အထက်တန်းကျောင်းသားဘဝတုန်းက စာသင်ပေးခဲ့သည့် ဆရာမကို သဘောကျလို့ ဆရာတစ်ယောက်ဖြစ်အောင်လုပ်ပြီး မရရအောင်လိုက်ကာ လက်ထပ်ယူခဲ့သည့် လူငယ်လေး

News Social News




Shoon (Cele Daily)

Zawgyi

အထက်တန်းကျောင်းသားဘဝတုန်းက စာသင်ပေးခဲ့သည့် ဆရာမကို သဘောကျလို့ ဆရာတစ်ယောက်ဖြစ်အောင်လုပ်ပြီး မရရအောင်လိုက်ကာ လက်ထပ်ယူခဲ့သည့် လူငယ်လေး

အချို့သောလူငယ်စုံတွဲများတွင် ဇာတ်ကားများထက်ပင် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသည့် အချစ်ဇာတ်လမ်းလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Quoc Dungဆိုသည့်လူငယ်ကောင်လေးဟာ ၂၀၁၅ ခုနှစ်က သူ့ကိုစာသင်ပေးခဲ့သည့် ဆရာမဖြစ်သူကိုသဘောကျပြီး ချစ်ရေးဆိုခဲ့သည်။

ထိုအခါ ဆရာမဖြစ်သူ၏ငြင်းတာကို ခံခဲ့ရတာဖြစ်ပါတယ်။ထို့နောက်လူငယ်ကောင်လေးဟာ ကျောင်းဆရာတစ်ယောက်ဖြစ်လာအောင်ကြိုးစားပြီး ဆရာမထံသို့ချည်းကပ်ခဲ့ပါတယ်။ထို့ကြောင့် ၂၀၂၂ ခုနှစ်ရောက်သည့်အချိန်မှာတော့ လူငယ်လေးဟာ ဆရာမ၏အချစ်ကိုရအောင်ယူနိုင်ခဲ့သည့် ဆရာပေါက်စလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

လူငယ်လေး၏အချစ်အတွက် ကြိုးစားခဲ့သည့်နောက်မှာတော့ စစ်မှန်သောချစ်ခြင်းတရားတွေကို ပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

Crd