အစၥေရးေျမေပၚသို႔ ဒုံးက်ည္ပစ္လြတ္ခဲ့ၿပီးေနာက္ ပါလက္စတိုင္းရဲ႕ ဂါဇာစစ္စခန္းကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားတရဆတ္တိုက္ခိုက္…

News Social News

အစၥေရးေျမေပၚသို႔ ဒုံးက်ည္ပစ္လြတ္ခဲ့ၿပီးေနာက္ ပါလက္စတိုင္းရဲ႕ ဂါဇာစစ္စခန္းကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားတရဆတ္တိုက္ခိုက္…

ဒုံးက်ည္ တိုက္ခိုက္ခံရၿပီးေနာက္ ဂါဇာရွိ စစ္စခန္းကို အစၥေရးက ေလေၾကာင္းတိုက္ခိုက္

အစၥေရးပိုင္နက္ကို ဒုံးက်ည္တိုက္ခိုက္ခံရၿပီးေနာက္ ဂါဇာကမ္းေျမာင္ရွိ လက္နက္ထုတ္လုပ္ေရး စခန္းတစ္ခုကို အစၥေရး စစ္ေလယာဥ္မ်ားျဖင့္ စေနေန႔ အေစာပိုင္းတြင္ တိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာသည္။

အစၥေရးႏွင့္ သိမ္းပိုက္ခံ အေနာက္ဘက္ကမ္းဆီ အေမရိကန္သမၼတ ဂ်ိဳး ဘိုင္ဒင္ လာေရာက္ခဲ့ၿပီးေနာက္ နာရီပိုင္းအတြင္း ယခုကဲ့သို႔ အျပန္အလွန္ တိုက္ခိုက္မႈ ျဖစ္ပြားျခင္း ျဖစ္သည္။

“အခ်ိန္တိုအတြင္းမွာပဲ အစၥေရးစစ္တပ္ တိုက္ေလယာဥ္ေတြဟာ ဂါဇာကမ္းေျမာက္ အလယ္ပိုင္းက ဟားမတ္စ္စစ္ေသြးႂကြေတြ ပိုင္ဆိုင္တဲ့ စစ္စခန္းတစ္ခုကို တိုက္ခိုက္ခဲ့တယ္”ဟု စစ္တပ္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“ဒီ စစ္စခန္းဟာ ဒုံးက်ည္ေတြ ထုတ္လုပ္ဖို႔အတြက္ ကုန္ၾကမ္းေတြ ထားထားတဲ့ ေျမေအာက္စခန္းတစ္လုံး ပါရွိေနတာ ျဖစ္တယ္”ဟု ယင္း ထုတ္ျပန္ခ်က္၌ ဆိုၿပီး ယင္းသို႔ေသာ စခန္းမ်ိဳးမ်ား အဆိုပါ
ေဒသတြင္ အမ်ားအျပားရွိေနသည္ဟု ေဖာ္ျပသည္။

“ဒီ စခန္းကို တိုက္ခိုက္ၿပီး ဟားမတ္စ္ေတြရဲ႕ အင္အားတည္ေဆာက္ေရး စြမ္းေဆာင္ရည္ကို ၾကန႔္ၾကာေစ၊ ယိုင္နဲ႔ေစမွာ ျဖစ္ပါတယ္”ဟု ယင္းက ဆိုၿပီး အစၥေရးပိုင္နက္ကို ဂါဇာကမ္းေျမာင္ဘက္မွ တိုက္ခိုက္ျခင္းကို လက္တုံ႔ျပန္ျခင္းျဖစ္သည္ဟု ျဖည့္စြက္ဆိုသည္။

ညပိုင္းက သီးျခားပစ္လႊတ္မႈ ႏွစ္ရပ္မွေန၍ ဒုံးက်ည္ႏွစ္စင္းဆီ အစၥေရးပိုင္နက္ထဲသို႔ ပစ္လႊတ္တိုက္ခိုက္လာျခင္းျဖစ္သည္ဟု စစ္တပ္က ေျပာသည္။

အက္ရွ္ကီလြန္ၿမိဳ႕ႏွင့္ ေတာင္ပိုင္းနယ္ေျမတို႔တြင္ ညပိုင္းက ေဒသခံမ်ားသို႔ ဒုံးက်ည္သတိေပး ဥဩသံမ်ား ယင္းက အခ်က္ေပးဆြဲခဲ့ရသည္။

ဒုံးက်ည္မ်ားမွ တစ္စင္းကို ၾကားဖ်က္ပစ္ခ်ႏိုင္ၿပီး က်န္ သုံးစင္းက ေျမလြတ္ေပၚ က်ေရာက္ခဲ့ျခင္းျဖစ္သည္ဟု အစၥေရးစစ္တပ္က ေျပာသည္။

ျပႆနာဒုကၡမ်ားေသာ ဂါဇာတြင္ အစၥလာမၼစ္လႈပ္ရွားမႈအဖြဲ႕ အာဏာရလာခ်ိန္ ၂၀၀၇ ခုႏွစ္မွစၿပီး အစၥေရးပိတ္ဆို႔မႈေအာက္ ပါလက္စတိုင္း ၂ ဒသမ ၃ သန္း ေနထိုင္လ်က္ ရွိသည္။

Crd…MoeWinOo
Unicode
အစ္စရေးမြေပေါ်သို့ ဒုံးကျည်ပစ်လွတ်ခဲ့ပြီးနောက် ပါလက်စတိုင်းရဲ့ ဂါဇာစစ်စခန်းကို လေကြောင်းတိုက်ခိုက်မှုများတရဆတ်တိုက်ခိုက်…

ဒုံးကျည် တိုက်ခိုက်ခံရပြီးနောက် ဂါဇာရှိ စစ်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက်

အစ္စရေးပိုင်နက်ကို ဒုံးကျည်တိုက်ခိုက်ခံရပြီးနောက် ဂါဇာကမ်းမြောင်ရှိ လက်နက်ထုတ်လုပ်ရေး စခန်းတစ်ခုကို အစ္စရေး စစ်လေယာဉ်များဖြင့် စနေနေ့ အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

အစ္စရေးနှင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဆီ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် လာရောက်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

“အချိန်တိုအတွင်းမှာပဲ အစ္စရေးစစ်တပ် တိုက်လေယာဉ်တွေဟာ ဂါဇာကမ်းမြောက် အလယ်ပိုင်းက ဟားမတ်စ်စစ်သွေးကြွတွေ ပိုင်ဆိုင်တဲ့ စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တယ်”ဟု စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒီ စစ်စခန်းဟာ ဒုံးကျည်တွေ ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေ ထားထားတဲ့ မြေအောက်စခန်းတစ်လုံး ပါရှိနေတာ ဖြစ်တယ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဆိုပြီး ယင်းသို့သော စခန်းမျိုးများ အဆိုပါ
ဒေသတွင် အများအပြားရှိနေသည်ဟု ဖော်ပြသည်။

“ဒီ စခန်းကို တိုက်ခိုက်ပြီး ဟားမတ်စ်တွေရဲ့ အင်အားတည်ဆောက်ရေး စွမ်းဆောင်ရည်ကို ကြန့်ကြာစေ၊ ယိုင်နဲ့စေမှာ ဖြစ်ပါတယ်”ဟု ယင်းက ဆိုပြီး အစ္စရေးပိုင်နက်ကို ဂါဇာကမ်းမြောင်ဘက်မှ တိုက်ခိုက်ခြင်းကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ဆိုသည်။

ညပိုင်းက သီးခြားပစ်လွှတ်မှု နှစ်ရပ်မှနေ၍ ဒုံးကျည်နှစ်စင်းဆီ အစ္စရေးပိုင်နက်ထဲသို့ ပစ်လွှတ်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု စစ်တပ်က ပြောသည်။

အက်ရှ်ကီလွန်မြို့နှင့် တောင်ပိုင်းနယ်မြေတို့တွင် ညပိုင်းက ဒေသခံများသို့ ဒုံးကျည်သတိပေး ဥဩသံများ ယင်းက အချက်ပေးဆွဲခဲ့ရသည်။

ဒုံးကျည်များမှ တစ်စင်းကို ကြားဖျက်ပစ်ချနိုင်ပြီး ကျန် သုံးစင်းက မြေလွတ်ပေါ် ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

ပြဿနာဒုက္ခများသော ဂါဇာတွင် အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ အာဏာရလာချိန် ၂၀၀၇ ခုနှစ်မှစပြီး အစ္စရေးပိတ်ဆို့မှုအောက် ပါလက်စတိုင်း ၂ ဒသမ ၃ သန်း နေထိုင်လျက် ရှိသည်။

Crd…MoeWinOo

Crd