အမည်မသိ အာရှနိုင်ငံက ဒရုန်းတိုက်ဖျက်ရေးကိရိယာ ‘ဒါဇင် များစွာ’ ကို ဝယ်ယူရန် အမှာစာပို့ထား…

Militarily News Social News World

အမည်မသိ အာရှနိုင်ငံတစ်ခုက ဒရုန်းဂါ့ဒ် ကွမ်ဂျမ်း (DroneGuard ComJam) ဒရုန်းတိုက်ဖျက်ရေးစနစ်များကို ပေးသွင်းရန် အစ္စရေး လေကြောင်းအာကာသလုပ်ငန်း (အိုင်အေအိုင်) နှင့် စာချုပ်ချုပ်ဆိုထားသည်။ကုမ္ပဏီက ဖော်ပြမထားသည့်စျေးနှုန်းဖြင့် ထိုဒရုန်းစနစ် “ဒါဇင် များစွာ” ကို ဝယ်ယူသူထံ ပေးပို့သွားမည် ဖြစ်သည်။

အိုင်အေအိုင်၏ အီးအယ်လ်တီအေဌာနမှ တီထွင်ထုတ်လုပ်ထားသည့် ထိုစနစ်က ဆက်သွယ်ရေးအခြေခံစနစ်မှတဆင့် ငါးကီလိုမီတာ (သုံးမိုင်)အကွာအဝေးအထိ ဒရုန်းများကို ထောက်လှမ်းနိုင်မည် ဖြစ်သည်။ဒရုန်း ဆက်သွယ်ရေးနှင့် လမ်းညွှန်မှုကို အနှောင့်အယှက် ပေးခြင်း ဒရုန်းဂါ့ဒ်သည် ဒရုန်း၏ မောင်းသူမဲ့လေကြောင်းစနစ်

(ယူအေအက်စ်) ၏ လုပ်ငန်းလည်ပတ်မှုပုံစံကို ထောက်လှမ်းအတည်ပြုကာ၊ ဦးတည်ရာလမ်းကြောင်းအတွင်း ကျစ်လစ်သည့် ရောင်စဉ်အလင်းတန်းဖြင့် ဆက်သွယ်ရေးနှင့် လမ်းကြောင်းပြ အချက်အလက် ချိတ်ဆက်မှုများကို အနှောင့်အယှက်ပေးသည်ဟု ကုမ္ပဏီက ဖော်ပြသည်။

ဒရုန်းဂါ့ဒ်သည် “နယ်မြေတစ်ခုတည်းအတွင်းရှိ အရပ်ဘက် ဆက်သွယ်ရေးနှင့် ဂျီပီအက်စ် စနစ်များ” ကို အနှောင့်အယှက် မဖြစ်စေဘဲ၊ ဒရုန်းအများအပြားကို တစ်ပြိုင်နက်တည်း ပိတ်ဆို့တားဆီးထားနိုင်သည်ဟု ကုမ္ပဏီက ဆိုသည်။အကြမ်းခံပြီး ကျစ်လစ်မှုရှိသည့် ထိုစနစ်တွင် ရေဒီယိုကြိမ်နှုန်း ထောက်လှမ်းခြင်းနှင့် ချိတ်ဆက်မှု ဖြစ်တောက်ခြင်း ဟူ၍ အပိုင်းနှစ်ပိုင်းတို့ ပါဝင်သည်။

ယင်းနှစ်ခုတို့က သီးခြားစီခွဲ၍ အလုပ် လုပ်ဆောင်နိုင်စွမ်း ရှိကြသော်လည်း အတူတကွ တွဲ၍လုပ်ဆောင်နေစဉ်တွင် အကောင်းဆုံးစွမ်းရည်ကို ရရှိသည်ဟု ဆိုသည်။ ရွေ့လျားရွှေ့ပြောင်းနိုင်သည့်စနစ် အဆိုပါစနစ်သည် အလေးချိန် ၂၈ ကီလိုဂရမ် (၆၂ ပေါင်) အထိ လေးပြီး ယာဉ်၊ အဆောက်အဦ သို့မဟုတ် မြေပြင်ပေါ်တွင် တပ်ဆင်၍ အသုံးပြုနိုင်သည်။

ဒရုန်းဂါ့ဒ်သည် ၃၆၀ ဒီဂရီ ပတ်လည် ပတ်ဝန်းကျင်ကို လွှမ်းခြုံလုပ်ဆောင်နိုင်ပြီး နယ်ခြားဒေသများ၊ ကြီးမားသည့် ပွဲလမ်းသဘင်များ၊ လေဆိပ်များနှင့် အခြား အရေးကြီးသည့် အခြေခံအဆောက်အဦများကို ကာကွယ်ရန် အကောင်းဆုံး ဖြစ်သည်။“ရန်လိုတဲ့ မောင်းသူမဲ့လေယာဉ်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ နယ်ခြားဖြတ်ကျော် ထိုးဖောက်ဝင်ရောက်မှု ဒါမှမဟုတ်

စစ်ဆင်ရေးတပ်ဖွဲ့တွေ ဒါမှမဟုတ် လူစုလူဝေးနေရာတွေကို ချိန်ရွယ်ပစ်ခတ်နိုင်မှုက သိသာကြီးမားတဲ့ အန္တရာယ်ပြု တိုက်ခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်” ဟု အိုင်အေအိုင်/အီးအယ်လ်တီအေ၏ ထောက်လှမ်းရေး၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်းနစ် စစ်ဆင်ရေး ဌာနခွဲ ဒုတိယဥက္ကဋ္ဌနှင့် အထွေထွေမန်နေဂျာ အဒီ ဒူးလ်ဘာ့ဂ်က ပြောကြားခဲ့သည်။

ဒရုန်းဂါ့ဒ် ကွန်မ်ဂျမ်းက ပေးတဲ့ အဝေးကို ထောက်လှမ်းနိုင်မှုနဲ့ အနှောင့်အယှက် ပေးနိုင်မှုတွေကြောင့် ဝယ်ယူတဲ့ ဖောက်သည်အတွက် အဲဒီလို ခြိမ်းခြောက်တိုက်ခိုက်မှုတွေအပေါ် ကာကွယ်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။”
Crd..Moe Win Oo

Unicode









Crd..Moe Win Oo

Crd