အထူးခြားဆုံး မိတ်လိုက်နည်းတွေကိုကျင့်သုံးနေကြတဲ့ တိရစ္ဆာန်များ
တိရစ္ဆာန်ကမ္ဘာမှာတော့ အချို့သော တိရစ္ဆာန်တွေဟာ အတော့်ကို ထူးခြားတဲ့ မိတ်လိုက်နည်းတွေကို ကျင့်သုံးနေလေ့ရှိကြပါတယ်။
မိတ်လိုက်နေစဉ် ခေါင်းဖြတ်ခြင်း၊ လိင်တံကို စားသုံးပစ်ခြင်းအထိ အချို့သော အပြုအမူတွေက ရက်စက်လွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ဒါဟာ တိရစ္ဆာန်နိုင်ငံတော်ရဲ့ သဘာဝတရားတွေအတွက်တော့ သာမန်ဖြစ်ရပ်တွေပါပဲ။
မျိုးစိတ်များစွာရဲ့ ထူးခြားပြင်းထန်တဲ့ မိတ်လိုက်ခြင်းဆိုင်ရာ အလေ့အကျင့်များဟာ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဖွံ့ဖြိုးလာပြီး ဒီလိုဆင့်ကဲပြောင်းလဲမှုတွေကလည်း ပတ်ဝန်းကျင်က မျိုးစိတ်တွေကနု တည်တံ့ခိုင်မြဲစေရန်အတွက် ပြီးပြည့်စုံစွာ ချိန်ညှိပေးလေ့ရှိပါတယ်။
ဒါကြောင့် အထူးခြားဆုံးသော မိတ်လိုက်နည်းလမ်းတွေနဲ့ မိတ်လိုက်တတ်ကြတဲ့ တိရစ္ဆာန်တချို့ကို ဖော်ပြပေးသွားချင်ပါတယ်။
ဘိုနိုဘိုမျောက်
အာဖရိက အလယ်ပိုင်းမှာ တွေ့ရှိရတတ်တဲ့ မျောက်ဝံကြီး မျိုးစိတ်ဖြစ်တဲ့ ဘိုနိုဘိုဟာ လူတွေလိုပဲ နမ်းခြင်း(လျှာဖြင့်)၊ ပါးစပ်နဲ့ လိင်ဆက်ဆံတတ်ကြတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။
ဘိုနိုဘိုတွေဟာ မိတ်လိုက်တဲ့ အကြိမ်ရေ များပြားလွန်းကြတဲ့ မျိုးစိတ်တွေလည်းဖြစ်ပါတယ်။ ဘိုနိုဘိုတို့ဟာ နှုတ်ဆက်ခြင်းနဲ့ ပဋိပက္ခ ဖြေရှင်းပေးခြင်းတို့ အပါအဝင် လူမှုရေး အခြေအနေ အမျိုးမျိုးမှာလည်း မိတ်လိုက်တာကို ဖြေရှင်နည်းတစ်ခုအဖြစ် အသုံးပြုကြပါတယ်။
သန်ကောင်
အချို့သော သန်ကောင်မျိုးစိတ်တွေဟာ သုတ်ပိုးနဲ့ မျိုးဥများကို ထုတ်လွှတ်နိုင်စွမ်းရှိကြတဲ့ သားဥမွှားများ ဖြစ်ပါတယ်။
မိတ်လိုက်စဉ်အတွင်း သန်ကောင်နှစ်ကောင်ဟာ “လိင်တံကို ကာရံထား” ပြီး တစ်ဖက်ကိုတော့ ဦးခေါင်းနှစ်လုံးရှိ လိင်တံဖြင့် တွန်းလှန်ရန် ကြိုးစားကြရမှာပါ။
တစ်ဖက်ကကောင်ရဲ့ အရေပြားကို အရင်ဆုံး ထိုးဖောက်ဝင်ရောက်နိုင်သူဟာ သုတ်ရည်များကို ထုတ်ပေးပြီးဘတိုက်ပွဲမှာ “အောင်နိုင်သူ” ဖခင်ဖြစ်လာမှာပါ။ အရှုံးသမားကတော့ မိခင်ရဲ့ တာဝန်အားလုံးကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ဖြူကောင်
“ဆူးတွေနဲ့ ဖြူကောင်တွေက အချစ်ကို ဘယ်လိုဖန်တီးကြလဲ”လို့ မေးတဲ့ဟာသဟောင်းတစ်ခု ရှိပါတယ်။ အဖြေကတော့ “အလွန်ဂရုတစိုက်နဲ့ပေါ့” လို့ ဆိုရမှာပဲ။
ဖြူကောင်တွေဟာ သူတို့ရဲ့ဆူးတွေကြောင့် မိတ်လိုက်ချိန်မှာ အချင်းချင်း မထိမိစေဖို့ သတိထားရမှာပါ။
ထင်ရှားတာက မိတ်လိုက်ခြင်းကို ဆီးနဲ့ အစပြုတာပါပဲ။ ဖြူကောင်ထီးက နောက်ခြေထောက်များကို မြောက်ကာ မတ်နေတဲ့ သူ့လိင်တံဖြင့် အမျိုးသမီးဆီသို့ လျှောက်သွားရင်း ၆ ပေ အကွာအဝေးထိ ပစ်နိုင်လောက်အောင် ပြင်းထန်တဲ့ ဆီးတို့ဖြင့် ပန်းထုတ်လိုက်ကြပါတယ်။
ဓားခုတ်ကောင်
ဓားခုတ်ကောင်အမတွေက မိတ်လိုက်ချိန်မှာ အထီးတွေကို သတ်ဖြတ်စားသောက်ခြင်းအတွက် နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ မျိုးစိတ်တွေဖြစ်ပါတယ်။
မိတ်လိုက်နေချိန်မှာ အမက အထီးရဲ့ ခေါင်းကို ကိုက်ဖြတ်စားသောက်လိုက်ပြီး အထီးကတော့ ခေါင်းပြတ်နေတဲ့ ခန္ဓာကိုယ်နဲ့ ဆက်လက်ပြီး မိတ်လိုက်နေနိုင်စွမ်း ရှိပါတယ်။
ဓားခုတ်ကောင် အထီးတွေအဖို့တော့ မိတ်လိုက်ပြီးတာနဲ့ သူတို့ဘဝလည်း အဆုံးသတ်တော့တာပါပဲ။
အန်ဂလာမျှားငါး
သိပ္ပံပညာရှင်တို့ဟာ ၁၉ ရာစုလောက်က မျှားငါးများကို စတင်သုတေသနပြုရင်း သူတို့နမူနာများ အားလုံးဟာ အမတွေပဲဖြစ်နေခဲ့လို့ ခေါင်းစွားသွားခဲ့ရကြဖူးပါတယ်။
ရာစုနှစ်တစ်ခုကျော် ကြာတဲ့အထိ ဒီအဖြေကို ရှာမတွေ့ခဲ့ကြဘဲ နောက်ဆုံးမှာတော့ အထီးတွေဟာ အမတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ကြပါတော့တယ်။
မျှားငါးများ မိတ်လိုက်တဲ့အခါ အထီးတွေက အမတွေရဲ့ ခန္ဓာကိုယ်ပေါ်သို့တက်ပြီး ချည်နှောင်လိုက်သလို လုပ်ဆောင်လိုက်ရင်း အထီး ခန္ဓာကိုယ်ဟာလည်း အမကိုယ်ရဲ့ အရေပြား၊ သွေးကြောများနဲ့ ပေါင်းစပ်သွားပါတော့တယ်။
အဲဒီကစလို့ အထီးက သူလိုတဲ့ အာဟာရအားလုံးကို အမထံမှ ရယူသလို ကပ်ပါးပိုးတစ်ကောင်လို လုပ်ဆောင်ပါတော့တယ်။ အမတွေကိုတော့ အထီးတွေက သုတ်ပိုးလိုအပ်ချက်အတွက် ပံ့ပိုးပေးကြပါတယ်။
ပရဒိသု ငှက်များ
ပရဒိသု ငှက်လေးတွေကတော့ သူတို့ရဲ့ အလွန်ထူးခြားဆန်းပြားတဲ့ မိတ်လိုက်အကများကြောင့် နာမည်ကြီးကြပါတယ်။
အချို့သော ပရဒိသု ငှက်မျိုးကွဲတို့ဟာ အထီးတွေက အရောင်အသွေး တောက်ပြောင်လှပကြပေမဲ့ အမတွေရဲ့ အသွင်အပြင်ကတော့ ရိုးရှင်းကြပါတယ်။
ဒါဟာ မိတ်လိုက်ခြင်းအတွက် သဘာဝက ဖန်ဆင်းပေးထားတဲ့ အရာဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း အထီးတွေက သူတို့ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကို အသုံးပြုရင်း အမတွေကို စိတ်ပါလာအောင်တွေ ကခုန်ကြတာပါ။ ဒီလို ညှို့နှိုင်းမှုက ချစ်စရာကောင်းပြီး ရယ်စရာကောင်းပါတယ်။
ကြမ်းပိုး
ကြမ်းပိုးတွေဟာ မသန့်ရှင်းခြင်းရဲ့ ပြယုဂ်အဖြစ် လူသိများကြပါတယ်။ သူတို့ရဲ့ မိတ်လိုက်တဲ့ အလေ့အထကို သိရှိပြီးပြီဆိုပါက သင့်အနေနဲ့ လုံးဝ စိတ်အနှောင့်အယှက် ဖြစ်စရာ နောက်တစ်ချက်ကို ထပ်တိုးပိုင်ဆိုင်သွားပါလိမ့်မယ်။
ကြမ်းပိုးထီးတွေဟာ ဝမ်းဗိုက်အတွင်း ချွန်ထက်တဲ့ လိင်အင်္ဂါဖြင့် ဓားနဲ့ထိုးသလို ထိုးဆွပြီး သုတ်ရည်များကို အမတွေရဲ့ ခန္ဓာကိုယ်ထဲသို့ ပစ်ထည့်ခြင်း ကျင့်စဉ်နဲ့ မိတ်လိုက်ကြပါတယ်။
အမတွေကလည်း ဒီဖြစ်စဉ်ကို ရှင်သန်ရန်အတွက် လိုက်လျောညီထွေမှု ရှိကြသော်လည်း အထီးတွေကသာ အခြားအထီးတွေကို အမတစ်ကောင်နဲ့မှားပြီး ထိုးလိုက်မိမယ်ဆိုရင်တော့ အထိုးခံရတဲ့ အထီးက သေဆုံးသွားလေ့ရှိပါတယ်။
သစ်ကုလားအုတ်
သစ်ကုလားအုတ် အထီးတစ်ကောင်က သူနှစ်သက်တဲ့ သစ်ကုလားအုတ် အမတစ်ကောင်ကို တွေ့တဲ့အခါ သူ့နောက်မှာ ပွတ်သပ်ရင်းနဲ့ မိတ်လိုက်ခြင်းဓလေ့ကို စတင်ပါတယ်။
အဲဒီနောက် အမရဲ့ဆီးကို အရသာခံနိုင်ဖို့ သူမကို ဆီးသွားအောင် လုပ်ဖို့ ကြိုးစားပါတော့တယ်။
သုတေသီတွေရဲ့ အဆိုအရ အထီးတွေ အခုလို လုပ်ကြတာက အမတွေရဲ့ ဆီးထဲမှာ ဓာတုဗေဒဆိုင်ရာညွှန်ကိန်းများကို ရှာဖွေတွေ့ရှိဖို့ဖြစ်ပြီး ဒီကတစ်ဆင့် အမဟာ သူ့အတွက် အိမ်ထောင်ဖက်ပြုရန် အဆင်သင့် ဖြစ်မဖြစ်ကို တွက်ဆနိုင်ကြပါသတဲ့။
ကလောင်းငါး (Clownfish)
သန်ကောင်တွေလိုပဲ ကလောင်းငါးများဟာ ဝှေးစေ့နဲ့ သားဥအိမ် နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားကြတဲ့ မျိုးစိတ်တွေရှိဖြစ်ပါတယ်။
Clownfish တွေရဲ့ မိတ်လိုက်ပုံဟာ ကြီးစိုးသူ အမတစ်ကောင်နဲ့ အထီးများစွာရှိတဲ့ အုပ်စုမှာပဲ ဖြစ်ပွားပါတယ်။
အမဟာ အုပ်စုပ်တွင်းက အထီးတွေအားလုံးနဲ့ မိတ်လိုက်ရမှာဖြစ်ပြီး သေဆုံးသွားပါက နောက်လွှမ်းမိုးသူ အထီးဟာ အမဖြစ်လာပြီး အုပ်စုအတွင်းရှိ အခြားသော အထီးတွေနဲ့ လက်တွဲသွားရမှာ ဖြစ်ပါတယ်။
ပက်ကျိ
ပက်ကျိတွေမှာလည်း လိင်တံနဲ့ မိန်းမအင်္ဂါ နှစ်မျိုးလုံး ပါရှိပါတယ်။ တကယ်တော့၊ သူတို့ မိတ်လိုက်တဲ့အခါ ပက်ကျိနှစ်ကောင်က တညီတညွှတ်တည်း ကျုံ့သွားကာ သူတို့ရဲ့ လိင်တံတွေကို အချင်းချင်း ထိုးသွင်းကာ သုတ်ပိုးများကို မျှဝေကြပါတယ်။
ဒီမှာ ထူးဆန်းတာ စတင်ပါပြီ။ မိတ်လိုက်ပြီးနောက်၊ ပက်ကျိတစ်ကောင်က တခြားကောင်ရဲ့လိင်တံကို ကိုက်စားလိုက်ပါတော့တယ်။
အစားခံရတဲ့ ပက်ကျိမှာ မအင်္ဂါပဲ ကျန်ရှိတော့မှာဖြစ်ပြီး ဒီလိုလုပ်ကြတဲ့ အကြောင်းရင်းကိုတော့ ပညာရှင်တွေက အဖြေရှာနေကြဆဲပါပဲ။
Knight News Team
Knight News © 2022
Crd