■အတိတ်ကကိစ္စတွေကို ထားခဲ့ပြီး စိတ်သစ်လူသစ်နဲ့ပြန်လာတယ်ဆိုသော Lindsay Lohan

Article Celebrity Hollywood Movie World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■အတိတ်ကကိစ္စတွေကို ထားခဲ့ပြီး စိတ်သစ်လူသစ်နဲ့ပြန်လာတယ်ဆိုသော Lindsay Lohan

နာမည်ကြီးကလေးသရုပ်ဆောင်တွေစာရင်းကိုအထက်အောင်ပြန်လှန်ရှာကြည့်ရင်တော့လင်စေးလိုဟန်မပါဘဲပြီးမှာမဟုတ်ပါဘူး။ဒီညှို့အားပြင်းလှတဲ့နီညိုရောင်ဆံရှင်ကောင်မလေးဟာပွဲဦးထွက်မှာတင်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။တဟုတ်ထိုးအောင်မြင်မှုတွေရလာခဲ့တဲ့“parent trap(ပဲရန့်ထရပ်)”ဇာတ်ကားထဲမှာဟယ်လီနဲ့အန်နီအမွှာဇာတ်ကောင်တွေအဖြစ်သရုပ်ဆောင်ခဲ့တုန်းကသူမအသက်၁၁နှစ်ပဲရှိပါသေးတယ်။

၂၀၀၃ခုနှစ်မှာ”freaky Friday(ဖရိကီဖရိုင်းဒေး)”၊၂၀၀၄ခုနှစ်မှာ”mean girl(မီးန်ဂဲလ်)”ဇာတ်ကားတွေနဲ့ရေပန်းစားလာခဲ့တာပါ။ဒီလိုနာမည်ကြီးလာတာနဲ့အမျှသူမဟာလူပြိန်းကြိုက်သတင်းစာတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ရိုက်ကွင်းကိုအအိပ်လွန်နေရာကနေနောက်ကျမှထလာတာ၊အရက်နာကျနေတဲ့အနေအထားမျိုးနဲ့ရောက်လာတာတွေကငယ်ရွယ်တဲ့မင်းသမီးတစ်ယောက်ရဲ့အောင်မြင်မှုတွေကိုဆွဲယူသွားခဲ့တာပါ။

၂၀၀၆ခုနှစ်မှာတော့ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပါတယ်။အရက်မူးပြီးကားမောင်းတာတွေ၊မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုတွေ၊လိုင်ဆင်မဲ့ကားမောင်းတာတွေကျူးလွန်တဲ့ထိဖြစ်လာခဲ့တာပါ။လူမှုရေးလုပ်ငန်းတွေဆောင်ရွက်ရတာ၊တစ်ရက်ထောင်ချခံရတာ၊၃နှစ်ခံဝန်ကတိထိုးထားရတာနဲ့AEPပရိုဂရမ်စတဲ့ပြစ်ဒဏ်တွေချခံခဲ့ရပါတယ်။

လူမှုရေးပြဿနာတွေက၂၀၁၀အစောပိုင်းထိဆက်ဖြစ်နေခဲ့တော့ရုပ်ရှင်ရိုက်ကူးဖို့အခွင့်အလမ်းတွေဆုံးရှုံးလာပြီးမီဒီယာတွေမှာမကောင်းသတင်းတွေပျံ့နှံ့ခဲ့တာပါ။ဒါပေမယ့်ဒါတွေဟာအချိန်ကာလတစ်ခုအကြာကဖြစ်ပျက်ခဲ့တာတွေပါ။အခုလက်ရှိမှာရောလင်စေးလိုဟန်တစ်ယောက်ဘာတွေလုပ်ကိုင်နေလဲ?သူမဟာ”လင်စေးလိုဟန့်စ်ဘိချကလပ်”လို့ခေါ်တဲ့ရီရယ်လတီစီးရီးတစ်ခုကိုထုတ်လုပ်ပြီအနုပညာလမ်းကြောင်းပေါ်ကိုပြန်ရောက်လာပါပြီ။

အတိတ်ကကိစ္စတွေကိုထားခဲ့ပြီးစိတ်သစ်လူသစ်နဲ့ပြန်လာခဲ့တာပါ။ကျေးဇူးပြပြီးတော့အကြာင်းပြချက်မရှိဘဲကျွန်မရဲ့အတိတ်တွေပြန်တူးဖော်တာတွေမလုပ်ကြပါနဲ့တော့၊အခုဆိုရင်အရာရာဟာအရင်နဲ့မတူတော့ပါဘူးလို့သတင်းထောက်တွေကိုတောင်းဆိုခဲ့ပါသေးတယ်။
Ref:youtube
Trans:thegeektext

zawgyi

TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။

■အတိတ္ကကိစၥေတြကို ထားခဲ့ၿပီး စိတ္သစ္လူသစ္နဲ႔ျပန္လာတယ္ဆိုေသာ Lindsay Lohan

နာမည္ႀကီးကေလးသ႐ုပ္ေဆာင္ေတြစာရင္းကိုအထက္ေအာင္ျပန္လွန္ရွာၾကည့္ရင္ေတာ့လင္ေစးလိုဟန္မပါဘဲၿပီးမွာမဟုတ္ပါဘူး။ဒီညႇို႔အားျပင္းလွတဲ့နီညိဳေရာင္ဆံရွင္ေကာင္မေလးဟာပြဲဦးထြက္မွာတင္ေအာင္ျမင္မႈေတြရရွိခဲ့ပါတယ္။တဟုတ္ထိုးေအာင္ျမင္မႈေတြရလာခဲ့တဲ့“parent trap(ပဲရန္႔ထရပ္)”ဇာတ္ကားထဲမွာဟယ္လီနဲ႔အန္နီအမႊာဇာတ္ေကာင္ေတြအျဖစ္သ႐ုပ္ေဆာင္ခဲ့တုန္းကသူမအသက္၁၁ႏွစ္ပဲရွိပါေသးတယ္။

၂၀၀၃ခုႏွစ္မွာ”freaky Friday(ဖရိကီဖရိုင္းေဒး)”၊၂၀၀၄ခုႏွစ္မွာ”mean girl(မီးန္ဂဲလ္)”ဇာတ္ကားေတြနဲ႔ေရပန္းစားလာခဲ့တာပါ။ဒီလိုနာမည္ႀကီးလာတာနဲ႔အမၽွသူမဟာလူၿပိန္းႀကိဳက္သတင္းစာေတြရဲ့ပစ္မွတ္ျဖစ္လာခဲ့ပါတယ္။ရိုက္ကြင္းကိုအအိပ္လြန္ေနရာကေနေနာက္က်မွထလာတာ၊အရက္နာက်ေနတဲ့အေနအထားမ်ိဳးနဲ႔ေရာက္လာတာေတြကငယ္ရြယ္တဲ့မင္းသမီးတစ္ေယာက္ရဲ့ေအာင္ျမင္မႈေတြကိုဆြဲယူသြားခဲ့တာပါ။

၂၀၀၆ခုႏွစ္မွာေတာ့ထိန္းမနိုင္သိမ္းမရျဖစ္လာခဲ့ပါတယ္။အရက္မူးၿပီးကားေမာင္းတာေတြ၊မူးယစ္ေဆးလက္ဝယ္ေတြ႕ရွိမႈေတြ၊လိုင္ဆင္မဲ့ကားေမာင္းတာေတြက်ဴးလြန္တဲ့ထိျဖစ္လာခဲ့တာပါ။လူမႈေရးလုပ္ငန္းေတြေဆာင္ရြက္ရတာ၊တစ္ရက္ေထာင္ခ်ခံရတာ၊၃ႏွစ္ခံဝန္ကတိထိုးထားရတာနဲ႔AEPပရိုဂရမ္စတဲ့ျပစ္ဒဏ္ေတြခ်ခံခဲ့ရပါတယ္။

လူမႈေရးျပႆနာေတြက၂၀၁၀အေစာပိုင္းထိဆက္ျဖစ္ေနခဲ့ေတာ့႐ုပ္ရွင္ရိုက္ကူးဖို႔အခြင့္အလမ္းေတြဆုံးရႈံးလာၿပီးမီဒီယာေတြမွာမေကာင္းသတင္းေတြပ်ံ႕ႏွံ့ခဲ့တာပါ။ဒါေပမယ့္ဒါေတြဟာအခ်ိန္ကာလတစ္ခုအၾကာကျဖစ္ပ်က္ခဲ့တာေတြပါ။အခုလက္ရွိမွာေရာလင္ေစးလိုဟန္တစ္ေယာက္ဘာေတြလုပ္ကိုင္ေနလဲ?သူမဟာ”လင္ေစးလိုဟန္႔စ္ဘိခ်ကလပ္”လို႔ေခၚတဲ့ရီရယ္လတီစီးရီးတစ္ခုကိုထုတ္လုပ္ၿပီအႏုပညာလမ္းေၾကာင္းေပၚကိုျပန္ေရာက္လာပါၿပီ။

အတိတ္ကကိစၥေတြကိုထားခဲ့ၿပီးစိတ္သစ္လူသစ္နဲ႔ျပန္လာခဲ့တာပါ။ေက်းဇူးျပၿပီးေတာ့အၾကာင္းျပခ်က္မရွိဘဲကၽြန္မရဲ့အတိတ္ေတြျပန္တူးေဖာ္တာေတြမလုပ္ၾကပါနဲ႔ေတာ့၊အခုဆိုရင္အရာရာဟာအရင္နဲ႔မတူေတာ့ပါဘူးလို႔သတင္းေထာက္ေတြကိုေတာင္းဆိုခဲ့ပါေသးတယ္။
Ref:youtube
Trans:thegeektext