အမေရိကန်ကမ်းတက်တပ်ဖွဲ့အနေနဲ့လူမဲ့ကမ်းတက် သင်္ဘောဖျက်ဒုံးတင်စနစ် NMESIS

News

အမေရိကန်ကမ်းတက်တပ်ဖွဲ့အနေနဲ့လူမဲ့ကမ်းတက် သင်္ဘောဖျက်ဒုံးတင်စနစ် NMESIS

အမေရိကန်ကမ်းတက်တပ်ဖွဲ့အနေနဲ့လူမဲ့ကမ်းတက် သင်္ဘောဖျက်ဒုံးတင်စနစ် NMESIS ကို ပြီးခဲ့တဲ့လထဲက ဟာဝိုင်အီမှာပြုလုပ်ခဲ့တဲ့ LSE -21 လို့အမည်ရတဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းထည့်သွင်းစမ်းသပ်လေ့ကျင့်ခဲ့ပါတယ်။ NSV လို့ခေါ်တဲ့ နော်ဝေးလုပ် Naval strike missile တွေတင်ဆောင်ပစ်ခတ်နိုင်မယ့် ဒီ စနစ်ကို ပစိဖိတ်စစ်နယ်ဝှမ်းအတွင်းမှာ ဖြန့်ကျက်နိုင်ဖို့တည်ဆောက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

NMESIS လို့ခေါ်တဲ့ ဒီလူမဲ့ သင်္ဘောဖျက်ဒုံးတင်စနစ်ကို သဲသောင်ပြင်ပေါ်ကနေ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး သူတို့ကို LCAC air cushion ကမ်းထိုးယာဉ်နဲ့ C-130 Herculesလေယာဉ်ကြီးတွေကနေပို့ဆောင် ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်တို့အနေနဲ့ ဒီသင်္ဘောဖျက်ဒုံးစနစ်ကို တရုတ်ရဲ့ တောင်တရုတ်ပင်လယ်အတွင်းက ကျွန်းတုတွေကို တန်ပြန်နိုင်ဖို့ ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီကျွန်းတုတွေပေါ်ကနေ အခြေပြုပြီးထိုးဖောက်လှုပ်ရှားနိုင်တဲ့ တရုတ်စစ်သင်္ဘောတွေကို တားဆီးပစ်ခတ်သွားနိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။

စမ်းသပ်မှုအတွင်းမှာ NSM ဒုံးကျည်တွေဟာ သူ့ရဲ့ပစ်မှတ်ကိုမရောက်ရှိမီ ရေမိုင်ရာကျော်ပျံသန်းနိုင်ခဲ့ပြီး တပ်တော်ဝင်ဖျက်သိမ်းထားတဲ့ ပဲ့ထိန်းဒုံးတင်ယာဉ် Frigate Ingraham ကို စမ်းသပ် ပစ်ခတ်ကာ နှစ်မြှုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒီဒုံးတင်ယာဉ်တွေကိုသယ်ဆောင်နိုင်ဖို့အတွက် LAW လို့အမည်ရတဲ့ ကမ်းထိုးသင်္ဘောအကြီးစားတွေကို စမ်းသပ်ထုတ်လုပ်သွားဖို့လည်းရှိမယ်လို့ဆိုပါတယ်။

USMC အနေနဲ့ LAW အမျိုးအစား စစ်သင်္ဘော ၃၀ ကျော်အထိ မှာယူထုတ်လုပ်သွားဖို့ရှိပြီး ဒါဟာ ဒုံးတင်ယာဉ်တွေစစ်ဆင်ဆင်ဖို့ရာအတွက် အဓိက Platform ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်။ ဒီစနစ်တွေကို ပစ်ခတ်ရာမှာ မည်သည့်ပစ်မှတ်ရှာဖွေရေးစနစ်ကို အသုံးပြုသွားမယ်ဆိုတာကို USMC အနဲ့ လက်ရှိချိန်မှာ ထုတ်ဖော်ပြောကြားသွားဖို့မဖြစ်နိုင်သေးဘူးလို့သိရပါတယ်။၎င်း တို့ အနေနဲ့ ဒီဒုံးတင်ယာဉ်တွေကို 2023 ခုနှစ်မှာ တပ်တော်ဝင်အသုံးပြုသွားနိုင်ဖို့မျှော်မှန်းထားတယ်လို့သိရပါတယ်။

Famous.F
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

အေမရိကန္ကမ္းတက္တပ္ဖြဲ႕အေနနဲ႔လူမဲ့ကမ္းတက္ သေဘၤာဖ်က္ဒုံးတင္စနစ္ NMESIS

အေမရိကန္ကမ္းတက္တပ္ဖြဲ႕အေနနဲ႔လူမဲ့ကမ္းတက္ သေဘၤာဖ်က္ဒုံးတင္စနစ္ NMESIS ကို ၿပီးခဲ့တဲ့လထဲက ဟာဝိုင္အီမွာျပဳလုပ္ခဲ့တဲ့ LSE -21 လို႔အမည္ရတဲ့ အႀကီးစားစစ္ေရးေလ့က်င့္မႈတစ္ခုအတြင္းထည့္သြင္းစမ္းသပ္ေလ့က်င့္ခဲ့ပါတယ္။ NSV လို႔ေခၚတဲ့ ေနာ္ေဝးလုပ္ Naval strike missile ေတြတင္ေဆာင္ပစ္ခတ္နိုင္မယ့္ ဒီ စနစ္ကို ပစိဖိတ္စစ္နယ္ဝွမ္းအတြင္းမွာ ျဖန႔္က်က္နိုင္ဖို႔တည္ေဆာက္သြားမွာျဖစ္တယ္လို႔ဆိုပါတယ္။

NMESIS လို႔ေခၚတဲ့ ဒီလူမဲ့ သေဘၤာဖ်က္ဒုံးတင္စနစ္ကို သဲေသာင္ျပင္ေပၚကေန ေအာင္ျမင္စြာစမ္းသပ္ပစ္လႊတ္နိုင္ခဲ့ၿပီး သူတို႔ကို LCAC air cushion ကမ္းထိုးယာဥ္နဲ႔ C-130 Herculesေလယာဥ္ႀကီးေတြကေနပို႔ေဆာင္ ေပးခဲ့တာျဖစ္ပါတယ္။ အေမရိကန္တို႔အေနနဲ႔ ဒီသေဘၤာဖ်က္ဒုံးစနစ္ကို တ႐ုတ္ရဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္းက ကၽြန္းတုေတြကို တန္ျပန္နိုင္ဖို႔ ထုတ္လုပ္သြားမွာျဖစ္ၿပီး ဒီကၽြန္းတုေတြေပၚကေန အေျချပဳၿပီးထိုးေဖာက္လႈပ္ရွားနိုင္တဲ့ တ႐ုတ္စစ္သေဘၤာေတြကို တားဆီးပစ္ခတ္သြားနိုင္ဖို႔ရည္ရြယ္တာျဖစ္တယ္လို႔ဆိုပါတယ္။

စမ္းသပ္မႈအတြင္းမွာ NSM ဒုံးက်ည္ေတြဟာ သူ႔ရဲ့ပစ္မွတ္ကိုမေရာက္ရွိမီ ေရမိုင္ရာေက်ာ္ပ်ံသန္းနိုင္ခဲ့ၿပီး တပ္ေတာ္ဝင္ဖ်က္သိမ္းထားတဲ့ ပဲ့ထိန္းဒုံးတင္ယာဥ္ Frigate Ingraham ကို စမ္းသပ္ ပစ္ခတ္ကာ ႏွစ္ျမႇုပ္နိုင္ခဲ့တယ္လို႔သိရပါတယ္။ ဒီဒုံးတင္ယာဥ္ေတြကိုသယ္ေဆာင္နိုင္ဖို႔အတြက္ LAW လို႔အမည္ရတဲ့ ကမ္းထိုးသေဘၤာအႀကီးစားေတြကို စမ္းသပ္ထုတ္လုပ္သြားဖို႔လည္းရွိမယ္လို႔ဆိုပါတယ္။

USMC အေနနဲ႔ LAW အမ်ိဳးအစား စစ္သေဘၤာ ၃၀ ေက်ာ္အထိ မွာယူထုတ္လုပ္သြားဖို႔ရွိၿပီး ဒါဟာ ဒုံးတင္ယာဥ္ေတြစစ္ဆင္ဆင္ဖို႔ရာအတြက္ အဓိက Platform ျဖစ္လာလိမ့္မယ္လို႔ဆိုပါတယ္။ ဒီစနစ္ေတြကို ပစ္ခတ္ရာမွာ မည္သည့္ပစ္မွတ္ရွာေဖြေရးစနစ္ကို အသုံးျပဳသြားမယ္ဆိုတာကို USMC အနဲ႔ လက္ရွိခ်ိန္မွာ ထုတ္ေဖာ္ေျပာၾကားသြားဖို႔မျဖစ္နိုင္ေသးဘူးလို႔သိရပါတယ္။၎ တို႔ အေနနဲ႔ ဒီဒုံးတင္ယာဥ္ေတြကို 2023 ခုႏွစ္မွာ တပ္ေတာ္ဝင္အသုံးျပဳသြားနိုင္ဖို႔ေမၽွာ္မွန္းထားတယ္လို႔သိရပါတယ္။

Famous.F
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။