■အထူးစပါယ်ရှယ်ပြုလုပ်ထားတဲ့ ရွေ့လျားနိုင်တဲ့ရထား
Article Knowledge Militarily World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■အထူးစပါယ်ရှယ်ပြုလုပ်ထားတဲ့ ရွေ့လျားနိုင်တဲ့ရထား
ပရိတ်သတ်ကြီးရေ..လေယာဉ်တွေနဲ့အာကာသယာဉ်တွေဟာ အလုပ်ကိုအောင်အောင်မြင်မြင်လုပ်ဖို့မစွမ်းဆောင်နိုင်ကြတဲ့အခါမှာ အခြေခံအချက်လေးတွေကိုပြန်သွားပြီးတော့ အရင်ကလမ်းပန်းဆက်သွယ်ရေးနေရာမှာအသုံးပြုလို့ကောင်းခဲ့တဲ့ ဘယ်လိုပုံစံရထားအမျိုးစားကိုမဆို ပြန်လည်အသုံးချဖို့အချိန်ရောက်လာပြန်ပါပြီ။ (၁၉၈၀)ခုနှစ်နောက်ပိုင်းမှာ အမေရိကန်စစ်တပ်ရဲ့အလေးထားစရာကိစ္စတွေထဲကတစ်ခုကတော့ဆိုဗီယက်နိုင်ငံကတိုက်ခိုက်လာတဲ့ကိစ္စပဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒုံးကျည်လက်နက်သိုလှောင်တဲ့နေရာဟာရန်သူတွေအတွက်လွယ်ကူတဲ့ပစ်မှတ်တခုဖြစ်ရရှာတယ်။ဘာ့ကြောင့်လဲဆိုတော့ လေတပ်စခန်းကပုံသေတည်ဆောက်ထားတဲ့အတွက်ကြောင့်မို့ဖြစ်တယ်လို့ဆိုရပါမယ်။အဲ့ဒီတွက်ကြောင့်ငြိမ်းချမ်းရေးကိုထိန်သိမ်းပေးတဲ့အရာဖြစ်တဲ့ရွေ့လျားနိုင်တဲ့ရထားခံတပ်ဆောက်ဖို့ အမေရိကန်လေတပ်က အကြံရလာခဲ့ပါတယ်။
ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့အရာလို့အထင်မှားအောင်အမည်ပေးထားသော်လည်းတကယ်တော့အဲ့ဒါဟာ နျူးကလီးယားလက်နက်တိုက်တခုဖြစ်ပြီး ဒုံးကျည်လက်နက်ပေါင်း(၅၀)ပါဝင်တဲ့အထူးစပါယ်ရှယ်ပြုလုပ်ထားတဲ့ရွေ့လျားနိုင်တဲ့ရထားဖြစ်ပါပဲ။ရထားတွေကို နိုင်ငံရဲ့နေရာအနှံ့မှာရှိတဲ့ စစ်လက်နက်ပစ္စည်းဖြည့်တင်းပေးတဲ့အဆောက်အအုံတွေအနီးမှာထိန်းသိမ်းထားကြပြီး မိုင်ပေါင်း(၁)သိန်း(၂)သောင်းရှည်တဲ့ကုန်သွယ်ရေးရထားလမ်းတွေကိုဖြတ်ကာ ဆိုဗီယက်နိုင်ငံကိုမဟာဗျူဟာသုံးပြီးတိုက်ခိုက်ဖို့အတွက် လုပ်ထားကြတာဆိုလည်းမမှားပါဖူး။
မီးရထားတစ်စီးဆီမှာ နျူးကလီးယားဗုံးတွေပါတဲ့ကား(၂)စီးပါပြီး ကားရဲ့ခေါင်မိုးကနေဖွင့်ပြီးပစ်လို့ရတဲ့ စပါယ်ရှယ်ဒုံးပျံပစ်စင်တစ်ခုပါဝင်ပါတယ်။သူတို့ဟာသူတို့ရဲ့လက်နက်တွေကို ဖြောင့်ဖြောင့်ဖြူးဖြူးနဲ့အဝေးရောက်အောင်ပစ်နိုင်ကြပါသေးတယ်။
(၁၉၈၆)မှာသမ္မတကြီးရော်နယ်ရေဂန်(Ronald Reagan)ဟာ ရွေ့လျားနိုင်တဲ့မီးရထားခံတပ်နဲ့ပတ်သက်တဲ့အစီအစဉ်ကို ထောက်ခံအားပေးခဲ့ပြီးနောက်မှာ အဲဒါဟာ စျေးကြီးပြီးတော့မလိုအပ်ဖူးလို့ဝေဖန်ခဲ့ပြန်ပါတယ်။ဒီစီမံကိန်းဟာ(၅)နှစ်မျှသာအသုံးချလိုက်ပြီးစစ်အေးတိုက်ပွဲပြီးတဲ့နောက်မှာအဆုံးသတ်သွားခဲ့ပါတော့တယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext