အဆက္အသြယ္ပ်က္ၿပီး ေပ်ာက္ေနတဲ့ လူငယ္ဇနီးေမာင္ႏွံ ျပန္ေတြ႕ၿပီ၊ သူတို႔ႏွစ္ဦးဘယ္လို ေပ်ာက္ၿပီး ဘယ္လို ျပန္ေတြ႕ခဲ့ၾကလဲ..?

 

အဆက္အသြယ္ပ်က္ၿပီး ေပ်ာက္ေနတဲ့ လူငယ္ဇနီးေမာင္ႏွံ ျပန္ေတြ႕ၿပီ၊ သူတို႔ႏွစ္ဦးဘယ္လို ေပ်ာက္ၿပီး ဘယ္လို ျပန္ေတြ႕ခဲ့ၾကလဲ..?

ဒီဇင္ဘာ ၂၉၊ ၂၀၂၂။
North Okkalapa Information
၂ရက္ၾကာ အိမ္နဲ႔ အဆက္အသြယ္မရပဲ ေပ်ာက္ေနတဲ့ လူငယ္ဇနီးေမာင္ႏွံ ႏွစ္ဦး ဒီဇင္ဘာလ ၂၉ရက္ ဒီကေန႔ နံနက္ပိုင္းမွာ ျပန္ေတြ႕ခဲ့တယ္လို႔ မိသားစုမ်ားထံမွ သိရပါတယ္။

အသက္ ၁၉ႏွစ္အ႐ြယ္ရွိ ေမာင္ထက္အာကာထြန္း
(ခ)ေဒၚလာႏွင့္ ဇနီးျဖစ္သူ အသက္ ၁၈ႏွစ္အ႐ြယ္ မျမတ္သိမ္ေမြ႕ထြန္း(ခ)ဂ်ဴးဂ်ဴး တို႔ ဇနီးေမာင္ႏွံႏွစ္ဦးဟာ ဒီဇင္ဘာလ ၂၇ရက္ေန႔ကစလို႔ အိမ္နဲ႔ အဆက္
အသြယ္ပ်က္ၿပီးေပ်ာက္ေနခဲ့တာပါ။

ဘယ္လို ေပ်ာက္ခဲ့တာလဲ
ဒီဇင္ဘာလ ၂၇ရက္ေန႔ ေန႔လည္ ၁၂နာရီအခ်ိန္က
သူတို႔ ႏွစ္ေယာက္ဟာ ေကာင္ေလးေနအိမ္ရွိရာ လႈိင္သာယာ မီးခြက္ေဈးအနီးက လမ္းသြားလမ္းလာ တကၠစီတစ္စီးကို ငွားၿပီး ေျမာက္ဥကၠလာပ ဓမၼ႐ုံမွတ္တိုင္ကို လာခဲ့ၾကပါတယ္။
ေျမာက္ဥကၠလာပၿမိဳ႕နယ္ (ဌ)ရပ္ကြက္မွာ ရွိတဲ့ ေကာင္မေလးရဲ႕ မိဘအိမ္ကို အလည္လာခဲ့ၾကတာပါ။

ေန႔လည္ ၂နာရီ ဝန္းက်င္မွာ ေျမာက္ဥကၠလာပ (ဃ)ေဈးအနီးသို႔ ေရာက္ေနၿပီျဖစ္ၿပီး အိမ္သို႔ေရာက္ခါနီးၿပီျဖစ္ေၾကာင္း ေကာင္မေလးကသူ႔ရဲ႕ မိဘကို ဖုန္းဆက္ေျပာခဲ့ပါတယ္။
သို႔ေသာ္ အဲ့ဒိေန႔ထဲက အိမ္ကိုေရာက္ရွိလာျခင္းမရွိပဲ အဲ့ဒိအခ်ိန္က ေနာက္ဆုံးအဆက္အသြယ္ရခဲ့တာျဖစ္ၿပီး အဲ့ဒိေနာက္မွာ ဆက္သြယ္လို႔မရေတာ့ပဲ ေပ်ာက္
ဆုံးေနခဲ့တာပါ။

ဘယ္လို ျပန္ေတြ႕ခဲ့ၾကတာလဲ၊ ဘယ္လိုေတြ႕ႀကဳံခဲ့ရတာလဲ
ဒီဇင္ဘာလ ၂၉ရက္ ဒီကေန႔ မနက္ပိုင္းမွာ သူတို႔ ႏွစ္ဦး မိသားစုနဲ႔ အဆက္အသြယ္ျပန္ရခဲ့ၾကပါတယ္။
စေပ်ာက္သည့္ေန႔က မိဘထံကို ဖုန္းေျပာၿပီးေနာက္ မူးတယ္ အိပ္ခ်င္တယ္ဟုဆိုကာ ေကာင္မေလးက အိပ္ေပ်ာ္သြားၿပီး ေကာင္ေလးက တကၠစီယာဥ္
ေမာင္းနဲ႔ ဆက္လက္ၿပီး စကားေျပာေနခဲ့ၾကပါတယ္။

အဲ့ဒိေနာက္မွာ ေကာင္ေလးလဲ အိပ္ခ်င္သလိုပုံစံမ်ိဳးျဖစ္လာခဲ့ၿပီး အိပ္ေပ်ာ္သြားပါတယ္။
ေကာင္ေလးေရာ ေကာင္မေလးပါ ႏွစ္ဦးစလုံးအိပ္
ေပ်ာ္သြားၿပီ ညေန ၅နာရီေက်ာ္ ေမွာင္စပ်ိဳးခ်ိန္မွ သတိျပန္လည္လာၾကပါတယ္။ အဲ့ဒိအခ်ိန္ ၾကည့္လိုက္ေတာ့ လမ္းမႀကီးရဲ႕ေဘး ၿခဳံစပ္တေနရာကို ေရာက္ေနပါၿပီ။

ပတ္ဝန္းက်င္ကိုၾကည့္လိုက္ေတာ့ ဘုရားေလးတစ္ဆူနဲ႔ဇရပ္ပ်က္တစ္ခုေတြ႕ေတာ့ ဘုန္းႀကီးေက်ာင္းအထင္နဲ႔အားကိုးတႀကီးသြားၾကတယ္၊ ေရာက္ေတာ့မွဘာမွမရွိတာသိရတယ္။

ဇရပ္ထဲမအိပ္ရဲလို႔ဘုရားေလးရင္ျပင္မွာႏွစ္ေယာက္သားငိုရင္းနဲ႔ေမာပီးအိပ္ေပ်ာ္ခဲ့ပါတယ္လို႔ ေျပာပါတယ္။
ဒီဇင္ဘာလ ၂၈ရက္ မိုးလင္းမွကားလမ္းေပၚတက္လာပီးလာသမွ်ကား၊ဆိုင္ကယ္မ်ားကိုအကူညီေတာင္းရန္တားေသာ္လည္းတစ္ေယာက္မွအေရးမလုပ္ၾကပဲေမာင္းသြားၾကလို႔ စိတ္ပ်က္ပီးလူေနအိမ္မ်ားေတြ႕မလားဆိုၿပီး ဇရပ္နားကေန နာရီဝက္

ေလာက္ေလွ်ာက္လိုက္ျပန္လွည့္လာလိုက္ ေနာက္တစ္ဖက္ကိုနာရီဝက္ေလာက္ေလွ်ာက္လိုက္ လူမေတြ႕ေတာ့ျပန္လွည့္လာလိုက္ ကားေတြ ဆိုင္ကယ္ ေတြ တားၾကည့္လိုက္နဲ႔ တစ္ေန႔ထပ္ကုန္ၿပီးမိုးသာခ်ဳပ္တယ္ကယ္သူမဲ့ေနလို႔ ဘုရားေလးနားျပန္လာၿပီးတစ္ညထပ္အိပ္ရျပန္ပါတယ္။

ဒီဇင္ဘာလ ၂၉ရက္ေန႔ နံနက္ေစာေစာမွာႏိုးလာေတာ့ ဒီအတိုင္းေနလို႔ေတာ့အစဥ္ေျပမွာမဟုတ္ဘူးဆိုပီး အရဲစြန္႔လမ္းလွ်ာက္လာၾကရင္းတစ္နာရီေက်ာ္ေလာက္မွ ေမွာ္ဘီ ေျမာင္းတကာ ေဆာက္လုပ္ေရးမွတ္တိုင္အနီး (၃၇မိုင္ ၁ဖာလုံ) မွာ ရွိတဲ့ လမ္းေဘးမုန္႔ဆိုင္ေလးကိုေတြ႕ရတာပါတဲ့၊ အဲ့ဆိုင္ကဦးဝင္းေမာင္ဆိုသူမွ မ်က္ႏွာ ေတြညိဳးငယ္နဲ႔သူတို႔ႏွစ္ေယာက္ကိုေတြ႕လို႔ေခၚေမးမွ အေၾကာင္းစုံေျပာျပၿပီးအကူအညီရရွိကာ မိန္းကေလးရဲ႕ ဖခင္ျဖစ္သူထံအဆက္အသြယ္ရခဲ့ၿပီး လႈိင္သာယာ(အေရွ႕ပိုင္း)
ရဲစခန္းအကူအညီနဲ႔ သြားေရာက္ေခၚယူခဲ့တယ္လို႔ သိရပါတယ္။

သူတို႔ ႏွစ္ဦးလုံးဟာ တကၠစီ ယာဥ္ေမာင္းရဲ႕ တို႔ေဆး အိပ္ေဆး မိၿပီး ပါသြားတာလို႔ ယူဆရၿပီး တကၠစီ ယာဥ္ေမာင္းနဲ႔ စကားေျပာေနရင္း အိပ္ခ်င္လာတာလို႔ ျပန္ေျပာျပပါတယ္။
ကားနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြမမွတ္မိပဲ
ဘာေတြျဖစ္ခဲ့လဲဆိုတာ သတိမရဘူး ေျပာတယ္လို႔ သိရၿပီး ျပန္ႏိုးလာခ်ိန္သူတို႔ႏွစ္ဦးနဲ႔အတူပါလာတဲ့ ပစၥည္းေတြမရွိေတာ့ဘူးလို႔ သိရပါတယ္။

နားကပ္တစ္ရံ၊လက္စြပ္တစ္ကြင္း၊ဖီျခဴးလက္ပတ္ေလးတစ္ခု၊ဖုန္းတစ္လုံး၊ေငြသား၄သိန္းနီးပါး စုစု
ေပါင္းတန္ဖိုး သိန္း ၂၀နီးပါး ပါသြားၿပီး လူထိ ခိုက္ထားတာေတာ့မရွိခဲ့ဘူးလို႔ သိရပါတယ္။
တကၠစီ စီးသူမ်ားကိုလည္း ယခုအျဖစ္မ်ိဳးေနာက္
ထပ္မျဖစ္ေစရန္ အထူးသတိထား ဂ႐ုစိုက္ၾကရန္ မိန္းကေလးရဲ႕ ဖခင္က အသိေပးစကားဆိုထားပါတယ္။

လူငယ္ႏွစ္ဦး စေပ်ာက္ခ်ိန္က လႈိင္သာယာ(အေရွ႕ပိုင္း) ရဲစခန္းမွာ အမႈဖြင့္တိုင္တန္းထားၿပီး အခုအခါ ႏွစ္ဦးလုံးကို အႏၲရာယ္ကင္းစြာျပန္လည္ေတြ႕ရွိခဲ့လို႔ အမႈပိတ္သိမ္းခဲ့တယ္လို႔ မိန္းကေလးရဲ႕ ဖခင္ထံမွ သိရွိရပါတယ္။

#North Okkalapa Information စာဖတ္ပရိတ္သတ္မ်ားကို အသိေပးျခင္း
ယခုကာလတြင္ အျပင္သို႔ တစ္ဦးထဲ သြားမည္ဆိုပါက ကိုယ္သြားမည့္ေနရာတြင္ရွိေနမည့္သူ(သို႔) မိမိအိမ္တြင္ရွိေနမည့္သူ(သို႔) ခင္မင္ရင္းႏွီးရသူတစ္ဦးဦးႏွင့္ ဆက္သြယ္ထားရန္ အသိေပးလိုပါတယ္။

ကိုယ္နဲ႔ အသိမဟုတ္တဲ့ လမ္းသြား လမ္းလာ တကၠစီကို စီးမည္ဆိုပါက ကားနံပါတ္၊ ကားအမ်ိဳးအစား၊ အခ်ိဳ႕ကားမ်ားတြင္ ကားေခါင္းခန္း ပါစင္ဂ်ာထိုင္သည့္ေနရာေရွ႕တြင္ ယာဥ္ေမာင္း၏ ကိုယ္ေရးအက်ဥ္းေရးထားတက္တာေၾကာင့္ အဲ့ဒိအခ်က္
အလက္မ်ားကို အထက္မွာေဖာ္ျပထားေသာ သူတစ္ဦးဦးထံ အသိေပးအေၾကာင္းၾကားရန္လဲ အသိေပးလိုပါတယ္။
ဓါတ္ပုံ – ေျမာင္းတကာ ေဆာက္လုပ္ေရးမွတ္တိုင္အနီး (၃၇မိုင္ ၁ဖာလုံ) မွာ ရွိတဲ့မုန္႔ဆိုင္မွာ သြား
ေရာက္ေခၚယူစဥ္။
#ေပ်ာက္ေနသူႏွစ္ဦးျပန္ေတြ႕
crd

Unicode
အဆက်အသွယ်ပျက်ပြီး ပျောက်နေတဲ့ လူငယ်ဇနီးမောင်နှံ ပြန်တွေ့ပြီ၊ သူတို့နှစ်ဦးဘယ်လို ပျောက်ပြီး ဘယ်လို ပြန်တွေ့ခဲ့ကြလဲ..?

ဒီဇင်ဘာ ၂၉၊ ၂၀၂၂။
North Okkalapa Information
၂ရက်ကြာ အိမ်နဲ့ အဆက်အသွယ်မရပဲ ပျောက်နေတဲ့ လူငယ်ဇနီးမောင်နှံ နှစ်ဦး ဒီဇင်ဘာလ ၂၉ရက် ဒီကနေ့ နံနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ မိသားစုများထံမှ သိရပါတယ်။

အသက် ၁၉နှစ်အရွယ်ရှိ မောင်ထက်အာကာထွန်း
(ခ)ဒေါ်လာနှင့် ဇနီးဖြစ်သူ အသက် ၁၈နှစ်အရွယ် မမြတ်သိမ်မွေ့ထွန်း(ခ)ဂျူးဂျူး တို့ ဇနီးမောင်နှံနှစ်ဦးဟာ ဒီဇင်ဘာလ ၂၇ရက်နေ့ကစလို့ အိမ်နဲ့ အဆက်
အသွယ်ပျက်ပြီးပျောက်နေခဲ့တာပါ။

ဘယ်လို ပျောက်ခဲ့တာလဲ
ဒီဇင်ဘာလ ၂၇ရက်နေ့ နေ့လည် ၁၂နာရီအချိန်က
သူတို့ နှစ်ယောက်ဟာ ကောင်လေးနေအိမ်ရှိရာ လှိုင်သာယာ မီးခွက်ဈေးအနီးက လမ်းသွားလမ်းလာ တက္ကစီတစ်စီးကို ငှားပြီး မြောက်ဥက္ကလာပ ဓမ္မရုံမှတ်တိုင်ကို လာခဲ့ကြပါတယ်။
မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်မှာ ရှိတဲ့ ကောင်မလေးရဲ့ မိဘအိမ်ကို အလည်လာခဲ့ကြတာပါ။

နေ့လည် ၂နာရီ ဝန်းကျင်မှာ မြောက်ဥက္ကလာပ (ဃ)ဈေးအနီးသို့ ရောက်နေပြီဖြစ်ပြီး အိမ်သို့ရောက်ခါနီးပြီဖြစ်ကြောင်း ကောင်မလေးကသူ့ရဲ့ မိဘကို ဖုန်းဆက်ပြောခဲ့ပါတယ်။
သို့သော် အဲ့ဒိနေ့ထဲက အိမ်ကိုရောက်ရှိလာခြင်းမရှိပဲ အဲ့ဒိအချိန်က နောက်ဆုံးအဆက်အသွယ်ရခဲ့တာဖြစ်ပြီး အဲ့ဒိနောက်မှာ ဆက်သွယ်လို့မရတော့ပဲ ပျောက်
ဆုံးနေခဲ့တာပါ။

ဘယ်လို ပြန်တွေ့ခဲ့ကြတာလဲ၊ ဘယ်လိုတွေ့ကြုံခဲ့ရတာလဲ
ဒီဇင်ဘာလ ၂၉ရက် ဒီကနေ့ မနက်ပိုင်းမှာ သူတို့ နှစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပြန်ရခဲ့ကြပါတယ်။
စပျောက်သည့်နေ့က မိဘထံကို ဖုန်းပြောပြီးနောက် မူးတယ် အိပ်ချင်တယ်ဟုဆိုကာ ကောင်မလေးက အိပ်ပျော်သွားပြီး ကောင်လေးက တက္ကစီယာဉ်
မောင်းနဲ့ ဆက်လက်ပြီး စကားပြောနေခဲ့ကြပါတယ်။

အဲ့ဒိနောက်မှာ ကောင်လေးလဲ အိပ်ချင်သလိုပုံစံမျိုးဖြစ်လာခဲ့ပြီး အိပ်ပျော်သွားပါတယ်။
ကောင်လေးရော ကောင်မလေးပါ နှစ်ဦးစလုံးအိပ်
ပျော်သွားပြီ ညနေ ၅နာရီကျော် မှောင်စပျိုးချိန်မှ သတိပြန်လည်လာကြပါတယ်။ အဲ့ဒိအချိန် ကြည့်လိုက်တော့ လမ်းမကြီးရဲ့ဘေး ခြုံစပ်တနေရာကို ရောက်နေပါပြီ။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဘုရားလေးတစ်ဆူနဲ့ဇရပ်ပျက်တစ်ခုတွေ့တော့ ဘုန်းကြီးကျောင်းအထင်နဲ့အားကိုးတကြီးသွားကြတယ်၊ ရောက်တော့မှဘာမှမရှိတာသိရတယ်။

ဇရပ်ထဲမအိပ်ရဲလို့ဘုရားလေးရင်ပြင်မှာနှစ်ယောက်သားငိုရင်းနဲ့မောပီးအိပ်ပျော်ခဲ့ပါတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလ ၂၈ရက် မိုးလင်းမှကားလမ်းပေါ်တက်လာပီးလာသမျှကား၊ဆိုင်ကယ်များကိုအကူညီတောင်းရန်တားသော်လည်းတစ်ယောက်မှအရေးမလုပ်ကြပဲမောင်းသွားကြလို့ စိတ်ပျက်ပီးလူနေအိမ်များတွေ့မလားဆိုပြီး ဇရပ်နားကနေ နာရီဝက်

လောက်လျှောက်လိုက်ပြန်လှည့်လာလိုက် နောက်တစ်ဖက်ကိုနာရီဝက်လောက်လျှောက်လိုက် လူမတွေ့တော့ပြန်လှည့်လာလိုက် ကားတွေ ဆိုင်ကယ် တွေ တားကြည့်လိုက်နဲ့ တစ်နေ့ထပ်ကုန်ပြီးမိုးသာချုပ်တယ်ကယ်သူမဲ့နေလို့ ဘုရားလေးနားပြန်လာပြီးတစ်ညထပ်အိပ်ရပြန်ပါတယ်။

ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက်စောစောမှာနိုးလာတော့ ဒီအတိုင်းနေလို့တော့အစဥ်ပြေမှာမဟုတ်ဘူးဆိုပီး အရဲစွန့်လမ်းလျှာက်လာကြရင်းတစ်နာရီကျော်လောက်မှ မှော်ဘီ မြောင်းတကာ ဆောက်လုပ်ရေးမှတ်တိုင်အနီး (၃၇မိုင် ၁ဖာလုံ) မှာ ရှိတဲ့ လမ်းဘေးမုန့်ဆိုင်လေးကိုတွေ့ရတာပါတဲ့၊ အဲ့ဆိုင်ကဦးဝင်းမောင်ဆိုသူမှ မျက်နှာ တွေညိုးငယ်နဲ့သူတို့နှစ်ယောက်ကိုတွေ့လို့ခေါ်မေးမှ အကြောင်းစုံပြောပြပြီးအကူအညီရရှိကာ မိန်းကလေးရဲ့ ဖခင်ဖြစ်သူထံအဆက်အသွယ်ရခဲ့ပြီး လှိုင်သာယာ(အရှေ့ပိုင်း)
ရဲစခန်းအကူအညီနဲ့ သွားရောက်ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

သူတို့ နှစ်ဦးလုံးဟာ တက္ကစီ ယာဉ်မောင်းရဲ့ တို့ဆေး အိပ်ဆေး မိပြီး ပါသွားတာလို့ ယူဆရပြီး တက္ကစီ ယာဉ်မောင်းနဲ့ စကားပြောနေရင်း အိပ်ချင်လာတာလို့ ပြန်ပြောပြပါတယ်။
ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေမမှတ်မိပဲ
ဘာတွေဖြစ်ခဲ့လဲဆိုတာ သတိမရဘူး ပြောတယ်လို့ သိရပြီး ပြန်နိုးလာချိန်သူတို့နှစ်ဦးနဲ့အတူပါလာတဲ့ ပစ္စည်းတွေမရှိတော့ဘူးလို့ သိရပါတယ်။

နားကပ်တစ်ရံ၊လက်စွပ်တစ်ကွင်း၊ဖီခြူးလက်ပတ်လေးတစ်ခု၊ဖုန်းတစ်လုံး၊ငွေသား၄သိန်းနီးပါး စုစု
ပေါင်းတန်ဖိုး သိန်း ၂၀နီးပါး ပါသွားပြီး လူထိ ခိုက်ထားတာတော့မရှိခဲ့ဘူးလို့ သိရပါတယ်။
တက္ကစီ စီးသူများကိုလည်း ယခုအဖြစ်မျိုးနောက်
ထပ်မဖြစ်စေရန် အထူးသတိထား ဂရုစိုက်ကြရန် မိန်းကလေးရဲ့ ဖခင်က အသိပေးစကားဆိုထားပါတယ်။

လူငယ်နှစ်ဦး စပျောက်ချိန်က လှိုင်သာယာ(အရှေ့ပိုင်း) ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းထားပြီး အခုအခါ နှစ်ဦးလုံးကို အန္တရာယ်ကင်းစွာပြန်လည်တွေ့ရှိခဲ့လို့ အမှုပိတ်သိမ်းခဲ့တယ်လို့ မိန်းကလေးရဲ့ ဖခင်ထံမှ သိရှိရပါတယ်။

#North Okkalapa Information စာဖတ်ပရိတ်သတ်များကို အသိပေးခြင်း
ယခုကာလတွင် အပြင်သို့ တစ်ဦးထဲ သွားမည်ဆိုပါက ကိုယ်သွားမည့်နေရာတွင်ရှိနေမည့်သူ(သို့) မိမိအိမ်တွင်ရှိနေမည့်သူ(သို့) ခင်မင်ရင်းနှီးရသူတစ်ဦးဦးနှင့် ဆက်သွယ်ထားရန် အသိပေးလိုပါတယ်။

ကိုယ်နဲ့ အသိမဟုတ်တဲ့ လမ်းသွား လမ်းလာ တက္ကစီကို စီးမည်ဆိုပါက ကားနံပါတ်၊ ကားအမျိုးအစား၊ အချို့ကားများတွင် ကားခေါင်းခန်း ပါစင်ဂျာထိုင်သည့်နေရာရှေ့တွင် ယာဉ်မောင်း၏ ကိုယ်ရေးအကျဉ်းရေးထားတက်တာကြောင့် အဲ့ဒိအချက်
အလက်များကို အထက်မှာဖော်ပြထားသော သူတစ်ဦးဦးထံ အသိပေးအကြောင်းကြားရန်လဲ အသိပေးလိုပါတယ်။
ဓါတ်ပုံ – မြောင်းတကာ ဆောက်လုပ်ရေးမှတ်တိုင်အနီး (၃၇မိုင် ၁ဖာလုံ) မှာ ရှိတဲ့မုန့်ဆိုင်မှာ သွား
ရောက်ခေါ်ယူစဉ်။
#ပျောက်နေသူနှစ်ဦးပြန်တွေ့

 

Crd