အပန်းဖြေကျေးရွာလေးအဖြစ် ရဲတိုက်ပုံစံအိမ်များစွာဖြင့် ဘီလီယံများစွာကုန်ကျခံကာ တည်ဆောက်ခဲ့သော်လည်း နေထိုင်သူမရှိခဲ့သည့် အဖြစ်

News

လူသားတို့ဟာ လောကကြီးထဲတွင် အဆင်ပြေချောမွေ့စွာဖြင့် အသက်ရှင်နေထိုင်ရန်အတွက် အမြဲတမ်းကြိုးပစ်နေခဲ့ကြရပေသည်။ထို့ကြောင့် လူအများစုတို့သည် အပန်းဖြေ အနားယူနိုင်ရန်အတွက် အေးချမ်သောနေရာဒေသများသို့ ခရီးထွက်၍ဖြစ်စေ နေအိမ်ဝယ်ယူ၍ဖြစ်စေ နေထိုင်တတ်ကြသည်။

ထို့ကြောင့် တူရကီနိုင်ငံမှ ဘီလီယံနာတစ်ဦးဟာ နိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် ဇိမ်ခံအိမ်ရာစီမံကိန်းတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ထိုစီမံကိန်းဟာ လူတို့အပန်းဖြေနေထိုင်နိုင်ရန်အတွက် အရာရာရှိနေခဲ့ပြီး ခမ်းနားလှသော အိမ်ကြီးတွေဖြင့် နေထိုင်ချင်စဖွယ်ဖြစ်ခဲ့ပါတယ်။

နေအိမ်ပတ်ဝန်းကျင်ဟာလည်း တောတောင်ရေမြေသဘာဝတို့ဖြင့် အလွန်စွဲမက်ဖွယ်ကောင်းနေခဲ့ပါတယ်။သို့သော်လည်း နေအိမ်ကိုရောင်းချသည့်အချိန်တွင် ဝယ်ယူသူဟာ အနည်းငယ်သာ ရှိနေခဲ့သည့်အတွက် နေထိုင်သူမရှိဘဲ စွန့်ပစ်ခဲ့ရသည့် အပန်းဖြေကျေးရွာလေးတစ်ခု ဖြစ်နေခဲ့ရပါတယ်။

Shoon (Cele Daily)

Leave a Reply