အပူချိန် ၅၀ဒီဂရီကို လျှော့ချဖို့ မိုးအတု ဖန်တီးပြလိုက်တဲ့ ဒူဘိုင်း

News

အပူချိန်မြင့်မားတဲ့မြို့လို့ လူသိများတဲ့ ဒူဘိုင်းဟာ နိုင်ငံတွင်း အပူချိန်ကိုလျှော့ချဖို့ မိုးအတုဖန်တီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သဘာအတိုင်းရွာတဲ့မိုးမဟုတ်ဘဲ လူသားတွေဖန်တီးထားတဲ့ မိုးကိုရွာစေခဲ့တာဖြစ်လို့ ဒူဘိုင်းရဲ့နည်းပညာက ကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်။

ဒူဘိုင်းမြို့ရှိတဲ့ ယူအေအီးနိုင်ငံရဲ့အပူချိန်ဟာ အမြင့်ဆုံးအချိန်မှာ ၅၀ ဒီဂရီဆဲစီးရပ်အထိကိုရှိပါတယ်။ တနှစ်ပတ်လုံးမှာမှ မိုးရေချိန် လေးလက်မပဲရှိတဲ့အပြင် ပူလွန်းတဲ့အတွက် အပူချိန်ကိုအံ့တုဖို့ နည်းပညာလိုလာပါတယ်။ ရာသီဉတုကို ကိုယ်တိုင်ပဲထိန်းချုပ်ဖို့ပါ။

ရာသီဉတုကိုထိန်းချုပ်မယ့်ဒရုန်းပရောဂျက်ကိုဖန်တီးခဲ့ပြီး၊ အဆိုပါပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း သုံးခဲ့ပါတယ်။ ဒရုန်းတွေရဲ့ရည်ရွယ်ချက်က တိမ်တွေထဲမှာ မိုးရွာတဲ့အဆင့်ထိဖြစ်လာအောင် မိုးရေစက်တွေဖန်တီးပေးနိုင်ဖို့ပါပဲ။

ဒရုန်းတွေထဲမှာ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေမပါဘဲ ဖန်တီးထားတာဖြစ်တဲ့အတွက် စိတ်ချရတယ်လို့ ပရောဂျက်ကိုဖန်တီးတဲ့ပညာရှင်တဉီးကဆိုပါတယ်။ ဒူဘိုင်းမြို့ကောင်းကင်မှာ မိုးရွာစေနိုင်မယ့်အထိကြီးမားတဲ့တိမ်စိုင်တွေကို ဒရုန်းနဲ့ဖန်တီးလိုက်ပြီး၊ ဇူလိုင် ၁၅ ရက်နေ့မှာ စရွာစေခဲ့ပါတယ်။

အောင်မြင်သွားချိန်မှာ မိုးတွေအသည်းအသန်ရွာလွန်းနေတာကြောင့် မိုးလေဝသဌာနကပါ သတိပြန်ပေးခဲ့ရပါတယ်။ မိုးရွာခဲ့တာကြောင့် အပူချိန်ကို တဖက်တလမ်းကလျှော့ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာ မြို့ရဲ့အပူချိန်ကို လျှော့ချဖို့ တိမ်တွေထပ်ဖန်တီးနေပြီး၊ မိုးရွာမယ့်အချိန်ကို မိုးဇလက တောက်လျှောက်ထုတ်ပြန်နေတယ်လို့ သိရပါတယ်။

ReF:Ladbible

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

ZawGyi

Leave a Reply