အစပ်အစားအစာကို အလွန်အကျွံစားခြင်းကြောင့် ပိန်လွန်းပြီး ဆရာဝန်ဆီ စစ်ဆေးခဲ့ရာ နံရိုး ၄ ချောင်းကျိုးနေတာကိုတွေ့ရှိတဲ့ မိန်းကလေး

အစပ်အစာစားခြင်းက နှာစေး၊ ချောင်းဆိုးလောက်ဘဲဖြစ်နိုင်ပေမယ့် မထင်မှတ်ထားတဲ့ ဆိုဝါးတဲ့အရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ စပ်သောအစားအစာကြောင့် အရိုးကျိုးသွားတဲ့ မိန်းကလေးတစ်ဦးအကြောင်း မျှဝေပေးချင်ပါတယ်။ ရှန်ဟိုင်းမြို့က တရုတ်အမျိုးသမီးတစ်ဦးရဲ့ အဖြစ်အပျက်က ပိန်လွန်းပြီး ကြွက်သားတွေ အားနည်းတာကြောင့် ဆရာဝန်ဆီသွားစစ်ဆေးလိုက်တဲ့အခါမှာ နံရိုး ၄ ချောင်းထက် မနည်း ကျိုးသွားခဲ့ပါတယ်။

ပြည်တွင်းမီဒီယာများရဲ့ ဖော်ပြချက်အရ Wang အမည်ရ အမျိုးသမီးတစ်ဦးဟာ သူရဲ့မွေးရပ်မြေ ရှန်ဟိုင်းမှာ ဆရာဝန်ထံ သွားရောက်ပြသခဲ့ကြောင်း သိရပါတယ်။ သူမက အစပ်အစာစားတာနဲ့ တစ်ကြိမ် ချောင်းဆိုးလာပါတယ်။ ပြင်းပြင်းထန်ထန် ချောင်းဆိုးနေစဉ် ရင်ဘတ်မှ စူးစူးရှရှ အသံတစ်ခု ကြားလိုက်ရတယ်လို့ အမျိုးသမီးက ပြောပါတယ်။ အသက်ရှုပြီး စကားပြောဖို့ ကြိုးစားတဲ့အခါ နာကျင်မှုကို ချက်ခြင်းခံစားရပြီး ဆေးရုံကို အရေးပေါ် ကုသဖို့ အမြန်သွားခဲ့ရပါတယ်။ ဆရာဝန်တွေက ဓာတ်မှန်ရိုက်ပြီး ညာဘက်မှာ နံရိုး ၃ ချောင်း ကျိုးနေပြီး ဘယ်ဘက်မှာ ၁ ချက်၊ တခြားအရိုးကျိုးတာတွေ တွေ့ခဲ့ရပါတယ်။

အမျိုးသမီးက ချောင်းဆိုးတာကို ကြားပြီးနောက် ဆရာဝန်က အရိုးသိပ်သည်းဆကို စမ်းသပ်ခဲ့ပါတယ်။ အဆိုပါ ရလဒ်ဟာ ပုံမှန်အတိုင်း ထွက်ပေါ်လာခြင်းဖြစ်ပြီး အမျိုးသမီးအစစ်ဆေးအခါမှာ မူမမှန်မှုများ မတွေ့ရှိရကြောင်းနဲ့ ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ရင်ခေါင်းခွဲစိတ်ဆရာဝန်က ဒီအမျိုးသမီးဟာ ပိန်လွန်းပြီး သူမရဲ့နံရိုးများကို ရှင်းရှင်းလင်းလင်းမြင်နိုင်သောကြောင့် ကြွက်သားများ အားနည်းနေကြောင်း ကောက်ချက်ချခဲ့ပါတယ်။ ပြင်ထန်စွာချောင်းဆိုးခြင်းကြောင့် အရိုးကျိုးလွယ်စေတာပါ။ သူမဟာ အနာဂတ်မှာအလားတူ အရိုးကျိုးနိုင်ဖွယ်ရှိသေးတယ်လို့ ဆရာဝန်က ဆိုပါတယ်။

JRose(Tgidailynews)

Zawgyi

အစပ္အစားအစာကို အလြန္အကြၽံစားျခင္းေၾကာင့္ ပိန္လြန္းၿပီး ဆရာဝန္ဆီ စစ္ေဆးခဲ့ရာ နံ႐ိုး ၄ ေခ်ာင္းက်ိဳးေနတာကိုေတြ႕ရွိတဲ့ မိန္းကေလး

အစပ္အစာစားျခင္းက ႏွာေစး၊ ေခ်ာင္းဆိုးေလာက္ဘဲျဖစ္ႏိုင္ေပမယ့္ မထင္မွတ္ထားတဲ့ ဆိုဝါးတဲ့အရာတစ္ခု ျဖစ္သြားႏိုင္ပါတယ္။ စပ္ေသာအစားအစာေၾကာင့္ အ႐ိုးက်ိဳးသြားတဲ့ မိန္းကေလးတစ္ဦးအေၾကာင္း မွ်ေဝေပးခ်င္ပါတယ္။ ရွန္ဟိုင္းၿမိဳ႕က တ႐ုတ္အမ်ိဳးသမီးတစ္ဦးရဲ႕ အျဖစ္အပ်က္က ပိန္လြန္းၿပီး ႂကြက္သားေတြ အားနည္းတာေၾကာင့္ ဆရာဝန္ဆီသြားစစ္ေဆးလိုက္တဲ့အခါမွာ နံ႐ိုး ၄ ေခ်ာင္းထက္ မနည္း က်ိဳးသြားခဲ့ပါတယ္။

ျပည္တြင္းမီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ Wang အမည္ရ အမ်ိဳးသမီးတစ္ဦးဟာ သူရဲ႕ေမြးရပ္ေျမ ရွန္ဟိုင္းမွာ ဆရာဝန္ထံ သြားေရာက္ျပသခဲ့ေၾကာင္း သိရပါတယ္။ သူမက အစပ္အစာစားတာနဲ႔ တစ္ႀကိမ္ ေခ်ာင္းဆိုးလာပါတယ္။ ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးေနစဥ္ ရင္ဘတ္မွ စူးစူးရွရွ အသံတစ္ခု ၾကားလိုက္ရတယ္လို႔ အမ်ိဳးသမီးက ေျပာပါတယ္။ အသက္ရႈၿပီး စကားေျပာဖို႔ ႀကိဳးစားတဲ့အခါ နာက်င္မႈကို ခ်က္ျခင္းခံစားရၿပီး ေဆး႐ုံကို အေရးေပၚ ကုသဖို႔ အျမန္သြားခဲ့ရပါတယ္။ ဆရာဝန္ေတြက ဓာတ္မွန္႐ိုက္ၿပီး ညာဘက္မွာ နံ႐ိုး ၃ ေခ်ာင္း က်ိဳးေနၿပီး ဘယ္ဘက္မွာ ၁ ခ်က္၊ တျခားအ႐ိုးက်ိဳးတာေတြ ေတြ႕ခဲ့ရပါတယ္။

အမ်ိဳးသမီးက ေခ်ာင္းဆိုးတာကို ၾကားၿပီးေနာက္ ဆရာဝန္က အ႐ိုးသိပ္သည္းဆကို စမ္းသပ္ခဲ့ပါတယ္။ အဆိုပါ ရလဒ္ဟာ ပုံမွန္အတိုင္း ထြက္ေပၚလာျခင္းျဖစ္ၿပီး အမ်ိဳးသမီးအစစ္ေဆးအခါမွာ မူမမွန္မႈမ်ား မေတြ႕ရွိရေၾကာင္းနဲ႔ ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ရင္ေခါင္းခြဲစိတ္ဆရာဝန္က ဒီအမ်ိဳးသမီးဟာ ပိန္လြန္းၿပီး သူမရဲ႕နံ႐ိုးမ်ားကို ရွင္းရွင္းလင္းလင္းျမင္ႏိုင္ေသာေၾကာင့္ ႂကြက္သားမ်ား အားနည္းေနေၾကာင္း ေကာက္ခ်က္ခ်ခဲ့ပါတယ္။ ျပင္ထန္စြာေခ်ာင္းဆိုးျခင္းေၾကာင့္ အ႐ိုးက်ိဳးလြယ္ေစတာပါ။ သူမဟာ အနာဂတ္မွာအလားတူ အ႐ိုးက်ိဳးႏိုင္ဖြယ္ရွိေသးတယ္လို႔ ဆရာဝန္က ဆိုပါတယ္။

JRose(Tgidailynews)

Crd