အင္းေလးအတိုင္း ရန္ကုန္ၿမိဳ႕မွာ ပထမဆုံးေရေပၚညေစ်း မၾကာမီဖြင့္လွစ္မည္

အင္းေလးအတိုင္း ရန္ကုန္ၿမိဳ႕မွာ ပထမဆုံးေရေပၚညေစ်း မၾကာမီဖြင့္လွစ္မည္

ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဆုံးေရေပၚညေဈးကို ဗိုလ္တေထာင္ဘုရားအနီးဆိပ္ခံတံတားအမွတ္(၅) Love Boat Bridge မွာ ဖြင့္လွစ္သြားမယ္လို႔ ညေဈးစီစဥ္တဲ့ ေတာ္ဝင္ခ်မ္းသာကုမၸဏီမွသိရပါတယ္။

ညေဈးမွာရန္ကုန္ျမစ္ရဲ႕အလွအပေတြကို ၾကည့္ရင္း႐ိုးရာအစားအစာေတြေဖာ္ထုတ္သြားမွာျဖစ္သလို တိုင္းရင္းသား႐ိုးရာအစားအစာေရာင္းခ်မယ့္သူေတြကို ႐ိုးရာဝတ္စုံေတြဝတ္ၿပီးမွေရာင္းခ်ေစမွာျဖစ္ကာ ေဈးပြဲေတာ္ရက္မွာအင္းေလးလိုမ်ိဳးေလွေတြ၊ ႐ိုး႐ိုးေလွေတြနဲ႔ ပါဝင္ျပသသြားမယ္လို႔သိရပါတယ္။

ေရေပၚညေဈးကိုေအာက္တိုဘာ ၃၁ ရက္မွ ႏိုဝင္ဘာ ၈ ရက္အထိ ညေန ၃ နာရီမွ ည ၉ နာရီထိ ဖြင့္လွစ္ေရာင္းခ်သြားမွာျဖစ္ၿပီး ဆိုင္ခန္း ၃၀ ပါဝင္ျပသေရာင္းခ်မယ္လို႔သိရပါတယ္။ဆိုင္ခန္းခမွာ အခမဲ့ျဖစ္ၿပီး

အစားအေသာက္တည္ခင္းေရာင္းခ်ႏိုင္မယ့္လွည္းပုံစံထုတ္ေပးမွာျဖစ္ကာလွည္းရဲ႕ေနရာထားခကိုတစ္ရက္ ၃၀၀၀၀ က်ပ္၊ေရနဲ႔ မီးစားသုံးသူေတြရဲ႕ေနရာထိုင္ခင္းကိုေတာ့ကုမၸဏီဘက္ကစီစဥ္ေပးမွာျဖစ္လို႔ မည္သူမဆိုလာေရာက္စုံစမ္းေရာင္းခ်ႏိုင္တယ္လို႔သိရပါတယ္။
crd

Unicode
အင်းလေးအတိုင်း ရန်ကုန်မြို့မှာ ပထမဆုံးရေပေါ်ညစျေး မကြာမီဖွင့်လှစ်မည်

ရန်ကုန်မြို့ရဲ့ ပထမဆုံးရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီးဆိပ်ခံတံတားအမှတ်(၅) Love Boat Bridge မှာ ဖွင့်လှစ်သွားမယ်လို့ ညဈေးစီစဉ်တဲ့ တော်ဝင်ချမ်းသာကုမ္ပဏီမှသိရပါတယ်။

ညဈေးမှာရန်ကုန်မြစ်ရဲ့အလှအပတွေကို ကြည့်ရင်းရိုးရာအစားအစာတွေဖော်ထုတ်သွားမှာဖြစ်သလို တိုင်းရင်းသားရိုးရာအစားအစာရောင်းချမယ့်သူတွေကို ရိုးရာဝတ်စုံတွေဝတ်ပြီးမှရောင်းချစေမှာဖြစ်ကာ ဈေးပွဲတော်ရက်မှာအင်းလေးလိုမျိုးလှေတွေ၊ ရိုးရိုးလှေတွေနဲ့ ပါဝင်ပြသသွားမယ်လို့သိရပါတယ်။

ရေပေါ်ညဈေးကိုအောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ညနေ ၃ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဆိုင်ခန်း ၃၀ ပါဝင်ပြသရောင်းချမယ်လို့သိရပါတယ်။ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ပြီး

အစားအသောက်တည်ခင်းရောင်းချနိုင်မယ့်လှည်းပုံစံထုတ်ပေးမှာဖြစ်ကာလှည်းရဲ့နေရာထားခကိုတစ်ရက် ၃၀၀၀၀ ကျပ်၊ရေနဲ့ မီးစားသုံးသူတွေရဲ့နေရာထိုင်ခင်းကိုတော့ကုမ္ပဏီဘက်ကစီစဉ်ပေးမှာဖြစ်လို့ မည်သူမဆိုလာရောက်စုံစမ်းရောင်းချနိုင်တယ်လို့သိရပါတယ်။
crd

Crd