်းအားဖြင့် ၁၁ လက်ရောင်းချပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် စစ်ရေယာဉ်အကြီးစား Visakhapatnam အမျိုးအစား ဖျက် သင်္ဘောများတွင် တပ်ဆင်အသုံးပြုမည်ဖြစ်သည်ဟု သိရှိရသည်။
ရောင်းချပေးမည့်စနစ်များကို လတ်တလောအားဖြင့် အသစ်တည်ဆောက်ပေး ခြင်းမဟုတ်ဘဲ အမေရိကန်ရေတပ်သုံးများမှ ထောက်ပံ့ပေးမည်သာဖြစ်သည်ဟုသိရှိရသည်။

Ref-AVP
Myanmarnews24 မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။

Leave a Reply