■အမေဇုန်မြစ်မှာ ဖြစ်ပေါ်တဲ့ဧရာမ ရေလှိုင်းကြီး ပိုရိုရိုကာ

Knowledge Sports World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အမေဇုန်မြစ်မှာ ဖြစ်ပေါ်တဲ့ဧရာမ ရေလှိုင်းကြီး ပိုရိုရိုကာ

လွန်ခဲ့တဲ့နှစ်အတွင်းမှာ ဒီဘရားဇီးဒေသရဲ့သဘာဝဖြစ်ရပ်ဟာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်လာပါတယ်။ ဒီပိုရိုရိုကာကတော့ အမေဇုန်မြစ်မှာ ဖြစ်ပေါ်တဲ့ဧရာမ ရေလှိုင်းကြီးပါပဲ။ နောက်တစ်မျိုးပြောရရင် ဒီနေရာဟာအတ္တလန်တိတ်သမုဒ္ဒရာရဲ့ရေတွေနဲ့ ဆုံစည်းတဲ့နေရာပါ။

အားပြင်းတဲ့ အတ္တလန်တိတ်ဒီရေတွေဟာ ဒီနေရာမှာတစ်နှစ်ကို နှစ်ကြိမ် ဖြစ်ပေါ်ပြီး အမေဇုန်မြစ်ထဲကို တစ်နာရီ ၈၀၀ ကီလိုမီတာနှုန်းဖြင့် စီးဆင်းပါတယ်။ ဒါပေမယ့်ဒါဟာ ကိုယ်ပိုင် ရေစီးကြောင်းနှင့်ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာပါ။ ဒါ့ကြောင့် လှိုင်းလုံးတွေဟာ ၄ မီတာထိ မြင့်ပါတယ်။

ပိုရိိုရိုကာကြောင့်အနီးအနားကဒေသတွေမှာဆိုးရွားတဲ့ပြဿနာတွေကြုံတွေ့ခဲ့ပီး။ သစ်ပင်တွေ အမြစ်မှပြုတ်ခြင်း၊ အိမ်တွေလှေတွေ မှောက်ခြင်း၊ ရေလွှမ်းမိုးကာ သစ်သီးစားပင်များပျက်ဆီးခြင်း၊ တွေဖြစ်ခဲ့ပါတယ်။ဒါတွေအားလုံးကို ရေလွှာလျှောစီးသမားတွေကတော့ မကြောက်ခဲ့ပါဘူး။ သူတို့တွေကတော့ ဒီလိုသေစေနိုင်တဲ့ လှိုင်းစီးဖို့နှစ်တိုင်းလိုလိုလာကြပါတယ်။ ဒီကိစ္စကအလွန်ခက်ခဲတာပါ။

လှိုင်းရဲ့အရှိန်ကြောင့်တင်မကပဲ ရေထဲမှာပါလာနိုင်တဲ့ပစ္စည်းတွေကြောင့်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပင်လယ်ထဲကရေဟာ ဆားငန်ပြီး သိပ်သည်းမှုနည်းတာကြောင့် အချိန်တိုင်းလိုလို ချွဲကျိနေတတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေဇုန်မြစ်ထဲကရေဟာ လက်ဆက်ပြီးရေလွှာလျှောစီးဖို့အတွက် လေးလံပါတယ်။ ရေလွှာလျှောစီးသမားတွေကတော့ အရှည်ဆုံးရေလှိုင်းကိုစီးဖို့အတွက်ဘာပဲလုပ်ရလုပ်ရ ကြိုးစားကြမှာပါ။

မြောက်ပိုင်း ဘရာဇီးနိုင်ငံမှာရှိတဲ့ စောက်မင်ဂိုကပန် မြို့ကကတော့ နှစ်စဥ်နှစ်တိုင်းပြိုင်ပွဲတွေကျင်းပကြပီး။ စကားမစပ် ပိုရိုရိုကာဆိုတဲ့စကားလုံးဟာ ပေါ်တူဂီနယ်ချဲ့တွေမရောက်လာခင် ကြီးစိုးခဲ့ကြတဲ့ ချီပီတိုင်းရင်းသားရဲ့တူးပီ ဘာသာစကားမှဆင်းသက်လာပြီး ကြီးမားသော ဟိန်းဟောက်သံလို့ဘာသာပြန်လို့ရပါတယ်။
ref:youtube
trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အေမဇုန္ျမစ္မွာ ျဖစ္ေပၚတဲ့ဧရာမ ေရလွိုင္းႀကီး ပိုရိုရိုကာ

လြန္ခဲ့တဲ့ႏွစ္အတြင္းမွာ ဒီဘရားဇီးေဒသရဲ့သဘာဝျဖစ္ရပ္ဟာ ကမၻာတစ္ဝန္းက ခရီးသြားေတြအတြက္ဆြဲေဆာင္မႈတစ္ခုျဖစ္လာပါတယ္။ ဒီပိုရိုရိုကာကေတာ့ အေမဇုန္ျမစ္မွာ ျဖစ္ေပၚတဲ့ဧရာမ ေရလွိုင္းႀကီးပါပဲ။ ေနာက္တစ္မ်ိဳးေျပာရရင္ ဒီေနရာဟာအတၱလန္တိတ္သမုဒၵရာရဲ့ေရေတြနဲ႔ ဆုံစည္းတဲ့ေနရာပါ။

အားျပင္းတဲ့ အတၱလန္တိတ္ဒီေရေတြဟာ ဒီေနရာမွာတစ္ႏွစ္ကို ႏွစ္ႀကိမ္ ျဖစ္ေပၚၿပီး အေမဇုန္ျမစ္ထဲကို တစ္နာရီ ၈၀၀ ကီလိုမီတာႏႈန္းျဖင့္ စီးဆင္းပါတယ္။ ဒါေပမယ့္ဒါဟာ ကိုယ္ပိုင္ ေရစီးေၾကာင္းႏွင့္ဆန႔္က်င္ဘက္ျဖစ္ေနခဲ့တာပါ။ ဒါ့ေၾကာင့္ လွိုင္းလုံးေတြဟာ ၄ မီတာထိ ျမင့္ပါတယ္။

ပိုရိိုရိုကာေၾကာင့္အနီးအနားကေဒသေတြမွာဆိုးရြားတဲ့ျပႆနာေတြၾကဳံေတြ႕ခဲ့ပီး။ သစ္ပင္ေတြ အျမစ္မွျပဳတ္ျခင္း၊ အိမ္ေတြေလွေတြ ေမွာက္ျခင္း၊ ေရလႊမ္းမိုးကာ သစ္သီးစားပင္မ်ားပ်က္ဆီးျခင္း၊ ေတြျဖစ္ခဲ့ပါတယ္။ဒါေတြအားလုံးကို ေရလႊာေလၽွာစီးသမားေတြကေတာ့ မေၾကာက္ခဲ့ပါဘူး။ သူတို႔ေတြကေတာ့ ဒီလိုေသေစနိုင္တဲ့ လွိုင္းစီးဖို႔ႏွစ္တိုင္းလိုလိုလာၾကပါတယ္။ ဒီကိစၥကအလြန္ခက္ခဲတာပါ။

လွိုင္းရဲ့အရွိန္ေၾကာင့္တင္မကပဲ ေရထဲမွာပါလာနိုင္တဲ့ပစၥည္းေတြေၾကာင့္ပဲျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ ပင္လယ္ထဲကေရဟာ ဆားငန္ၿပီး သိပ္သည္းမႈနည္းတာေၾကာင့္ အခ်ိန္တိုင္းလိုလို ခၽြဲက်ိေနတတ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အေမဇုန္ျမစ္ထဲကေရဟာ လက္ဆက္ၿပီးေရလႊာေလၽွာစီးဖို႔အတြက္ ေလးလံပါတယ္။ ေရလႊာေလၽွာစီးသမားေတြကေတာ့ အရွည္ဆုံးေရလွိုင္းကိုစီးဖို႔အတြက္ဘာပဲလုပ္ရလုပ္ရ ႀကိဳးစားၾကမွာပါ။

ေျမာက္ပိုင္း ဘရာဇီးနိုင္ငံမွာရွိတဲ့ ေစာက္မင္ဂိုကပန္ ၿမိဳ႕ကကေတာ့ ႏွစ္စဥ္ႏွစ္တိုင္းၿပိဳင္ပြဲေတြက်င္းပၾကပီး။ စကားမစပ္ ပိုရိုရိုကာဆိုတဲ့စကားလုံးဟာ ေပၚတူဂီနယ္ခ်ဲ႕ေတြမေရာက္လာခင္ ႀကီးစိုးခဲ့ၾကတဲ့ ခ်ီပီတိုင္းရင္းသားရဲ့တူးပီ ဘာသာစကားမွဆင္းသက္လာၿပီး ႀကီးမားေသာ ဟိန္းေဟာက္သံလို႔ဘာသာျပန္လို႔ရပါတယ္။
ref:youtube
trans:thegeektext