■အတိတ်ဘဝကို ကိုယ်စီသတိရကြသော အဖြစ်အပျက်များနဲ့ကလေးများ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အတိတ်ဘဝကို ကိုယ်စီသတိရကြသော အဖြစ်အပျက်များနဲ့ကလေးများ

ရိုင်ယန်ဟမ်မွန်

ဒီအဖြစ်အပျက်ကတော့အိုကာဟားမားမုာဖြစ်ပျက်ခဲ့တာပါ။ရိုင်ယန်ဟမ်မွန်ကသူ့အသက်၄နှစ်အရွယ်ကတည်းကသူ့အမေကိုထူးဆန်းတဲ့အကြောင်းအရာတွေပြောပြနေခဲ့ပါတယ်။အစပိုင်းမှာတော့သူမဟာသူ့ရဲ့စိတ်ကူးယဉ်ပုံပြင်သပ်သပ်သာထင်ခဲ့ပေမယ့်နောက်ပိုင်းမှာအသေးစိတ်ပြောပြလာခဲ့တော့သာမန်လုပ်ကြံပုံပြင်ထက်ပိုတယ်ဆိုတာသတိထားလာမိပါတော့တယ်။ဒါ့အပြင်သူဟာဟောလိဝုဒ်မှာရှိတဲ့သူ့အိမ်ကိုခေါ်သွားပေးဖို့အမြဲတောင်းဆိုနေခဲ့တာပါ။ဒါကြောင့်သူ့အမေဟာဂရန်းတာကာလို့ခေါ်တဲ့အကြံပေးတစ်ယောက်နဲ့တိုင်ပင်ဆွေးနွေးခဲ့ပြီးသူ့အကူအညီနဲ့ပဲရိုင်ယမ်ဟမ်မွန်ပြောပြတဲ့အချက်တွေအတိုင်းသေဆုံးသွားခဲ့တဲ့မာတီမာတင်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ဟောလိဝုဒ်မှာရှိခဲ့ဖူးတယ်ဆိုတာသိလိုက်ရပါတယ်။

ဘာဘရိုကာလန်

အန်းဖရန့်နဲ့ဘာဘလိုကာလန်တို့မှာဘယ်လိုတိုက်ဆိုင်မှုတွေများရှိနေမှာလဲ?ဘာဘရာဟာစကားပြောတတ်စအရွယ်ကတည်းကသူမကိုဘာဘရာလို့မခေါ်ဖို့နဲ့အန်းလို့ခေါ်ဖို့အမြဲပြောနေခဲ့တာပါ။အစပိုင်းမှာတော့သူမရဲ့မိဘတွေမယုံခဲ့ပါဘူး။သူမကိုစိတ်ရောဂါကုသရေးဆရာဝန်တွေနဲ့ပြသခဲ့ပါတယ်။အမ်စတာဒန်ကိုသွားရောက်လည်ပတ်တဲ့ခရီးကပြန်လာခဲ့ပြီးတဲ့နောက်မှာတော့သူမကိုယုံကြည်သွားကြပါတော့တယ်။ဘာဘရာလေးဟာသူမအရင်ဘဝကနေထိုင်ခဲ့တဲ့အိမ်ကိုပြန်သွားရတာအရမ်းစိတ်ရှုပ်ရှားနေခဲ့တာပါ။နောက်ပိုင်းသူမအရွယ်ရောက်လာတဲ့အခါမှာတော့သူမဟာဒီအိမ်ရဲ့အပြင်အဆင်တွေကိုဘယ်လိုမှတ်မိခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေပါဝင်တဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုရေးသားခဲ့ပါသေးတယ်။

ပိုလော့အမြွှာ

ဂျီလီယံပိုလော့နဲ့ဂျနီဖာပိုလော့တို့နှစ်ယောက်ကသူတို့အမတွေဝင်စားကြတာပါ။ဟုတ်ပါတယ်ပရိတ်သတ်ကြီးထင်တဲ့အတိုင်းပါပဲ။သူတို့ရဲ့အမရင်းတွေဖြစ်တဲ့အသက်၆နှစ်အရွယ်ဂျက်ကောလင်းနဲ့အသက်၁၁နှစ်အရွယ်ဂျိုအန်နာတို့ဟာကားအက်စီးဒန့်တစ်ခုမှာသေဆုံးသွားခဲ့ကြတာပါ။မတော်တဆဖြစ်ပွါးပြီးနောက်မှာသူတို့မိသားစုဟာအဲ့ဒီမြို့ကနေထွက်သွားခဲ့ကြပြီးနောက်မှပြန်လာခဲ့ကြတာပါ။ဒါပေမယ့်ဒီအမြွှာလေးနှစ်ယောက်ကသူတို့ရဲ့ကျောင်းတွေအရုပ်တွေကိုမှတ်မိနေခဲ့ကြပါတယ်။ထူးဆန်းစွာနဲ့သူတို့ဟာကားနဲ့သွားလာရတာကိုအရမ်းကြောက်ကြပြီးအရင်ဘဝကဒဏ်ရာတွေအတိုင်းမွေးရာပါအမှတ်တွေပါလာခဲ့ကြပါသေးတယ်။ကံကောင်းစွာနဲ့ပဲသူတို့အသက်ငါးနှစ်ပြည့်တဲ့အခါမှာတော့ဒီမှတ်ဉာဏ်တွေပျောက်သွားကြပါတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အတိတ္ဘဝကို ကိုယ္စီသတိရၾကေသာ အျဖစ္အပ်က္မ်ားနဲ႔ကေလးမ်ား

ရိုင္ယန္ဟမ္မြန္

ဒီအျဖစ္အပ်က္ကေတာ့အိုကာဟားမားမုာျဖစ္ပ်က္ခဲ့တာပါ။ရိုင္ယန္ဟမ္မြန္ကသူ႔အသက္၄ႏွစ္အရြယ္ကတည္းကသူ႔အေမကိုထူးဆန္းတဲ့အေၾကာင္းအရာေတြေျပာျပေနခဲ့ပါတယ္။အစပိုင္းမွာေတာ့သူမဟာသူ႔ရဲ့စိတ္ကူးယဥ္ပုံျပင္သပ္သပ္သာထင္ခဲ့ေပမယ့္ေနာက္ပိုင္းမွာအေသးစိတ္ေျပာျပလာခဲ့ေတာ့သာမန္လုပ္ႀကံပုံျပင္ထက္ပိုတယ္ဆိုတာသတိထားလာမိပါေတာ့တယ္။ဒါ့အျပင္သူဟာေဟာလိဝုဒ္မွာရွိတဲ့သူ႔အိမ္ကိုေခၚသြားေပးဖို႔အျမဲေတာင္းဆိုေနခဲ့တာပါ။ဒါေၾကာင့္သူ႔အေမဟာဂရန္းတာကာလို႔ေခၚတဲ့အႀကံေပးတစ္ေယာက္နဲ႔တိုင္ပင္ေဆြးေႏြးခဲ့ၿပီးသူ႔အကူအညီနဲ႔ပဲရိုင္ယမ္ဟမ္မြန္ေျပာျပတဲ့အခ်က္ေတြအတိုင္းေသဆုံးသြားခဲ့တဲ့မာတီမာတင္လို႔ေခၚတဲ့ေကာင္ေလးတစ္ေယာက္ေဟာလိဝုဒ္မွာရွိခဲ့ဖူးတယ္ဆိုတာသိလိုက္ရပါတယ္။

ဘာဘရိုကာလန္

အန္းဖရန္႔နဲ႔ဘာဘလိုကာလန္တို႔မွာဘယ္လိုတိုက္ဆိုင္မႈေတြမ်ားရွိေနမွာလဲ?ဘာဘရာဟာစကားေျပာတတ္စအရြယ္ကတည္းကသူမကိုဘာဘရာလို႔မေခၚဖို႔နဲ႔အန္းလို႔ေခၚဖို႔အျမဲေျပာေနခဲ့တာပါ။အစပိုင္းမွာေတာ့သူမရဲ့မိဘေတြမယုံခဲ့ပါဘူး။သူမကိုစိတ္ေရာဂါကုသေရးဆရာဝန္ေတြနဲ႔ျပသခဲ့ပါတယ္။အမ္စတာဒန္ကိုသြားေရာက္လည္ပတ္တဲ့ခရီးကျပန္လာခဲ့ၿပီးတဲ့ေနာက္မွာေတာ့သူမကိုယုံၾကည္သြားၾကပါေတာ့တယ္။ဘာဘရာေလးဟာသူမအရင္ဘဝကေနထိုင္ခဲ့တဲ့အိမ္ကိုျပန္သြားရတာအရမ္းစိတ္ရႈပ္ရွားေနခဲ့တာပါ။ေနာက္ပိုင္းသူမအရြယ္ေရာက္လာတဲ့အခါမွာေတာ့သူမဟာဒီအိမ္ရဲ့အျပင္အဆင္ေတြကိုဘယ္လိုမွတ္မိခဲ့တယ္ဆိုတဲ့အေၾကာင္းအရာေတြပါဝင္တဲ့ကိုယ္တိုင္ေရးအတၳဳပၸတၱိကိုေရးသားခဲ့ပါေသးတယ္။

ပိုေလာ့အႁမႊာ

ဂ်ီလီယံပိုေလာ့နဲ႔ဂ်နီဖာပိုေလာ့တို႔ႏွစ္ေယာက္ကသူတို႔အမေတြဝင္စားၾကတာပါ။ဟုတ္ပါတယ္ပရိတ္သတ္ႀကီးထင္တဲ့အတိုင္းပါပဲ။သူတို႔ရဲ့အမရင္းေတြျဖစ္တဲ့အသက္၆ႏွစ္အရြယ္ဂ်က္ေကာလင္းနဲ႔အသက္၁၁ႏွစ္အရြယ္ဂ်ိဳအန္နာတို႔ဟာကားအက္စီးဒန္႔တစ္ခုမွာေသဆုံးသြားခဲ့ၾကတာပါ။မေတာ္တဆျဖစ္ပြါးၿပီးေနာက္မွာသူတို႔မိသားစုဟာအဲ့ဒီၿမိဳ႕ကေနထြက္သြားခဲ့ၾကၿပီးေနာက္မွျပန္လာခဲ့ၾကတာပါ။ဒါေပမယ့္ဒီအႁမႊာေလးႏွစ္ေယာက္ကသူတို႔ရဲ့ေက်ာင္းေတြအ႐ုပ္ေတြကိုမွတ္မိေနခဲ့ၾကပါတယ္။ထူးဆန္းစြာနဲ႔သူတို႔ဟာကားနဲ႔သြားလာရတာကိုအရမ္းေၾကာက္ၾကၿပီးအရင္ဘဝကဒဏ္ရာေတြအတိုင္းေမြးရာပါအမွတ္ေတြပါလာခဲ့ၾကပါေသးတယ္။ကံေကာင္းစြာနဲ႔ပဲသူတို႔အသက္ငါးႏွစ္ျပည့္တဲ့အခါမွာေတာ့ဒီမွတ္ဉာဏ္ေတြေပ်ာက္သြားၾကပါတယ္။
Ref:youtube
Trans:thegeektext