■အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ်ပဲ နေထိုင်ကြမှာဖြစ်သည့် လူနာဂိတ်ဝေး

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ်ပဲ နေထိုင်ကြမှာဖြစ်သည့် လူနာဂိတ်ဝေး

လူနာဂိတ်ဝေးဟာ အင်တာနေရှင်နယ်စပေ့ စတေရှင်ထက် အနည်းငယ်ပိုသေးပြီး ISS တိုတယ် ပရက်ရှာရိုက်စ် ဗော်လူးရဲ့ ၁၃ % ပဲရှိတာပါ။ ဒါက သက်တောင့်သက်သာရှိတဲ့ အိပ်ခန်းငါးခန်းပါ အိမ်နဲ့ ညီမျှပါတယ်။ဒါပေမဲ့ လူနာဂိတ်ဝေးရဲ့ နေထိုင်ရာအခန်းက အပန်းဖြေယာဉ်မှာနေထိုင်ရသလို ခံစားချက်ကို ပေးစွမ်းမှာပါ။ ISS လိုမဟုတ်ဘဲ ဂိတ်ဝေးဟာ အဖွဲ့ဝင်တွေ ဆက်တိုက်ပါမှာမဟုတ်ပါဘူး။

အနည်းဆုံးတစ်နှစ်ကို တစ်ကြိမ်ပဲ နေထိုင်ကြမှာပါ။ သိပ္ပံစမ်းသပ်မှုတွေအပါအဝင် လူသားတွေ ယာဉ်ပေါ်မှာ မရှိတဲ့အချိန်မှာ အာတစ်ဖစ်ရှယ် အင်တဲလီးဂျန့် ဘေ့စ် ရိုဘော့တစ် စစ်စတမ် ကနမ်ဒန်သရီး က ဂိတ်ဝေးကို စောင့်ရှောက်မှာဖြစ်ပါတယ်။ အခြေစိုက်စခန်းတွေအကြောင်းပြောရမယ်ဆိုရင် ဂိတ်ဝေးကနေ လမျက်နှာပြင်ပေါ်ကို အာကာသယာဉ်မှူးတွေ ဆင်းသက်ဖို့ နည်းလမ်း လိုအပ်ပါတယ်။

ဒါဟာ အာတီမစ်ပရိုဂရမ်ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ လူသားဆင်းသက်ရေးစနစ်ပဲ ဖြစ်ပါတယ်ရှင်။ ဒီစနစ်မှာ လပတ်လမ်းကနေ အသွားအပြန်လုပ်နိုင်ပြီး လူသားတွေကို လကမ္ဘာပေါ်ပို့ဆောင်ပေးနိုင်တဲ့ အင်တီဂရိတ်တတ် လန်ဒါ ဗက်ဟီကယ် ပါဝင်တာပါ။ အာတီမစ်ပရိုဂရမ်အတွက် လူသားဆင်းသက်ရေးစနစ် တည်ဆောက်ဖို့ အမေရိကန် ကုမ္မဏီသုံးခုကို နာဆာက ရွေးချယ်ခဲ့ပါတယ်။

ဒါဟာ ဒီစစ်စတမ်သုံးခုလုံးကို အသုံးပြုလိမ့်မယ်လို့ ဆိုလိုတာပါ။ ဘလူးအော်ရဂျင်ဟာ အင်တီဂရိတ်တတ် လန်း ဗက်ဟီကယ်လို့ ခေါ်တဲ့ အဆင့်သုံးဆင့်ပါ လေယာဉ်ကို တီထွင်ပါလိမ့်မယ်။ ၎င်းဟာ သူ့ရဲ့ ကိုယ်ပိုင် နယူးဂလန့်ရော့ကတ်စစ်စတမ် ၊ ULA ဗော်ကန် လန့်ခ်ျ စစ်စတမ် တို့ကိုအသုံးပြုပြီး ပစ်လွှတ်မှာပါ။

အမေရိကန်ကုမ္မဏီ ဒိုင်နက်တစ် ကော်ပိုရေးရှင်း ကတော့ ULA ဗော်ကန် လန့်ခ်ျ စစ်စတမ်နဲ့ လွှတ်တင်ပြီး အဆင်းအတက်လုပ်ဆောင်မှုတွေသာ ဖြည့်ဆည်းပေးမဲ့ ဆင်ဂယ် စထရက်ချာ ဒိုင်နက်တစ် လူသားဆင်းသက်ရေးစနစ်ကို တီထွင်နေတာပါ။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext